ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီး၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း
နေပြည်တော်၊ သြဂုတ် - ၁၅

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၌ သွေးလိုအပ်မှုမရှိစေရေးအတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံသို့ သွားရောက် လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၉၀ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းပေးမှုများကို ပြည်တပ်နယ်မှ ဗိုလ်မှူးကြီး အောင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment