Thursday, August 6, 2020

တပ်ကုန်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

တပ်ကုန်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၆


နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)ဖွဲ့ဝင် များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် အဖွဲ့ဝင်များက တပ်ကုန်းမြို့နယ်၊ ကျားသေအိုင်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် များ၏ တင်ပြချက် များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ အမယ် ၄ မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ပဲများကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment