Wednesday, August 12, 2020

ပုဗ္ဗသီရီမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်

ပုဗ္ဗသီရီမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ သြဂုတ် - ၁၂


နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက ဝဲကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ လက်ဆောင်ပစ္စည်းများနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ဖွယ် ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment