“ သားေကာင္းတို႔ အေမ DSA “
***********************
! မေမ့ဘူး အေမ
မိဘရင္ခြင္က ထြက္ခြာလာတဲ့သားေတြကို
ရင္အစံုဖြင့္လို႔ ေႏြးေထြးစြာႀကိဳဆိုခဲ့တဲ့ အေမ …
! မေမ့ဘူး အေမ
ငယ္႐ြယ္ႏုနယ္ေသးတဲ့ နွလံုးသားေလးေတြကို
ရင့္က်က္တည္ၿငိမ္လာေအာင္ သင္ေပးခဲ့တဲ့ အေမ …
! မေမ့ဘူး အေမ
အလႊာေပါင္းစံုက မတစ္ေထာင္သားေတြကို
တစ္ေသြးတစ္သားတည္း ျဖစ္ေစခဲ့တဲ့ အေမ …
! မေမ့ဘူး အေမ
မတူညီတဲ့စရိုက္အမ်ိဳးမ်ိဳးက သက္ဆင္းလာသူေတြကို
ပံုစံတစ္ခုတည္းက်ေအာင္ ထုဆစ္ပံုသြင္းေပးခဲ့တဲ့ အေမ …
! မေမ့ဘူး အေမ
လြတ္လပ္မႈကိုခံုမင္တတ္တဲ့ လူငယ္ဘဝေတြကို
စည္းကမ္းေတြၾကားမွာ ေနသားက်ဖို႔ပဲ့ျပင္ေပးခဲ့တဲ့ အေမ …
! မေမ့ဘူး အေမ
အသက္အ႐ြယ္ေတြအနည္းငယ္သာ ကြာျခားေပမယ့္
အခ်င္းခ်င္းႀကီးစဥ္ငယ္လိုက္ထိန္းတတ္ဖို႔ သြန္သင္ခဲ့တဲ့ အေမ …
! မေမ့ဘူး အေမ
အခက္အခဲမွန္သမွ်ကို ရင္ဆိုင္ေျဖရွင္းရဲေစဖို႔
ခိုင္မာတဲ့စိတ္ဓာတ္ေတြ ရိုက္သြင္းေပးခဲ့တဲ့ အေမ …
! မေမ့ဘူး အေမ
တိုင္းျပည္နဲ့ လူမ်ိဳးကို ကာကြယ္ေစာင့္ေရွာက္နိုင္ဖို႔
စြန္႔လႊတ္စြန္႔စားရဲတဲ့သတၱိေတြ ထည့္သြင္းေပးခဲ့တဲ့ အေမ …
! မေမ့ဘူး အေမ
နိုင္ငံ့အက်ိဳးကိုက်ရာေနရာက သယ္ပိုးထမ္း႐ြက္နိုင္ဖို႔
အတတ္ပညာမ်ိဳးစံုကို သင္ၾကားလမ္းၫႊန္ေပးခဲ့တဲ့ အေမ …
! မေမ့ဘူး အေမ
ခုနွစ္သကၠရာဇ္ေတြ အလီလီေျပာင္းသြားသည့္တိုင္
ဘယ္ေတာ့မွအိုမင္းမသြားတ့ဲ ထာဝရႏုပ်ိဳျခင္းေတြနဲ႔
သားေကာင္းေတြကို နွစ္စဥ္ေမြးထုတ္ေပးေနတဲ့ အေမ …
! အခုေတာ့ေလ
အေမ့သားတခ်ိဳ႕က နိုင္ငံ့ေခါင္းေဆာင္ႀကီးေတြျဖစ္လို႔
အေမ့သားတခ်ိဳ႕ကေတာ့ သူရဲေကာင္းႀကီးေတြျဖစ္ခဲ့ၾကၿပီ
က်န္တဲ့အေမ့သားေတြလည္းတာဝန္ေက်ဖို႔ႀကိဳးပမ္းလ်က္ပါ အေမ
! စိတ္ခ်ပါ အေမ
အေမေပးတဲ့ခြန္အားေတြနဲ႔ နိုင္ငံေတာ္ကိုအက်ိဳးျပဳလို႔
အေမေပးတဲ့သတၱိေတြနဲ႔ အမိေျမႀကီးကိုကာကြယ္ရင္း
အေမ့ေက်းဇူးကိုေအာက္ေမ့စြာ ရင္ထဲမွာအၿမဲရွိေနမွာပါ အေမ …
ေလးစားစြာျဖင့္
A Lin Yaung ( အလင္းေရာင္ )
“ သားကောင်းတို့ အမေ DSA “
***********************
! မမေ့ဘူး အမေ
မိဘရင်ခွင်က ထွက်ခွာလာတဲ့သားတွေကို
ရင်အစုံဖွင့်လို့ နွေးထွေးစွာကြိုဆိုခဲ့တဲ့ အမေ …
! မမေ့ဘူး အမေ
ငယ်ရွယ်နုနယ်သေးတဲ့ နှလုံးသားလေးတွေကို
ရင့်ကျက်တည်ငြိမ်လာအောင် သင်ပေးခဲ့တဲ့ အမေ …
! မမေ့ဘူး အမေ
အလွှာပေါင်းစုံက မတစ်ထောင်သားတွေကို
တစ်သွေးတစ်သားတည်း ဖြစ်စေခဲ့တဲ့ အမေ …
! မမေ့ဘူး အမေ
မတူညီတဲ့စရိုက်အမျိုးမျိုးက သက်ဆင်းလာသူတွေကို
ပုံစံတစ်ခုတည်းကျအောင် ထုဆစ်ပုံသွင်းပေးခဲ့တဲ့ အမေ …
! မမေ့ဘူး အမေ
လွတ်လပ်မှုကိုခုံမင်တတ်တဲ့ လူငယ်ဘဝတွေကို
စည်းကမ်းတွေကြားမှာ နေသားကျဖို့ပဲ့ပြင်ပေးခဲ့တဲ့ အမေ …
! မမေ့ဘူး အမေ
အသက်အရွယ်တွေအနည်းငယ်သာ ကွာခြားပေမယ့်
အချင်းချင်းကြီးစဉ်ငယ်လိုက်ထိန်းတတ်ဖို့ သွန်သင်ခဲ့တဲ့ အမေ …
! မမေ့ဘူး အမေ
အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖြေရှင်းရဲစေဖို့
ခိုင်မာတဲ့စိတ်ဓာတ်တွေ ရိုက်သွင်းပေးခဲ့တဲ့ အမေ …
! မမေ့ဘူး အမေ
တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့
စွန့်လွှတ်စွန့်စားရဲတဲ့သတ္တိတွေ ထည့်သွင်းပေးခဲ့တဲ့ အမေ …
! မမေ့ဘူး အမေ
နိုင်ငံ့အကျိုးကိုကျရာနေရာက သယ်ပိုးထမ်းရွက်နိုင်ဖို့
အတတ်ပညာမျိုးစုံကို သင်ကြားလမ်းညွှန်ပေးခဲ့တဲ့ အမေ …
! မမေ့ဘူး အမေ
ခုနှစ်သက္ကရာဇ်တွေ အလီလီပြောင်းသွားသည့်တိုင်
ဘယ်တော့မှအိုမင်းမသွားတဲ့ ထာဝရနုပျိုခြင်းတွေနဲ့
သားကောင်းတွေကို နှစ်စဉ်မွေးထုတ်ပေးနေတဲ့ အမေ …
! အခုတော့လေ
အမေ့သားတချို့က နိုင်ငံ့ခေါင်းဆောင်ကြီးတွေဖြစ်လို့
အမေ့သားတချို့ကတော့ သူရဲကောင်းကြီးတွေဖြစ်ခဲ့ကြပြီ
ကျန်တဲ့အမေ့သားတွေလည်းတာဝန်ကျေဖို့ကြိုးပမ်းလျက်ပါ အမေ
! စိတ်ချပါ အမေ
အမေပေးတဲ့ခွန်အားတွေနဲ့ နိုင်ငံတော်ကိုအကျိုးပြုလို့
အမေပေးတဲ့သတ္တိတွေနဲ့ အမိမြေကြီးကိုကာကွယ်ရင်း
အမေ့ကျေးဇူးကိုအောက်မေ့စွာ ရင်ထဲမှာအမြဲရှိနေမှာပါ အမေ …
လေးစားစွာဖြင့်
A Lin Yaung ( အလင်းရောင် )



0 comments:
Post a Comment