Wednesday, August 12, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များ စုပေါင်းသွေးလှူဒါန်းမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကိုယ်တိုင်ပါဝင်သွေးလှူဒါန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များ စုပေါင်းသွေးလှူဒါန်းမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကိုယ်တိုင်ပါဝင်သွေးလှူဒါန်း
Image may contain: one or more people, people sitting, shoes, table and indoor
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များက ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားသွေးဌာန(ရန်ကုန်)၌ စုပေါင်းသွေးလှူဒါန်းနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ပါဝင်သွေးလှူဒါန်းခဲ့သည်။  သွေးလှူဒါန်းမှုအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သွေးလှူဒါန်းကြသည့် အရာရှိ၊ စစ်သည်များ၊ စေတနာရှင်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အင်အားဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: 1 person, sitting and indoor 
Image may contain: 1 person, sitting 
Image may contain: 2 people, people sitting and people standing

0 comments:

Post a Comment