Sunday, August 16, 2020

မိုးရွာသွန်းမှုကြောင့် အေးသာယာမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ကွန်ကရစ်တံတားကြမ်းခင်း မြေကျွံမှုအား ကူညီဆောင်ရွက်

မိုးရွာသွန်းမှုကြောင့် အေးသာယာမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ကွန်ကရစ်တံတားကြမ်းခင်း မြေကျွံမှုအား ကူညီဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း သြဂုတ် ၁၅ ရက်ညပိုင်းတွင် မိုးရွာသွန်းမှုကြောင့် အေးသာယာမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ကွန်ကရစ်တံတားကြမ်းခင်းသည် ရေများဝပ်၍ တံတားကြမ်းခင်း မြေကျွံကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

အဆိုပါနေရာသို့ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်မှ တပ်မတော်သားများက အေးသာယာမြို့ှုပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ နှင့်ပူးပေါင်း၍ တံတားကြမ်းခင်းအပျက် အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သဖြင့် ယခုအခါ ယာဉ်များပုံမှန်သွားလာ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment