မိုးသည်းထန်စွားရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ ရေစီးသန်၍ ကွန်ကရစ်တံတား ပျက်စီးမျောပါရာ နေရာ၌ တပ်မတော်သားများက လုပ်အားပေးဆောင်ရွက်
မိတ္ထီလာ၊ သြဂုတ်(၄)

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂဠုံကုန်းကျေးရွာအုပ်စု၊ သဲတောလေးကျေးရွာအဝင် ကွန်ကရစ်ခင်းတံတား(အလျား ၄၀ ပေ၊ အနံ ၁၂ ပေခန့်) မှာ သဲတောလေးချောင်း ရေစီးသန်လျှံကျမှုကြောင့် မျောပါပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ် နယ်မြေခံတပ်မှ တပ်မတော်သားများက တံတားကိုအမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် ရေစီးရေလာ ကောင်းမွန်စေရန် တံတားအောက်တွင် ပိတ်ဆို့နေသော အမှိုက်သရိုက်များ၊ သစ်ကိုင်းသစ်ခက်များ ဖယ်ရှားရှင်းလင်းပေးခြင်း နှင့် အခြားလိုအပ်သောကူညီဆောင်ရွက်ပေးခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။


#ထီလာမြေ
0 comments:
Post a Comment