Wednesday, August 12, 2020

ပြည်မြို့ရှိ ခေတ္တရာရိုးရာခြင်းလုံးအသင်း၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့မှ အသင်းသား အားကစားသမားများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

ပြည်မြို့ရှိ ခေတ္တရာရိုးရာခြင်းလုံးအသင်း၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့မှ အသင်းသား အားကစားသမား များ အား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၂


COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုကန့်သတ်ချက်များရှိလာသဖြင့် စားသောက်ရေး အထောက်အကူဖြစ်စေရန် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာဝါဆိုခြင်းလုံးအသင်း၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့မှ အသင်းသားအားကစားသမားများ အတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါခြင်းလုံး အသင်းအားကစားခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ ဗိုလ်မှူးကြီး အောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့မှ အသင်းသားအားကစားသမားများ တက်ရောက် ကြသည်။

ဦးစွာ ဗိုလ်မှူးကြီး အောင်နိုင်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် ပြည်တပ်နယ်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့မှ အသင်းသားအားကစားသမား ၇၅ ဦးအတွက် ဆန် ၁၈ အိတ်၊ ဆီ ၂၂ ပိဿာ၊ ဆား ၃၇ ပိဿာ၊ ပဲ ၁ အိတ်တို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ အားကစားအသင်းမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment