Wednesday, August 12, 2020

အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၁၂


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ကျောက်ကြီးမြို့နယ်၊ တုံးကြီးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ရေတာရှည်မြို့နယ်၊ သာဂရကျေးရွာ၊ အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းတို့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂ များနေရာချထား ပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment