Tuesday, June 30, 2020

တောင်တွင်းမြို့နယ်ရှိ၊ ပြည်သူ့ဆေးရုံကြီးတွင်တန်ဖိုးသင့် ထမင်းဟင်းလျာများ ရောင်းချ

တောင်တွင်းမြို့နယ်ရှိ၊ ပြည်သူ့ဆေးရုံကြီးတွင်တန်ဖိုးသင့် ထမင်းဟင်းလျာများ ရောင်းချ
ဇူလိုင် ၁

Image may contain: one or more people and people standing
COVID-19 ရောဂါကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း မကွေးတပ်နယ်ကွပ်ကဲမှုအောက်၊ အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တောင်တွင်းကြီးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက် ကုသမှု ခံယူနေသော လူနာ/လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် တန်ဖိုးသင့် ထမင်း/ဟင်းလျာများရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
Image may contain: 2 people, people standing and outdoor
ဖန်ခါးမြေသတင်းမီဒီယာ

တောင်တွင်းကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား နေ့စဥ် နေ့ဆွမ်း ဆပ်ကပ် လှူဒါန်း

တောင်တွင်းကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား နေ့စဥ် နေ့ဆွမ်း ဆပ်ကပ် လှူဒါန်း

ဖန်ခါးမြေ ဇူလိုင် ၁

Image may contain: 1 person, sitting
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ ညောင်ပင်သာ ဘုန်းကြီးကျောင်း၊ မြစိမ်း တောင်ဘုန်းကြီးကျောင်း၊ ကိုးတင်းကျ ဘုန်းကြီးကျောင်း တို့တွင် မကွေးတပ်နယ် ကွပ်ကဲမှုအောက်၊ ပင်မခဲယမ်းမီးကျောက်တပ် (တောင်တွင်းကြီး)မှ ဘုန်းတော်ကြီး ကျောင်းများသို့ COVID-19 ​ကူးစက်ရောဂါထိန်းချုပ်ကာလအတွင်း ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရန်အတွက် နေ့စဥ် နေ့ဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။
Image may contain: 1 person, sitting and indoor

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၃၀


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ ပန်ဝါမြို့ တိုက်နယ် ဆေးရုံ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နှင့် ဟိုပန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မန်ကန်တိုက်နယ် ဆေးရုံ၊ အေးသာယာနှင့် ခွန်ခါကျေးလက်ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင် ပြည်သူ့ဆေးရုံ၊ ဝမ်စိမ်းတိုက်နယ်ပြည်သူ့ ဆေးရုံနှင့် လင်းခေးခရိုင်၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အလုပ်သမားဆေးရုံကြီး၌ လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့၊ ပြည်သူ့ ဆေးရုံ၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်ပြည်သူ့ဆေးရုံနှင့် ကျွန်းလှမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့၊ မိုးကောင်းကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၌ လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းSurgical Mask များ၊ ခွဲစိတ်ခန်းသုံး လက်အိတ် (Surgical Gloves)များ၊N95 Mask များ၊ Personal Protective Equipment (PPE)) ဝတ်စုံများ၊ မျက်မှန်f (Goggles) များ၊ Digital B. P Cuff များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Sodium Hyopchrite များ၊ Suction Machine များ၊ Examination Glove များ၊ Patient Monitorများ၊ Infusion Pump များ၊ Syring Pump များ၊ Stethoscopeများ၊ နားကြပ်များနှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံ အသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူ များနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလား ပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၃၀


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် မွန်ပြည်နယ်၊ ရေးမြို့၊ အခြေခံပညာမူလတန်းကျောင်း၊ နှင်းစုံကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်း၊ ကံလှကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက် ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်း ပေးခြင်းစသည့် သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇွန် - ၃၀


သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံး ရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကျေးရွာနှင့် သူဌေးကုန်းကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ (၄၀)ဘူးနှင့် ဝမ်းတွင်းမြို့နယ်၊ တမာကုန်းကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၅ ဘူးနှင့် သုံးရေ ၁၂၀၀ ဂါလံတို့ကို သွားရောက်ဖြန့်ေ၀ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

AA အကြမ်းဖက်သောင်းကျန်းသူများက သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန်ကန်စောင့်အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

AA အကြမ်းဖက်သောင်းကျန်းသူများက သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ ၌ ပုဇွန်ကန်စောင့်အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ ဇွန် - ၃၀


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန် ကန်စောင့် အလုပ် လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်းအငြိမ်းစားတစ်ဦးအား ဇွန် ၂၄ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဝိုင်းဝန်းရိုက်နှက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းလင်း(ဘ)ဦးဘိုတင်၊ အသက် ၄၄ နှစ်သည် လောင်းချောင်းကျေးရွာရှိ ဦးထွန်းနိုင်လင်း ပိုင်ဆိုင်သည့် ပုဇွန်ကန်၌ ကန်စောင့်အလုပ်အား လုပ်ကိုင်နေစဉ် ဇွန် ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် အဆိုပါ ကျေးရွာမှ ဦးသိန်းဝင်း၊ မောင်မောင်ချေ တို့အပါအဝင် AA အကြမ်းဖက်သောင်းကျန်း သူ ၇ ဦးခန့် ရောက်ရှိလာပြီး ဦးသန်းလင်းအား ဝိုင်းဝန်းရိုက်နှက်၍ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ ဝိုင်းဝန်းရိုက်နှပ်ဖမ်းဆီးခြင်းခံရသည့် ဦးသန်း လင်း သည် ၂၀၀၁ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူထားသူဖြစ်ပြီး အမ်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်တွင် ဇနီးဖြစ်သူနှင့်အတူနေထိုင်ကာ ပုဇွန်ကန်စောင့်သည့် အလုပ်အား ရိုးသားစွာ လုပ်ကိုင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအတွင်း အရပ်သား အသွင်ဖြင့် ရောနှောနေထိုင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်၍ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှု မရှိသည့် ရွာသူ၊ ရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသတွင်းအေးချမ်းစွာ အလုပ်လုပ်ကိုင်လျက် ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများကို အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင် ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်ပြန်လည်လိုက်ပါ လာသူများတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်ပြန်လည်လိုက်ပါ လာသူများတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)

နေပြည်တော်၊ ဇွန် - ၃၀


ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ictory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် ၁၅ ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲရှိသည့် ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးသည် ဇွန် ၂၅ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသည့်နေရာများ၌ Home Quarantine ၊ Facilities Quarantine စနစ်တကျနေထိုင်ခဲ့သည်။

ယနေ့တွင် ၎င်းမြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူ၍ Polymerase Chain Reation (PCR) နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းင်းတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီ သွားကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီ သွားကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

နေပြည်တော်၊ ဇွန် - ၃၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီသွား ကားလမ်း၌ ယနေ့နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးသည် ဒေသန္တရမိုင်း ထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။ 

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီသွား ကားလမ်း၌ ယနေ့နံနက် ၁ နာရီခန့်တွင် မိုင်းပေါက်ကွဲသံကြားရသဖြင့် နံနက် ၇ နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ရာ အမျိုးသား ၄ ဦး လဲကျ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း နယ်မြေခံတပ်ဌာနချုပ်သို့ ရဲတပ်ဖွဲ့ဝင်များကတဆင့်သတင်းပို့ခဲ့သဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ မိုင်းပေါက်ကွဲသည့် နေရာတွင် အမျိုးသား ၄ ဦးမှာ ဒေသန္တရ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ပတ်ဝန်းကျင်တစ်ဝိုက်အား  အသေးစိတ်စစ်ဆေးရာ ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် အချင်း ၄ လက်မ၊ အလျား ၆ လက်မခန့်ရှိ ကွန်ကြူပိုက် အပိုင်းအစများ သံတို/သံစများ၊ နိုင်ငံသားစိစစ်ရေးကတ်၊ လက်ကိုင်ဖုန်း ၄ လုံး နှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခုတွင်လည်း တောင်ကုတ်- မအီ သွားကားလမ်းတွင် ဒေသတည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် ရည်ရွယ်၍ ဒေသန္တရ လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိုင်းထောင်ပေါက်ကွဲစဉ် အသေသိမ်းဆည်းရမိသော AA အကြမ်းဖက်သောင်းကျန်းသူ အလောင်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ 

အရာရှိ၊စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်း ကျန်းသူအလောင်းတစ်လောင်း သိမ်းဆည်းရမိ

အရာရှိ၊စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်း ကျန်းသူအလောင်းတစ်လောင်း သိမ်းဆည်းရမိ

နေပြည်တော်၊ ဇွန် - ၃၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ထွက်ခွာလာသောတပ်မတော်ယာဉ်တန်းတစ်ခုကို

ယနေ့နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ယနေ့နံနက်ပိုင်းတွင် စစ်တောကျေးရွာမှ ကျောက်ဖြူမြို့သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ကပ်သပြေကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ စစ်တော-ကျောက်ဖြူ သွားကားလမ်းပေါ် ရှိ သစ်သားတံတားအနီး အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးလိုက်ပါလာသည့်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများမှာ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ၊ တပ်မတော်သားများက စနစ်တကျလုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့မှုကြောင့် တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများထံမှအလောင်းတစ်လောင်းကို မိုင်းထောင်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ၎င်းဖြစ်စဉ်နေရာအနီးတစ်ဝိုက် မသင်္ကာဖွယ်အမျိုးသား ၁၀ ဦး ၊အမျိုးသမီး ၂ ဦး အားလည်းကောင်း ဖမ်းဆီးရမိပြီး မသင်္ကာဖွယ် ၁၂ ဦးအား လိုအပ်သည်များဆက်လက်စစ်ဆေးရန် ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုဖြစ်စဉ်သည် ကျောက်ဖြူမြို့နယ်အတွင်းနယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် တပ်မတော်သားများက နယ်မြေလုံခြုံရေးများဆောင်ရွက်လျက်ရှိစဉ် ဇွန်လ ၂၆ ရက် ညပိုင်းတွင် သိုင်းချောင်း-သစ်ပုတ်တောင်သွားကားလမ်းပေါ်၌ ကပ်သပြေ ကျေးရွာတွင်နေထိုင်သော  AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ် သူ ၇ ဦးကိုမသင်္ကာဖွယ်  အထောက်အထားများနှင့် အတူဖမ်းဆီးရမိခဲ့ပြီး ကျောက်ဖြူ မြို့မရဲစခန်းတွင်တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ဖြစ်စဉ်နှင့် ဆက်စပ်လျက်ရှိကြောင်းလည်း သတင်းရရှိသည်။

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

ကျောက်ဆည်မြို့၊ ဇွန် ၃၀

Image may contain: one or more people, people standing and outdoor
COVID-19ကူးစက်ရောဂါ ဖြစ်ပွားနေသဖြင့် သွားလာရေး ကန့်သတ်ချက်များရှိလာသောကြောင့် ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ ၊လူနာစောင့်များနှင့် ဒေသခံပြည်သူများ စားရေးသောက်ရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် ကျောက်ဆည်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ယနေ့မနက်ပိုင်းတွင် ပြင်ပစျေးနှုန်းထက်သက်သာသည့် တန်ဖိုးဖြင့် တန်ဖိုးသင့် ထမင်းဟင်း(ထမင်းဖြူ၊ ကြက်ဥချက်၊ ပဲသီးကြော်၊ ဘာလချောင်ကြော်၊ ချဉ်ပေါင်ဟင်း ) ဗူးများကို တစ်ဗူးလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ကျောက်ဆည်မြို့နယ်ရှိ ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံ၌ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရွှေဆည်သတင်းမီဒီယာ

Monday, June 29, 2020

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

ကျောက်ဆည်မြို့၊ ဇွန် ၃၀

Image may contain: one or more people and outdoor
COVID-19ကူးစက်ရောဂါ ဖြစ်ပွားနေသဖြင့် သွားလာရေး ကန့်သတ်ချက်များရှိလာ သောကြောင့် ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြ သော ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ ၊လူနာစောင့်များနှင့် ဒေသခံပြည်သူများ စားရေးသောက်ရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် ကျောက်ဆည်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ယနေ့မနက်ပိုင်း တွင် ပြင်ပဈေးနှုန်းထက်သက်သာသည့် တန်ဖိုးဖြင့် တန်ဖိုးသင့် ထမင်းဟင်း (ထမင်းဖြူ၊ ကြက်ဥချက်၊ ပဲသီးကြော်၊ ဘာလချောင်ကြော်၊ ချဉ်ပေါင်ဟင်း ) ဗူးများကို တစ်ဗူးလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ကျောက်ဆည်မြို့နယ်ရှိ ကျောက်ဆည်ခရိုင်ပြည်သူ့ ဆေးရုံ၌ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Image may contain: one or more people, people standing and outdoor
ရွှေဆည်သတင်းမီဒီယာ

တောင်တွင်းကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား နေ့စဥ် နေ့ဆွမ်း ဆပ်ကပ် လှူဒါန်း

တောင်တွင်းကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား နေ့စဥ် နေ့ဆွမ်း ဆပ်ကပ် လှူဒါန်း

ဖန်ခါးမြေ ဇွန် ၃၀

Image may contain: 2 people, people sitting
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ ညောင်ပင်သာ ဘုန်းကြီးကျောင်း၊ မြစိမ်းတောင်ဘုန်းကြီးကျောင်း၊ ကိုးတင်းကျ ဘုန်းကြီးကျောင်း တို့တွင် မကွေးတပ်နယ် ကွပ်ကဲမှုအောက်၊ ပင်မခဲယမ်းမီးကျောက်တပ် (တောင်တွင်းကြီး)မှ ဘုန်းတော်ကြီး ကျောင်းများသို့ COVID-19 ​ကူးစက်ရောဂါထိန်းချုပ်ကာလအတွင်း ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရန်အတွက် နေ့စဥ် နေ့ဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့ ကြောင်းသိရှိရပါသည်။
Image may contain: 1 person, indoor

ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်သာ သော ဈေးနှုန်းများဖြင့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များ ရောင်းချပေး

ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်သာ သော ဈေးနှုန်းများဖြင့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များ ရောင်းချပေး

ပြင်ဦးလွင်၊ ဇွန် ၃၀

Image may contain: 1 person, fruit, crowd, food and outdoor
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID - 19 ကူးစက် ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ကာလအတွင်းသွားလာမှုများကန့်သတ်ချက်များကြောင့်ဒေသခံပြည်သူများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စားရေး အထောက်အကူ ဖြစ်စေရန် ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများသည် တပ်ပိုင်နှင့် မိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်း များဖြင့် အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (ပြင်ဦးလွင်) ၌ အပတ်စဉ် ရောင်းချပေး လျက်ရှိရာ ယခုအခါ ၁၀ ကြိမ်အထိ ရှိခဲ့ပြီ ဖြစ်သည်။
Image may contain: 1 person, food
ထိုသို့ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် အမဲသား (၁ ပိဿာ ၇၀၀၀ ကျပ်နှုန်းဖြင့် ၄၂၈ ပိဿာ)၊ ဝက်သား (၁ ပိဿာ ၆၀၀၀ ကျပ်နှုန်းဖြင့် ၁၂၀ ပိဿာ)၊ ကြက်သား (၁ ပိဿာ ၄၀၀၀ ကျပ်နှုန်းဖြင့် ၁၀၀ ပိဿာ)၊ ငါး (၁ ပိဿာ ၂၂၀၀ ကျပ်နှုန်းဖြင့် ၂၀၀ ပိဿာ)၊ ကြက်ဥ (၁၁ လုံး ၁၀၀၀ ကျပ်နှုန်းဖြင့် ၈၅၀၀ လုံး)နှင့် ခေါက်ဆွဲခြောက်ထုပ်များ၊ ဘီစကစ်ထုပ်များ၊ ဂေါ်ရခါးညွန့်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်၊ ဖရုံညွန့်၊ ခရမ်းသီး၊ ငရုတ်သီး၊ ဒန့်ဒလွန်သီး၊ ရုံးပတီသီး၊ သခွါးသီး၊ ဘူးသီး၊ ကိုက်လံ၊ ပဲလင်းမြွေသီး၊ ရေမုန်ညင်း၊ မုန်လင်းစိမ်း၊ အားလူး၊ ကြက်သွန်ဖြူ၊ မုံလာဥဖြူ၊ ဘိုစားပဲ ယနေ့ နံနက်ပိုင်းတွင်လည်း ထပ်မံ ရောင်းချပေးခဲ့ရာ ပြင်ဦးလွင် မြို့ပေါ် ရပ်ကွက်/ ကျေးရွာများရှိ ဒေသခံပြည်သူ ၁၀၀၀ ခန့်နှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များက လာရောက် ဝယ်ယူ အားပေးကြပြီး တပ်နယ်မှ တာဝန် ရှိသူများက သွားရောက် ကြည့်ရှုကာ COVID-19 ရောဂါနှင့်ပတ်သက်၍ အပူချိန် တိုင်းတာ စစ်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Surgical Mask) များ အခမဲ့ ဝေငှ ပေးခြင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယခုကဲ့သို့ ပြင်ဦးလွင်တပ်နယ်က ဒေသခံပြည်သူများ၏ စားသောက်ရေး အဆင်ပြေ စေရန် စီစဉ်ဆောင်ရွက်ပေးနေမှုများကို မီဒီယာများမှ တစ်ဆင့် ပြင်ဦးလွင်မြို့ဒေသခံ စေတနာရှင် ပြည်သူတစ်ဦးကလည်း သိရှိသွားပြီး ယနေ့နံနက်ပိုင်း နယ်မြေခံ တပ်မတော်သားများနှင့် လာရောက်ပူပေါင်းကာ အဆိုပါ ဈေးရောင်းပွဲသို့ လာရောက်သူ အားလုံးကို တစ်ဦးလျှင် ဂေါ်ဖီထုပ် ၂ ထုပ်နှင့် ကြက်ဥ ၅ လုံးနှုန်း လှူဒါန်းပေးခဲ့ ကြောင်း သတင်းရရှိသည်။
Image may contain: one or more people, people sitting and outdoor 
Image may contain: one or more people, people standing, child, outdoor and nature 
Image may contain: one or more people, people standing, sky, mountain, outdoor and nature 
Image may contain: one or more people and outdoor

တောင်ကုတ်မြို့တွင် AA အကြမ်းဖက်သောင်းကျန်းသူ (၄) ဦး မိုင်းထောင်နေစဉ် မိုင်းကွဲ သေဆုံး

တောင်ကုတ်မြို့တွင် AA အကြမ်းဖက်သောင်းကျန်းသူ (၄) ဦး မိုင်းထောင်နေစဉ် မိုင်းကွဲ သေဆုံး

ဇွန် ၃၀ ၊ May Yu Htar Nay

Image may contain: tree, grass, plant, outdoor and nature
ယနေ့ ၂၀၂၀ခုနှစ်၊ ဇွန်လ၊ ၂၉ ရက်နေ့ နံနက် (၁)နာရီ အချိန်ခန့်တွင် တောင်ကုတ် မြို့တွင် AA အကြမ်းဖက်သောင်းကျန်းသူ(၄)ဦး မိုင်းထောင်နေစဉ် မိုင်းကွဲသေဆုံးသွား ကြောင်း နယ်မြေခံလုံခြုံရေး တပ်ဖွဲများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တရဘကျေးရွာအုပ်စု တရဘရွာနှင့် ပေါက်ပြင် ကျေးရွာအုပ်စု သချီကုန်းကျေးရွာကြား၊ တောင်ကုတ်- မအီကားလမ်း မိုင်တိုင် အမှတ် ၁၂/၄ ဖာလုံအနီး လမ်း၏ ဘယ်ဘက်ခြမ်းတွင် AA အကြမ်းဖက်သကသများ မိုင်း ထောင်နေစဉ် မိုင်းပေါက်ကွဲခဲ့ပြီး မိုင်းထောင်သူ (၄)ဦး နေရာတွင်ပင်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ဖြစ်တာက ၁ နာရီမထိုးခင် ၁၅ မိနစ်လောက်မှာဖြစ်တာ၊ ဝုန်းဆိုပြီး အသံကြားတယ်၊ ညကမသွားကြည့်ရဲဘူး ဒီမနက်ရဲတွေနဲ့ တပ်တွေလာမှသိရတာ၊ မနေ့က တပ်ကယာဉ် တန်းတွေဝင်လာတာကို မအီဘက်သွားမယ်အထင်နဲ့ သွားထောင်ကြတာ၊ ရွာကသူတွေ တောင် မနက်မိုင်းထောင်ပြီးတိုက်ဖို့ရှိတယ်၊ ဘယ်သူမှမလာနဲ့မှာထားတယ်၊ မမကွဲသေး တဲ့ မိုင်းတွေနဲ့အတူ ၄ယောက်လုံး ပက်လက်လန်ပြီးသေနေတာလို့ ပြောသံကြားတယ် ” ဟု သချီကုန်းကျေးရွာသား တစ်ဦးမှ ပြောသည်။

ထိုသေဆုံးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းလင်းပြီး ယနေ့ နံနက်တွင် ကားလမ်းပြန်ဖွင့်ခဲ့ကြောင်း လက်ရှိအချိန်တွင် ကားများသွားလာနေကြပြီ ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် တောင်ကုတ်မြို့နယ်အတွင်းရှိ အစိုးရပါတီ ဝင်များအား ဖမ်းဆီးသတ်ဖြတ်ခြိမ်းခြောက်ခြင်း၊ တပ်/ရဲ မိသားစုဝင်များအား အကြမ်း ဖက်ဖမ်းဆီးခြင်း၊ ၎င်းတို့အား မထောက်ခံသည့် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ် ခြိမ်းခြောက်ခြင်း၊ ကျေးရွာများတွင် ရွာသားယောင်ဆောင်၍ ခိုအောင်းကာ ဒေသခံများ အား ဆက်ကြေးကောက်ခြင်း၊ လူသစ်အဖြစ်အတင်းအဓမ္မဖမ်းဆီးခြင်းများ ဆောင်ရွက် လျှက်ရှိသည်။

ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များ အတည်ပြု

ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များ အတည်ပြု

နေပြည်တော်၊ ဇွန် - ၃၀


ဂူတာပြင်ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial) သည် သက်သေ စုံလင်စွာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၂၀၂၀ပြည့်နှစ်၊ အေပြီလ ၃၀ ရက်နေ့တွင် စစ်ဆေးမှုများပြီးစီးခဲ့ကြောင်း၊

စစ်တရားရုံး(Court-Martial)၏ စစ်ဆေးစီရင်မှုများအား သက်ဆိုင်ရာအတည်ပြု အာဏာပိုင်၏ ပြစ်ဒဏ်အတည်ပြုချက်ရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံ ရုံး(Court of Inquiry)ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ၂၀၂၀ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

ယခုအခါ ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့်စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial)က အရာရှိကြီးတစ်ဉီး၊ အရာရှိတစ်ဉီးနှင့် အခြားအဆင့်စစ်သည်တစ်ဉီးတို့အပေါ် သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ် ချမှတ်ချက်တို့ကို သက်ဆိုင်ရာအတည်ပြုအာဏာပိုင်က အတည်ပြုပြီးဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

မိတ္ထီလာ၊ ဇွန်-၃၀

Image may contain: one or more people, people standing and outdoor
COVID-19ကူးစက်ရောဂါ ဖြစ်ပွားနေသဖြင့် သွားလာရေး ကန့်သတ်ချက်များရှိလာ သောကြောင့် မိတ္ထီလာမြို့​ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ ၊လူနာစောင့်များနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် မိတ္ထီလာတပ် နယ်မှ နယ်မြေခံတပ်မတော်သားများက ယနေ့မနက်ပိုင်းတွင် ပြင်ပစျေးနှုန်းထက် သက်သာသည့် တန်ဖိုးဖြင့် ကြက်ဥများ(၁ လုံး ၁၀၀ ကျပ်)နှင့် တန်ဖိုးသင့် ထမင်းဟင်း(ထမင်းဖြူ၊ ဝက်သားအာလူးချက်၊ ငါးခြောက်ကြော်၊ သရက်ချဥ်၊ ပဲချဥ်ဟင်း) ဗူးများကို တစ်ဗူးလျှင် ၄၀၀ ကျပ်နှုန်းဖြင့် မိတ္ထီလာမြို့ပြည်သူ့ဆေးရုံ ကြီး၌ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ထီလာမြေ

ဆားဗီးယားကာကွယ်ရေးဝန်ကြီး ရုရှားနိုင်ငံရဲ့ စစ်ရေးပြအခမ်းအနားကို မတက်ရောက်ခဲ့ပါ

ဆားဗီးယားကာကွယ်ရေးဝန်ကြီး ရုရှားနိုင်ငံရဲ့ စစ်ရေးပြအခမ်းအနားကို မတက် ရောက်ခဲ့ပါ
No photo description available.
ရုရှားနိုင်ငံရဲ့ (၇၅) နှစ်မြောက် စစ်အောင်ပွဲနေ့ အခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့က ကျင်းပခဲ့ပြီး ဒီပွဲကို မြန်မာနိုင်ငံက တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကာ ဇွန်လ ၂၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒီလိုရောက်ရှိပြီး ဇွန်လ ၂၈ ရက်နေ့မှာတော့ DVB သတင်းဌာနအပါအဝင် သတင်းဌာနအချို့က ရုရှားစစ်ရေးပြကို တက်ရောက်ခဲ့တဲ့ ဆားဗီးယားကာကွယ်ရေးဝန်ကြီး Covid-19 ကူးစက်ခံရတယ်ဆိုပြီး သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ချိန်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရဲ့ ခရီးစဉ်အပေါ် အမြင်မကြည်တဲ့ အဖွဲ့အစည်း တွေက ဝမ်းသာအားရနဲ့ သတင်းတွေကူးယူဖော်ပြသလို ကိုယ်စားလှယ်အဖွဲ့ကို ဘယ် လိုနေထိုင်နေလဲ ဆိုပြီး မေးခွန်းတွေနဲ့ ထိုးနှက်လာပါတယ်။
ရုရှားနိုင်ငံရဲ့ စစ်အောင်ပွဲနေ့ကိုတက်ရောက်ဖို့ နိုင်ငံပေါင်း ၁၉ နိုင်ငံက ခေါင်းဆောင် တွေနဲ့ ကာကွယ်ရေးထိပ်ပိုင်းတွေကို ဖိတ်ကြားခဲ့ပြီး ဒီလိုဖိတ်ကြားခံရတဲ့အထဲမှာ ဆားဗီးယားနိုင်ငံလည်း ပါခဲ့တာကြောင့် ဆားဗီးယားနိုင်ငံသမ္မတ၊ ကာကွယ်ရေး ဝန်ကြီးတို့လည်း ရုရှားကိုရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆားဗီးယားကာကွယ်ရေး ဝန်ကြီးကတော့ သူ့နိုင်ငံထဲမှာ ရှိစဉ်က Covid 19 ရောဂါကူးစက်ခံထားရတဲ့ ကာကွယ် ရေးအတွင်းဝန်နဲ့ ထိတွေ့ခဲ့မှုတွေရှိခဲ့တာကြောင့် ရုရှားနိုင်ငံရောက်ကတည်းက သီးခြားစောင့်ကြည့်မှုနဲ့ နေထိုင်ခဲ့ရပြီး စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့ရ ခြင်းမရှိသလို၊ အခြားသူတွေနဲ့လည်း ထိတွေ့ဆက်ဆံမှုတွေမလုပ်ခဲ့ရပါဘူး။ စစ်ရေးပြ ကို ဆားဗီးယားသမ္မတပဲ တက်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ဆားဗီးယား ကာ ကွယ်ရေးဝန်ကြီးနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ထိတွေ့မှုတွေမရှိခဲ့ပါဘူး။
ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကမသွားခင်ကတည်းက ကျန်းမာ ရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ပြန်ရောက်တဲ့အချိန်မှာလည်း Covid စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ နေထိုင်လျက်ရှိတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါ တယ်။

Credit-နေမောင်

ရှေ့တန်းပြန်လာတဲ့ စစ်သည်တွေကို ကြိုနေကြတဲ့ ပြည်သူတွေ .....




ရှေ့တန်းပြန်လာတဲ့ စစ်သည်တွေကို ကြိုနေကြတဲ့ ပြည်သူတွေ .....
တချို့တွေကတော့ အိမ်ပြန်မလာနိုင်ကြတော့ဘူးပေ့ါ ..... :'(


COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၉


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ၊ ကြို့တန်းကျေးရွာနှင့် လမ်းပျဉ်းမနားကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲတို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ပြည်သူ့ဆေးရုံ၊ နမ့်စလပ်နှင့် မန်ပန်တိုက်နယ် ဆေးရုံ၊ နမ့်ကျွမ်းနှင့် ပုံဝိုးကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ် ဆေးရုံ၌လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံ၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းပြည်သူ့ဆေးရုံ၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ စပါးကြွယ် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အုတ်တွင်းမြို့၊ ကျွဲပွဲတိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနတို့၌လည်းကောင်း တပ်မတော်ကလှူဒါန်းသော ခွဲစိတ် ခန်းသုံး နှာခေါင်းစည်း Surgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves)များ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles) များ၊ Digital B. P Cuff များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Sodium Hyopchrite များ၊ Suction Machine များ၊ Examination Glove များ၊ Patient Monitor များ၊ Infusion Pump များ၊ Syring Pump များ၊ Stethoscope များနှင့် နားကြပ်များနှင့် ရေမလို လက်သန့် ဆေးရည်များကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန် ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူ များနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလား ပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ် လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၉


COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးဖျန်းပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့ နယ်နှင့် တပ်ကုန်းမြို့နယ်တို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ နမ္မတူမြို့၊ လောက်ကိုင်မြို့၊ ကွမ်းလုံမြို့နှင့် မိုင်းရယ်မြို့တို့၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အေးသာ ယာမြို့၊ ရွှေညောင်မြို့၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့တို့၌လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နှင့် လင်းခေးမြို့ တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့၊သထုံမြို့၊ သိမ်ဇရပ်မြို့နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ဘားအံမြို့နှင့် ကြာအင်း ဆိပ်ကြီးမြို့တို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကျွန်းစု မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုစွန်တောင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ လှည်းကူးမြို့နယ်၊ ဒလမြို့နယ်၊ တာမွေမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ထန်းတပင် မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် သုံးခွမြို့နယ်တို့၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျုံပျော်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခင်ဦးမြို့နယ်၊ အရာတော်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်အနေဖြင့် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့၊ မတ္တရာမြို့နယ်၊ မိတ္ထီလာမြို့ နယ်နှင့် ညောင်ဦးမြို့နယ်တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ပြည်မြို့၊ ညောင်လေးပင်မြို့နယ်၊ ဝေါမြို့၊ ကျောက်ကြီးမြို့၊ မုန်းမြို့၊ ရွှေကျင်မြို့နှင့် ကရင်ပြည်နယ်၊ သံတောင်မြို့တို့၌ လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော် များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ် များ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျလက် ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Surgical Gloves များ၊ Face Shield များနှင့် Face Mask များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသောနေရာများနှင့် အခြေခံပညာကျောင်းများ၌ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေး ကြသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးကြသည်။


ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ ဇွန် -၂၉

COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာ ရေးဝန်ထမ်းများ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် နေပြည် တော်တိုင်း စစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ အရိုးအကြောရောဂါ အထူးကုဆေးရုံကြီး၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်အနေဖြင့် ကချင်ပြည်နယ်၊ တနိုင်းမြို့ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့ တို့ရှိ ပြည်သူ့ ဆေးရုံများ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးနှင့် လွိုင်ကော်မြို့ပြည်သူ့ဆေးရုံတို့၌လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းဆေးရုံနှင့် ရန်ကင်းမြို့နယ်၊ ရန်ကင်းကလေးဆေးရုံတို့၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကွင်းကောက် မြို့နှင့် ဟင်္သာတမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့ပြည်သူ့ဆေးရုံနှင့် ချင်းပြည် နယ်၊ တီးတိန်မြို့ပြည်သူ့ ဆေးရုံတို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးနှင့် မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံတို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံနှင့် ပန်းတောင်းမြို့၊ ဥသျှစ်ပင်ကျေးရွာရှိ တိုက်နယ် ဆေးရုံတို့၌ လည်းကောင်း တန်ဖိုးသင့်ထမင်း၊ ဟင်းနှင့်ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သား များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်းများကို ရောင်းချပေးခဲ့ သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်း ရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများနှင့် တောင်သူများထံမှဝယ်ယူခဲ့သော ရာသီသီးနှံများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံး ရေများ ဖြန့်ဝေလှူဒါန်း

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၉


သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မိတ္ထီလာ မြို့နယ်၊ ဇရပ်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၃၂၀၀နှင့် အုတ်နှဲဘုတ်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၄၀ ဘူးတို့ကို သွားရောက်ဖြန့်ေ၀ လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး