Tuesday, September 25, 2018

ကိုကိုးကြၽန္းၿမိဳ ့သုိ့ ခရီးသည္ႏွင့္ ကုန္ပစၥည္းမ်ား ပို့ေဆာင္

ကိုကိုးကြၽန္းၿမိဳ ့သုိ့ ခရီးသည္ႏွင့္ ကုန္ပစၥည္းမ်ား ပို့ေဆာင္ 

ေနျပည္ေတာ္ စက္တင္ဘာ ၂၅ 

ရန္ကုန္တုိင္း ေဒသႀကီး၊ ကုိကုိးကြၽန္းၿမိဳ႕ရွိ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သား မိသားစု ဝင္မ်ား သက္သာ ေခ်ာင္ခ်ိေရးအတြက္ တပ္မေတာ္မွ ေရယာဥ္၊ ေလယာဥ္မ်ားျဖင့္ ပို႔ေဆာင္ေပးလ်က္ရွိရာ ယေန႔ နံနက္ပုိင္းတြင္ တပ္မေတာ္သားမ်ားႏွင့္ ေဒသခံျပည္သူ ၃ဝ ဦးႏွင့္ လူသံုးကုန္၊ စားေသာက္ကုန္ ပစၥည္းမ်ားကို တပ္မေတာ္(ေလ)မွ စီစဥ္ေပးေသာေလယာဥ္ျဖင့္ မဂၤလာဒံုေလတပ္ စခန္းဌာနခ်ဳပ္မွ ကိုကုိးကြၽန္းၿမိဳ႕သို႔ပို႔ေဆာင္ ေပးသည္။ 

အဆုိပါ ေလယာဥ္သည္ ကုိကုိးကြၽန္းၿမိဳ႕မွ တပ္မေတာ္သားမ်ားႏွင့္ ေဒသခံျပည္သူ ၄ဝဦးႏွင့္ ကုန္ပစၥည္းမ်ား တင္ေဆာင္၍ ျပန္လည္ထြက္ခြာလာရာ မြန္းလြဲပုိင္းတြင္ ရန္ကုန္ၿမိဳ႕သုိ႔ ျပန္လည္ ေရာက္ရွိခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့် ကုန်ပစ္စည်းများ ပို့ဆောင်

နေပြည်တော် စက်တင်ဘာ ၂၅

ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သား မိသားစု ဝင်များ သက်သာ ချောင်ချိရေးအတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်သားများနှင့် ဒေသခံပြည်သူ ၃ဝ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများကို တပ်မတော်(လေ)မှ စီစဉ်ပေးသောလေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ပို့ဆောင် ပေးသည်။

အဆိုပါ လေယာဉ်သည် ကိုကိုးကျွန်းမြို့မှ တပ်မတော်သားများနှင့် ဒေသခံပြည်သူ ၄ဝဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment