မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်ရေဝင်ရောက်မှုနှင့် မြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပွားခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
==========================================
နေပြည်တော်၊ ဩဂုတ် - ၅

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယမန်နေ့နံနက်ပိုင်းတွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ မြစ်ကမ်းပါး(ဒေသအခေါ် ဦးမိုးလေး ဖြတ်တာ) အကျယ် ၁၂ ပေခန့် တာကျိုးပေါက်မှုဖြစ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ဖြတ်တာဟောင်းနှင့် ဖြတ်တာအသစ်ကြား မြစ်ရေ ၈ ပေခန့် ဝင်ရောက်ခဲ့ကြောင်း၊ ဩဂုတ်လ ၃ ရက်တွင်လည်း မြန်အောင်မြို့နယ်၊ (၁)ရပ်ကွက်၊ လွန်ဆေးမြိုင် ပန်းဉယျာဉ် အနောက်ဘက်၌ ဧရာဝတီမြစ်ရေ တိုက်စားပြီး အလျား ၃၂၈ ပေ၊ အနံ ၁၀ ပေခန့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုနှင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဝင်ရောက်ခဲ့သည့် ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ မြစ်ကမ်းပါး တစ်လျှောက်တွင် ရေစီးအားထိန်းနိုင်ရန်အတွက် ရေပေါ်၊ ရေလွှဲဝါးဖောင်များ ပြုလုပ်ပေးခြင်း၊ သဲအိတ်ဖို့ခြင်းများနှင့် ဒေသခံ သံဃာတော်များနှင့် ပြည်သူများအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment