Thursday, August 6, 2020

အေးသာယာမြို့နှင့် ရွှေညောင်မြို့တို့ရှိ အခြေခံပညာကျောင်းများသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

အေးသာယာမြို့နှင့် ရွှေညောင်မြို့တို့ရှိ အခြေခံပညာကျောင်းများသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်းသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းများ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုး တော်ဆောင်အဖွဲ့များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြား သည်။ ထို့နောက် တိုင်းမှူးက COVID-19 ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ၂၄၀၀ ခုနှင့် Hand Gel ၂၀၀ ဘူးတို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီး များ က လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment