Wednesday, August 12, 2020

ဝေးလံခေါင်ပါးသောဒေသများရှိ တိုက်နယ်ဆေးရုံများတွင် သွားရောက်တာဝန်ထမ်းဆောင် ရန်အတွက် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများနေပြည်တော်မှ ထွက်ခွာ

ဝေးလံခေါင်ပါးသောဒေသများရှိ တိုက်နယ်ဆေးရုံများတွင် သွားရောက်တာဝန်ထမ်းဆောင် ရန်အတွက် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများနေပြည်တော်မှ ထွက်ခွာ

နေပြည်တော်၊ သြဂုတ် - ၁၂


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း ဝေးလံခေါင်ပါး၍ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော ဒေသများရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးမြှင့်တင်ပေးရန် အတွက် ဆရာဝန်လိုအပ်ချက်ရှိသော ဆေးရုံများတွင် မိမိသဘောဆန္ဒအလျောက် သွားရောက် တာဝန်ထမ်းဆောင်ရန်ဆန္ဒပြုထားသည့် တပ်မတော်မှ ဆေးကုသမှုပါရဂူ ၁ ဦး၊ ခွဲစိတ်ပါရဂူ ၄ ဦး၊ အရိုးပါရဂူ ၂ ဦး၊ မေ့ဆေးပါရဂူ ၃ ဦး၊ ပြန်လည်သန်စွမ်းရေးပါရဂူ ၁ ဦး၊ ပြည်သူ့ ကျန်းမာရေးပါရဂူ ၁ ဦး၊ ဆေးဝါးဗေဒပါရဂူ ၁ ဦး၊ ခန္ဓာဗေဒပါရဂူ ၁ ဦး၊ ဆေးပညာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရ ၂၂ ဦးနှင့် ဆေးမှူး ၈ ဦး၊ စုစုပေါင်း တပ်မတော်သားဆရာဝန် ၄၄ ဦးသည် တတိယအကြိမ်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော် လေယာဉ်ဖြင့် ထွက်ခွာရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကျော်ဇေယျ၊ နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် - ၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ် အောင်မြတ်ကျော် နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါတပ်မတော်သား ဆရာဝန်များအနက် ချင်းပြည်နယ်အတွင်းရှိ ဆေးရုံများ တွင် တာဝန်ထမ်းဆောင်မည့် တပ်မတော်သားဆရာဝန် ၂၈ ဦးသည် မုံရွာမြို့လေဆိပ်သို့ ရောက်ရှိရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်မည့် တပ်မတော်သားဆရာဝန် ၁၆ ဦးသည် ဟုမ္မလင်းလေဆိပ်သို့ ရောက်ရှိရာ ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်းနှင့် တာဝန်ရှိသူများက လည်းကောင်း သက်ဆိုင်ရာလေဆိပ်များတွင် အသီးသီးကြိုဆိုနှုတ်ဆက်ကြပြီး နယ်မြေဒေသအခြေအနေနှင့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များအား တွေ့ဆုံအမှာစကားပြောကြားကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ တပ်မတော်သား ပါရဂူနှင့်ဆေးမှူးများပါဝင်သော ဆရာဝန်များသည် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း ဝေးလံခေါင်ပါးသည့် မြို့နယ် ဆေးရုံနှင့် တိုက်နယ်ဆေးရုံ စုစုပေါင်း ၂၂ ရုံတွင် အသီးသီးတွဲဖက်တာဝန်ထမ်းဆောင်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဆေးရုံများတွင် တာဝန် ထမ်းဆောင်ရန်အတွက် ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့်လည်းကောင်း သွားရောက်လည်းလှယ်တာဝန်ထမ်းဆောင်ခဲ့ကြပြီး ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment