၁.စိတ်ဓါတ်
၂. အကျင့်
၃.ပညာ
၎.အလုပ်အကိုင်
ကဲ ဘာပူနေစရာ လိုသေးလဲ ....
၅. ဂုဏ်ပကာသန
အရောင်လက်လွန်းလို့
၆. ရုပ်ရည်
မမြင်ဖူးတာ အမှန်ပါ ..
၇ .နားလည်မှု
၈.အကြင်နာ
သင်သာ ပြုံးပြလိုက်
ကျောပိုးအိတိလေးထဲထည့်
၉. ချစ်တတ်ရဲ့လား
ချစ်တတ်ခြင်းပါပဲ
သေနတ်ကိုတောင်
စဉ်းစားသာကြည့်.....
ယူနီဖောင်းနဲ့လား
အရပ်ဝတ်နဲ့လား
ပွဲတက်မလား
ဘာသာရေးပွဲလား
ကလပ်တက်မလား
အဲ့ဒီအပြင် ဘဝရသ အစုံကို ရနိုင်တာ
မှတ်လိုက်တော့.....
Crd;
credit-နေနိုင်သူ

စစ်သားကို အိမ်ထောင်ဖက်အဖြစ်
ဘာ့ကြောင့် ရွေးချယ်သင့်သလဲ ?
၁.စိတ်ဓါတ်
မြင့်မြတ်ပြီး ခံယူချက် ကောင်းတယ်ဆိုတာ
နိုင်ငံတော်ကတောင် အသိအမှတ်ပြုထားသူတွေမို့ သင်စစ်ဆေးစရာတောင် မလိုပါဘူး....
၂. အကျင့်
ကောင်းလွန်းလို့ ခက်နေတယ်
ကျင့်ဝတ်ခြောက်ဆယ်ကို ခါးဝတ်ပုဆိုးလို
မြဲမြံလှတဲ့ သူတို့ဟာ သင့်ဘဝအတွက်
တစ်သက်စာ ဂရန်တီ ရစေမှာပါ ....
၃.ပညာ
အို ပြောနေစရာတောင်မလိုဘူး
ပညာတတ် ဘွဲ့ရ ဆိုတဲ့စကားထက်
ပညာရှိ ဘွဲ့လွန် လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်
အရာရာကို သိရှိနားလည်သူတွေမို့
အရာရှိဆိုတာ ဖြစ်လာကြတာလေ ငိငိ.....
၄.အလုပ်အကိုင်
ဟဟလို့တောင် ရယ်ပြလိုက်ချင်တယ်
သေသွားရင်တောင် အရိုးက လုပ်ကျွေးတုန်းဗျ
ကဲ ဘာပူနေစရာ လိုသေးလဲ ....
၅. ဂုဏ်ပကာသန
ငှယ် နေပူရင်တောင် အပြင်မထွက်ရဲဘူး
ပုခုံးပေါ်က အပွင့်တွေက
အရောင်လက်လွန်းလို့
နေမင်းကြီးတောင် မျက်နာငယ်သွားရတယ်....
၆. ရုပ်ရည်
ဟိုစစ်သား ရုပ်ကလည်း ဆိုးလိုက်တာ ဆိုတာ
ယခု ကျနော့် အသက် ၃၀ အထိ မကြားဖူး
မမြင်ဖူးတာ အမှန်ပါ ..
အလွန်တရာ တည်ကြည်ခန့်ညား သူတွေပါ
(ကျနော့်ကိုပဲ ကြည့်လေ ဟဲဟဲ).....
၇ .နားလည်မှု
အသက်အရွယ်နဲ့ မလိုက်အောင်
ရင့်ကျက်နေသူတွေမို့ နားလည်မှုဆိုတာ
သူတို့ရဲ့ ကိုယ်ပိုင်ဥစ္စာပါပဲ ...
သင် စကားတောင်ပြောစရာမလိုဘူး
မျက်လုံးနဲ့ပဲ ကြည့်လိုက် အားလုံးငြိမ်....
၈.အကြင်နာ
ကမ္ဘာ့ကြင်နာတတ်ဆုံး ယောကျာ်းတွေပါ
မာကျောတဲ့ ကြွက်သားအဖုအထစ်တွေ
အောက်က သူတို့ရဲ့ နှလုံးသားဟာ
သိပ်ကို နူးညံ့လွန်းသူတွေပါ ...
သင်သာ ပြုံးပြလိုက်
ကျောပိူးအိတိလေးထဲထည့်
သွားလေရာ ခေါ်သွားချင်သူတွေပါ.....
၉. ချစ်တတ်ရဲ့လား
သူတို့အကျွမ်းကျင်ဆုံး ဘာသာရပ်ဟာ
ချစ်တတ်ခြင်းပါပဲ
သူတို့နဲ့အမြဲပါတဲ့ သက်မဲ့ပစ္စည်း
သေနတ်ကိုတောင်
တစ်ရက်နှစ်ကြိမ်လောက် ဆီဆွတ်
အာငွေ့ပေးပြီး ပွတ်နေကြတာ
သူတို့ချစ်တဲ့သင့်ကိုသာဆို
ဘယ်နှစ်ကြိမ်လောက် ပွတ်မလဲ
စဉ်းစားသာကြည့်.....
၁၀. အနေအထိုင် နဲ့ ဆက်ဆံရေး
မြန်မာနိုင်ငံရဲ့ စမတ်အကျဆုံးသူတွေကို
ပြပါဆို စစ်သားတွေပဲ ပြရမှာဗျ
ယူနီဖောင်းနဲ့လား
အရပ်ဝတ်နဲ့လား
ပွဲတက်မလား
ဘာသာရေးပွဲလား
ကလပ်တက်မလား
ကာလံဒေသံနဲ့ လိုက်ဖက်စွာ
ပြုမူ ပြောဆို ဝတ်ဆင် ဆက်ဆံတဲ့နေရာမှာ
တကယ့် ပါရမီထူးသူတွေပါ......
၁၁.ပျော်ရွှင်ရပါ့မလား
သူတို့ဟာ တာဝန်ချိန်မှာ
စူးနစ်စွာ ကြိုးစားလုပ်ရသမျှကို
တာဝန်ချိန်ပြင်ပမှာ အပန်းဖြေရသူတွေမို့
စိတ်ညစ်စရာတွေကို ကိုင်မထားတတ်ပါဘူး
အဲ့ဒီအပြင် ဘဝရသ အစုံကို ရနိူင်တာ
သူတို့ဆီမှာပဲရှိလို့ သင် မပျော်ရမှာ မပူနဲ့
သင့်ရဲ့ ပျော်တော်ဆက်လေးသာ
မှတ်လိုက်တော့.....
ကဲနောက်ဆုံးအနေနဲ့ တစ်ခုပဲ ပြောစရာရှိတာ
စစ်သားကို အိမ်ထောင်ဖက် ရွေးမယ်ဆို
@ ရှေ့တန်းထွက်ရင် စိတ်ပူရမယ်
@ နောက်တန်းဝင်ရင် ဗိုက်ပူရမယ်
အဲ့နှစ်ပူလေးကို သင် လက်ခံနိုင်တယ်ဆို
အမြန်သာ ရွေးလိုက်ပါလေ.....
Your choice is your life!!!!!!!!
Crd;
(လက်ရှိ စစ်သား ပါရမီဖြည့်ဖက် ဒီပိုစ့်ကို မမြင်ပါစေနဲ့ .... ဟီးဟီး )
credit-နေနိုင်သူ
0 comments:
Post a Comment