Sunday, September 16, 2018

" စစ္တကၠသိုလ္ "

" စစ္တကၠသိုလ္ "
============

! အဲ႔ဒီ တကၠသိုလ္ေပါ့
အမွတ္ေကာင္းေတြရထားရက္ေတာင္ ဝါသနာေၾကာင့္ေရြးခ်ယ္ၿပီး
ရင္ဘတ္ခ်င္းတူတဲ႔ညီအကိုေတြ တက္ေရာက္ၾကတဲ႔ တကၠသိုလ္

! အဲ႔ဒီ တကၠသိုလ္ေပါ့
လက္ရံုးရည္ ႏွလံုးရည္နဲ႔ ျပည့္ဝတဲ႔ ႏိုင္ငံ႔သားေကာင္းေတြကို
ႏွစ္စဥ္ႏွစ္တိုင္း ေမြးထုတ္ပ်ိဳးေထာင္ေပးေနတဲ႔ တကၠသိုလ္

! အဲ႔ဒီ တကၠသိုလ္ေပါ့
လူငယ္တစ္ေယာက္ရဲ႕ လြတ္လပ္ျခင္းေတြကို စြန္႔ပစ္​လို႔
ရင့္က်က္တည္ၿငိမ္လာေအာင္ သင္ၾကားေပးေနတဲ႔ တကၠသိုလ္

! အဲ႔ဒီ တကၠသိုလ္ေပါ့
အလႊာေပါင္းစံုက ဘဝပံုရိပ္ေတြကို ​ေဖ်ာက္ဖ်က္လို႔
တစ္သားတည္းျဖစ္ေအာင္ ပံုသြင္းေပးေနတဲ႔ တကၠသိုလ္

! အဲ႔ဒီ တကၠသိုလ္ေပါ့
အတၱအတြက္လက္နက္ကိုင္တဲ႔ အဖ်က္ရန္ေတြကိုေခ်မႈန္းဖို႔
ခက္ခဲနက္နဲတဲ႔စစ္ပညာေတြကို သင္ၾကားေပးေနတဲ႔ တကၠသိုလ္

! အဲ႔ဒီ တကၠသိုလ္ေပါ့
စည္းကမ္းေကာင္းမြန္ၿပီး စြမ္းရည္ျပည့္ဝတဲ႔
ေခါင္းေဆာင္ေကာင္းေတြ ေပၚထြန္းလာေစတဲ႔ တကၠသိုလ္

! အဲ႔ဒီ တကၠသိုလ္ေပါ့
အမိေျမအတြက္ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္အျဖစ္
က်ရာတာဝန္ထမ္းႏုိင္ေအာင္ေလ့က်င့္ေပးေနတဲ႔တကၠသိုလ္​

! အဲ႔ဒီ တကၠသိုလ္ေပါ့
ေလွခြက္ခ်ည္းက်န္အလံမလဲွ ဒူးမေထာက္လက္မေျမာက္တဲ႔
ရဲရင့္တဲ႔စိတ္ဓာတ္ေကာင္းေတြ ရိုက္သြင္းေပးေနတဲ႔ တကၠသိုလ္

! အဲ႔ဒီ တကၠသိုလ္ေပါ့
ျမင့္ျမတ္တဲ႔ေယာက်္ား ေယာက်္ားထဲကမွစစ္သား
အဖိုးတန္လူသားေတြကို ေမြးဖြားေပးေနတဲ႔ တကၠသိုလ္

! အဲ႔ဒီ တကၠသိုလ္ေပါ့
အေရွ႕ေတာင္အာရွမွာ ဝံ့ၾကြားစြာလက္မေထာင္နိုင္တဲ႔
"ေနာင္တစ္ခတ္ရဲ႕ေအာင္စစ္သည္"တို႔ ေမြးဖြားရာ စစ္တကၠသိုလ္ ..

ေလးစားစြာျဖင့္

#A Lin Yaung ( အလင္းေရာင္ )


Image may contain: one or more people, grass, outdoor and nature

" စစ်တက္ကသိုလ် "
============

! အဲ့ဒီ တက္ကသိုလ်ပေါ့
အမှတ်ကောင်းတွေရထားရက်တောင် ဝါသနာကြောင့်ရွေးချယ်ပြီး
ရင်ဘတ်ချင်းတူတဲ့ညီအကိုတွေ တက်ရောက်ကြတဲ့ တက္ကသိုလ်

! အဲ့ဒီ တက္ကသိုလ်ပေါ့
လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်ဝတဲ့ နိုင်ငံ့သားကောင်းတွေကို
နှစ်စဉ်နှစ်တိုင်း မွေးထုတ်ပျိုးထောင်ပေးနေတဲ့ တက္ကသိုလ်

! အဲ့ဒီ တက္ကသိုလ်ပေါ့
လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ခြင်းတွေကို စွန့်ပစ်လို့
ရင့်ကျက်တည်ငြိမ်လာအောင် သင်ကြားပေးနေတဲ့ တက္ကသိုလ်

! အဲ့ဒီ တက္ကသိုလ်ပေါ့
အလွှာပေါင်းစုံက ဘဝပုံရိပ်တွေကို ဖျောက်ဖျက်လို့
တစ်သားတည်းဖြစ်အောင် ပုံသွင်းပေးနေတဲ့ တက္ကသိုလ်

! အဲ့ဒီ တက္ကသိုလ်ပေါ့
အတ္တအတွက်လက်နက်ကိုင်တဲ့ အဖျက်ရန်တွေကိုချေမှုန်းဖို့
ခက်ခဲနက်နဲတဲ့စစ်ပညာတွေကို သင်ကြားပေးနေတဲ့ တက္ကသိုလ်

! အဲ့ဒီ တက္ကသိုလ်ပေါ့
စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝတဲ့
ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာစေတဲ့ တက္ကသိုလ်

! အဲ့ဒီ တက္ကသိုလ်ပေါ့
အမိမြေအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်
ကျရာတာဝန်ထမ်းနိုင်အောင်လေ့ကျင့်ပေးနေတဲ့တက္ကသိုလ်

! အဲ့ဒီ တက္ကသိုလ်ပေါ့
လှေခွက်ချည်းကျန်အလံမလဲှ ဒူးမထောက်လက်မမြောက်တဲ့
ရဲရင့်တဲ့စိတ်ဓာတ်ကောင်းတွေ ရိုက်သွင်းပေးနေတဲ့ တက္ကသိုလ်

! အဲ့ဒီ တက္ကသိုလ်ပေါ့
မြင့်မြတ်တဲ့ယောကျ်ား ယောကျ်ားထဲကမှစစ်သား
အဖိုးတန်လူသားတွေကို မွေးဖွားပေးနေတဲ့ တက္ကသိုလ်

! အဲ့ဒီ တက္ကသိုလ်ပေါ့
အရှေ့တောင်အာရှမှာ ဝံ့ကြွားစွာလက်မထောင်နိုင်တဲ့
"နောင်တစ်ခတ်ရဲ့အောင်စစ်သည်"တို့ မွေးဖွားရာ စစ်တက္ကသိုလ် ..

လေးစားစွာဖြင့်


#A Lin Yaung ( အလင်းရောင် )


0 comments:

Post a Comment