Sunday, August 16, 2020

ကယားဒေသအတွင်းရှိ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့နှင့် မော်ချီးပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

ကယားဒေသအတွင်းရှိ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့နှင့် မော်ချီးပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင် များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၁၆


ကယားပြည်နယ်၊ ကယားဒေသအတွင်းရှိ ကရင်နီအမျိုးသားစည်းလုံးညီညွတ် ရေးအဖွဲ့နှင့် မော်ချီးပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ က ဖားဆောင်းမြို့၊ နယ်မြေခံတပ်ရင်း ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက တင်ပြချက်များ အပေါ်ညှိနှိုင်းဆောင်ရွက် ပေးပြီး ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေး အဖွဲ့နှင့် မော်ချီးပြည်သူ့ စစ်(ဌာနေ)အဖွဲ့ဝင်များအား ချီးမြှင့် ငွေနှင့် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment