Tuesday, September 4, 2018

ခင္ဗ်ားတို ့ေျပာတဲ ့တစ္ခ်ိဳ ့ လူတန္းစား ေတြ


ခင္ဗ်ားတို ့ေျပာတဲ ့တစ္ခ်ိဳ ့ လူတန္းစား ေတြ
လမ္းေလွ်ာက္ဖို ့ဖိနပ္ မရွိတဲ့အခ်ိန္မွာ ~~
က်ေတာ္တို ့လူတန္းစား ထဲက တစ္ခ်ိဳ ့
ဖိနပ္စီးဘို ့ေျခေထာက္မရွိဘူး ..........။

ခင္ဗ်ားတို ့ေျပာတဲ ့တစ္ခ်ိဳ ့လူတန္းစားေတြ
ထမင္းစားဘို ့ပန္းကန္ရွာေနရခ်ိန္မွာ ~~
က်ေတာ္တို ့ လူတန္းစားထဲက တစ္ခ်ိဳ ့
ထမင္းစားဘို ့လက္ ရွာေနရတယ္ ...........။

ခင္ဗ်ားတို ့ေျပာတဲ့ တစ္ခ်ိဳ ့လူတန္းစားေတြ
၁၅၀၀ တန္ဖုန္း မ၀ယ္နိုင္တဲ့အခ်ိန္မွာ~~
က်ေတာ္တို ့လူတန္းစားထဲကတစ္ခ်ိဳ ့
၁၅၀၀ တန္ဖုန္းေျပာ ဘို ့နားမရွိဘူး...........။

ခင္ဗ်ားတို ့ထဲက တစ္ခ်ိဳ ့ေတြ
က်ေတာ္တို ့ကို အျပစ္ရွာဘို ့လိုက္ၾကည့္ေနခ်ိန္မွာ ~~
က်ေတာ္တို ့ထဲက တစ္ခ်ိဳ ့
အခ်စ္ရွာဘို ့ေတာင္ မ်က္စိ မျမင္နိုင္ၾက ဘူး ...........။

ခင္ဗ်ား တို ့ေျပာတဲ့ တစ္ခ်ိဳ ့လူတန္းစားေတြ
အသုဘခ်ဘို ့စားရိတ္ေတာင္ မရွိဘူးလို ့ေျပာေနခ်ိန္မွာ~~
က်ေတာ္တို ့လူတန္းစားထဲက တစ္ခ်ိဳ ့
အသုဘခ်ဘို ့အေလာင္းေတာင္မရွိဘူး ...........။

အားလံုးျခံဳေျပာရရင္ေတာ့
ခင္ဗ်ားတို ့အားလံုး
ဘ၀ဆိုတာ တိုက္ပြဲလို ့ေအာ္ေနခ်ိန္မွာ ~~
က်ေတာ္တို ့လူတန္းစားေတြအတြက္
တိုက္ပြဲဆိုတာ ဘ၀ ျဖစ္ေနတယ္ .......... ။

(ထမင္းထုတ္မေ၀ဘူး
ပူစီေဘာင္းမလႊတ္ဘူး
အလံေခါင္းမွာမစည္းဘူး
စီတန္းလမ္းမေလွ်ာက္ဘူး
သီခ်င္းမဆိုဘူး
ကဗ်ာမေရးဘူး
ဒါေပမယ့္...
အျဖစ္ခ်င္ဆံုးကဘာလဲလို ့ေမးရင္
ျငိမ္းခ်မ္းေရးလို ့
တစ္ျပိဳင္တည္းေျဖမယ့္ လူတန္းစားက ေတာ့
က်ေတာ္တို ့လူတန္းစားပဲ )
Image may contain: one or more people, people standing and outdoor
ခင်ဗျားတို့ပြောတဲ့တစ်ချို့ လူတန်းစား တွေ
လမ်းလျှောက်ဖို့ဖိနပ် မရှိတဲ့အချိန်မှာ ~~
ကျတော်တို့လူတန်းစား ထဲက တစ်ချို့
ဖိနပ်စီးဘို့ခြေထောက်မရှိဘူး ..........။

ခင်ဗျားတို့ပြောတဲ့တစ်ချို့လူတန်းစားတွေ
ထမင်းစားဘို့ပန်းကန်ရှာနေရချိန်မှာ ~~
ကျတော်တို့ လူတန်းစားထဲက တစ်ချို့
ထမင်းစားဘို့လက် ရှာနေရတယ် ...........။

ခင်ဗျားတို့ပြောတဲ့ တစ်ချို့လူတန်းစားတွေ
၁၅၀၀ တန်ဖုန်း မဝယ်နိုင်တဲ့အချိန်မှာ~~
ကျတော်တို့လူတန်းစားထဲကတစ်ချို့
၁၅၀၀ တန်ဖုန်းပြော ဘို့နားမရှိဘူး...........။

ခင်ဗျားတို့ထဲက တစ်ချို့တွေ
ကျတော်တို့ကို အပြစ်ရှာဘို့လိုက်ကြည့်နေချိန်မှာ ~~
ကျတော်တို့ထဲက တစ်ချို့
အချစ်ရှာဘို့တောင် မျက်စိ မမြင်နိုင်ကြ ဘူး ...........။

ခင်ဗျား တို့ပြောတဲ့ တစ်ချို့လူတန်းစားတွေ
အသုဘချဘို့စားရိတ်တောင် မရှိဘူးလို့ပြောနေချိန်မှာ~~
ကျတော်တို့လူတန်းစားထဲက တစ်ချို့
အသုဘချဘို့အလောင်းတောင်မရှိဘူး ...........။

အားလုံးခြုံပြောရရင်တော့
ခင်ဗျားတို့အားလုံး
ဘဝဆိုတာ တိုက်ပွဲလို့အော်နေချိန်မှာ ~~
ကျတော်တို့လူတန်းစားတွေအတွက်
တိုက်ပွဲဆိုတာ ဘ၀ ဖြစ်နေတယ် .......... ။

(ထမင်းထုတ်မဝေဘူး
ပူစီဘောင်းမလွှတ်ဘူး
အလံခေါင်းမှာမစည်းဘူး
စီတန်းလမ်းမလျှောက်ဘူး
သီချင်းမဆိုဘူး
ကဗျာမရေးဘူး
ဒါပေမယ့်...
အဖြစ်ချင်ဆုံးကဘာလဲလို့မေးရင်
ငြိမ်းချမ်းရေးလို့
တစ်ပြိုင်တည်းဖြေမယ့် လူတန်းစားက တော့
ကျတော်တို့လူတန်းစားပဲ )

Htoo Wai


0 comments:

Post a Comment