တစ္ေန႔က …
ကိုယ္တို႔ စခန္းက ေခြးတစ္ေကာင္ေပ်ာက္သြားတယ္ ။
ရဲေဘာ္ေတြကို ေမးၾကည့္ေတာ့ …
ေအာက္ကိုဆင္းသြားတာ ေတြ႕လိုက္တယ္ ဆိုတာက လြဲလို႔
က်န္တဲ႔အေျဖအတိအက် ဘာမွမသိခဲ႔ရဘူး ။
အဲလိုနဲ႔ အဲေခြးေလး …
တစ္ပါတ္ေလာက္ ေပ်ာက္ေနခဲ႔ရတယ္ ။
မေန႔ကေတာ့ …
မိုးေငြ႕နဲ႕ အတူ
အပုပ္နံ႕က တစ္ခ်က္ တစ္ခ်က္ သဲ႔သဲ႔လာလို႔
ကိုယ္တို႔ စုဖြဲ႕ျပီး ေအာက္ကို ဆင္းၾကည့္ၾကတယ္ … ။
ထင္ထားတဲ႕ အတိုင္းပါပဲ
အဲဒီေခြးေလး ကုန္းတစ္ဝက္ေလာက္မွာ ေသေနတယ္
ေနာက္ေျခေထာက္တစ္ဖက္က …
ရန္သူ ေထာင္ထားတဲ႔ တိုက္မိုင္း တိုက္မိခဲ႔ပံုပဲ ။
အရင္းနားကေန …
အသားေတြ ဖြာျပီး ျပတ္ေနတယ္ ။
ဒီ႔ထက္ပို စိတ္မေကာင္းျဖစ္ရတာက …
ေခြးေလးဟာ စခန္းကုန္းေပၚကို မ်က္နွာမူထားျပီးေသေနတာပဲ
သူ႕ခမ်ာ က်န္ေနေသးတဲ႔ ေျခလက္ေတြနဲ႔ …
ဒဏ္ရာေတြ ရထားတဲ႔ ၾကားထဲကေန
အတင္းရုန္းကန္ျပီး တက္လာခဲ႔တဲ႔ပံုပါပဲ ။
ေျမၾကီးေပၚမွာ …
သူ႔ရဲ႕ လက္က်န္အားေလးနဲ႔
ကုပ္ဖက္တြယ္တက္ထားတဲ႔ အရာေတြဟာ ဗလဗြနဲ႔ေပါ့ ။
သူ ဘာလို႔ အသံမေပးခဲ႔တာလဲလို႔ ကိုယ္စဥ္းစားမိတယ္
သူ မိုင္းနင္းမိတဲ႔ေနရာက စခန္းနဲ႔ေဝးျပီး …
သူ အဲဒီကေန ဒီအထိ ၾကိဳးစားျပန္လာခဲ႔ရင္း
စခန္းနားေရာက္ေတာ့ သူ အသံကို မထြက္နိုင္ေလာက္ေအာင္
အားကုန္သြားခဲ႔ပံု ရတယ္ … ။
တကယ္လို႔ အသံထြက္ရင္ေတာင္ ခပ္ယဲ႔ယဲ႔ေပါ့ေလ …
ေတာၾကီးမ်က္မည္းထဲ ပိုးမႊားေကာင္ေတြနဲ႕
မိုးသံေလသံေတြ သည္းထန္ေနတဲ႔ အေနအထားမွာ
ေတာင္တစ္္ဝက္က ေခြးတစ္ေကာင္ရဲ႕ ညည္းသံသဲ႔သဲ႔ကို
ေတာင္ေပၚကလူေတြ ၾကားနိုင္ဖို႕ ဆိုတာ တကယ္မွ မလြယ္ဘဲေလ ။
ေဆာင္းရာသီမို႕ …
ေျမာက္ျပန္ေလကလဲ အရိုးကြဲမတတ္ တိုက္ေနတာေတာ့
ပိုဆိုးတာေပါ့ေလ … ။
ကိုယ္ သူ႔ရဲ႕ အေလာင္းကို စိတ္မေကာင္းျခင္းၾကီးစြာ ၾကည့္မိတယ္
သူ႔ရဲ႕မ်က္လံုးေတြဟာ စခန္းကုန္းေပၚကို
ေနာက္ဆံုးထြက္သက္အထိ မမိွတ္မသုန္နဲ႔ ၾကည့္ေနခဲ႔ပံုပဲ ။
သူ … သိတယ္
ဒီကုန္းဟာ သူ႕အိမ္ပဲ …
သူ႔ အိမ္ကို ေရာက္ရင္ သူ အဆင္ေျပျပီ
သူ႔အိမ္မွာ သူ႔ကိုေဆးကုေပးမယ့္သူေတြ ရွိတယ္
သူ႔ကို အစာေကြ်းမယ့္ သူေတြ ရွိတယ္ …
အခ်မ္းေျပေအာင္ မီးဖိုေပးမယ့္ သူေတြ ရွိတယ္
သူ႔မိန္းမနဲ႔ ကေလးေတြ ရွိတယ္ … ။
သူ … သိတယ္
သူ႔အိမ္ကို ေရာက္ရင္ သူ အကုန္အဆင္ေျပျပီ
တစ္လမ္းလံုး ရုန္းကန္ခဲ႔ရသမ်ွ ေဝဒနာဆိုးေတြဟာ
အဆင္ေျပသက္သာသြားေတာ့မွာကို
ေနာက္ဆံုး ဒုကၡတိဘဝနဲ႔ သူ တစ္သက္လံုးေနခဲ႔ရရင္ေတာင္
သူ႔အတြက္ ေနဖို႔ စားဖို႔ မပူရေတာ့ဘူး ဆိုတာ … ။
ဒါေပမယ့္ …
သူ … အိမ္ျပန္မေရာက္နိုင္ရွာခဲ႔ဘ
မိုးသည္းညဟာ သူ႕အတြက္ ကံၾကမၼာဆိုးပဲ
သူဟာ သူ႔အိမ္နားအထိ ေရာက္ခဲ႔ေပမယ့္
သူ႔အိမ္ထဲအထိေတာ့ မေရာက္နိုင္ခဲ႔ရွာဘူူး … ။
သူ … ဘယ္ေလာက္မ်ား ခံရခက္လိုက္မလဲ …
သူ … ဘယ္ေလာက္မ်ား နာက်င္ေၾကကြဲလိုက္မလဲလို႔
ကိုယ္ ေတြးေနမိတယ္ … ။
ဒီအေတြးဟာ …
ဘယ္ဘက္ရင္အံုထဲက နွလံုးသားကို
အျပင္ဘက္ကို ဆြဲထုတ္ျပီး ျဖတ္အရိုက္ခံလိုက္ရသလိုပဲ ။
ဘရတ္ဒ္ပစ္႐ိုက္ထားတဲ႔
FURY(ျဖဴရီ) ဆိုတဲ႔ စစ္ကားေလးကို သြားသတိရမိတယ္ ။
ဂ်ာမန္ေတြ ခ်ီတက္လာမယ့္ လမ္းေၾကာင္းေပၚ …
FURY ဆိုတဲ႔ တင့္ကားၾကီး မိုင္းနင္းမိျပီး ဆက္သြားလို႔မရေတာ့
အဖြဲ႕ဝင္ေတြအားလံုးက တင့္ကားကို စြန္႔ခြာဖို႔ ျပင္ၾကတယ္ ။
ဘရတ္ဒ္ပစ္က ျပန္လိုက္ဖို႕ ျငင္းတယ္
'' မင္း ရူးေနလား '' လို႔ သူ႔ရဲေဘာ္ေတြက ေဒါသတၾကီးေျပာေတာ့
ဘရတ္ဒ္ပစ္က မဲ႔ျပံဳးေလး ျပံဳးျပီး ပုခံုးနွစ္ဖက္ကို တြန္႔ျပီးေျဖတယ္ ။
'' ငါ … ျပန္မလိုက္ဘူး
ဒါ … ငါ့အိမ္ပဲ '' တဲ႔ ။
အဲဒီအခန္းကို ၾကည့္မိတဲ႔အခ်ိန္
မ်က္ရည္စတခ်ိဳ႕က ကိုယ့္မ်က္ဝန္းထဲမွာ ေဝ့ကနဲ ပါပဲ ။
ေၾသာ္ … အိမ္ တဲ႔ လား ။
မိတ္ေဆြတို႔ …
ခင္ဗ်ားတို႔မွာ အိမ္ဆိုတာမ်ား ရွိခဲ႔မယ္ဆိုရင္
ခ်စ္စရာေကာင္းတဲ့ မိသားစု အသိုက္အျမံဳေလးသာ
ပိုင္ဆိုင္ခြင့္ရခဲ႔မယ္ဆိုရ
အတူေနရတဲ႔ အခိုက္မွာ တန္ဖိုးထားၾကပါ
ခ်စ္ခင္ျမတ္နိုးၾကပါ
ရိုေသေလးစားၾကပါ - လို႔ မွာလိုပါတယ္ ။
ေလာကၾကီးမွာ …
ေသေလာက္ေအာင္ အိမ္ျပန္ခ်င္ေပမယ့္
အိမ္ကိုျပန္ခြင့္ မရခဲ႔ရွာတဲ႔ …
အိမ္ကိုဘယ္ေတာ့မွ ျပန္မေရာက္နိုင္တဲ႔
အိမ္ျပန္ဖို႔ဘယ္ေတာ့မွ ဘယ္ေတာ့မွ မျဖစ္နိုင္ေတာ့တဲ႔
ဘဝေတြမ်ားစြာ ရွိတတ္ၾကပါတယ္ ။
ဒီ့အတြက္ အခြင့္အေရးရတုန္းမွာ …
မိတ္ေဆြတို႔ရဲ႕အိမ္ကို မိသားစုကို
ခ်စ္ခင္ျမတ္နိုး တန္ဖိုးထားၾကပါ ဗ်ာ ။
ဒါဟာ …
ဒီကမာၻေလာကၾကီးမွာ
ခင္ဗ်ားတို႔ ရွိမွန္းေတာင္မသိခင္ ေပ်ာက္ကြယ္ခဲ႔ရတဲ႔
ေသေလာက္ေအာင္အိမ္ျပန္ခဲ႔ခ်င
အိမ္ကိုမျပန္ခဲ႔နိုင္ရွာတဲ႔
စစ္ေခြးေလးတစ္ေကာင္ရဲ႕ အမွာစကားပါပဲ … ။ ။
credit-ေဇယ်ေက်ာ္ထင္

တစ်နေ့က …
ကိုယ်တို့ စခန်းက ခွေးတစ်ကောင်ပျောက်သွားတယ် ။
ရဲဘော်တွေကို မေးကြည့်တော့ …
အောက်ကိုဆင်းသွားတာ တွေ့လိုက်တယ် ဆိုတာက လွဲလို့
ကျန်တဲ့အဖြေအတိအကျ ဘာမှမသိခဲ့ရဘူး ။
အဲလိုနဲ့ အဲခွေးလေး …
တစ်ပါတ်လောက် ပျောက်နေခဲ့ရတယ် ။
မနေ့ကတော့ …
မိုးငွေ့နဲ့ အတူ
အပုပ်နံ့က တစ်ချက် တစ်ချက် သဲ့သဲ့လာလို့
ကိုယ်တို့ စုဖွဲ့ပြီး အောက်ကို ဆင်းကြည့်ကြတယ် … ။
ထင်ထားတဲ့ အတိုင်းပါပဲ
အဲဒီခွေးလေး ကုန်းတစ်ဝက်လောက်မှာ သေနေတယ်
နောက်ခြေထောက်တစ်ဖက်က …
ရန်သူ ထောင်ထားတဲ့ တိုက်မိုင်း တိုက်မိခဲ့ပုံပဲ ။
အရင်းနားကနေ …
အသားတွေ ဖွာပြီး ပြတ်နေတယ် ။
ဒီ့ထက်ပို စိတ်မကောင်းဖြစ်ရတာက …
ခွေးလေးဟာ စခန်းကုန်းပေါ်ကို မျက်နှာမူထားပြီးသေနေတာပဲ
သူ့ခမျာ ကျန်နေသေးတဲ့ ခြေလက်တွေနဲ့ …
ဒဏ်ရာတွေ ရထားတဲ့ ကြားထဲကနေ
အတင်းရုန်းကန်ပြီး တက်လာခဲ့တဲ့ပုံပါပဲ ။
မြေကြီးပေါ်မှာ …
သူ့ရဲ့ လက်ကျန်အားလေးနဲ့
ကုပ်ဖက်တွယ်တက်ထားတဲ့ အရာတွေဟာ ဗလဗွနဲ့ပေါ့ ။
သူ ဘာလို့ အသံမပေးခဲ့တာလဲလို့ ကိုယ်စဉ်းစားမိတယ်
သူ မိုင်းနင်းမိတဲ့နေရာက စခန်းနဲ့ဝေးပြီး …
သူ အဲဒီကနေ ဒီအထိ ကြိုးစားပြန်လာခဲ့ရင်း
စခန်းနားရောက်တော့ သူ အသံကို မထွက်နိုင်လောက်အောင်
အားကုန်သွားခဲ့ပုံ ရတယ် … ။
တကယ်လို့ အသံထွက်ရင်တောင် ခပ်ယဲ့ယဲ့ပေါ့လေ …
တောကြီးမျက်မည်းထဲ ပိုးမွှားကောင်တွေနဲ့
မိုးသံလေသံတွေ သည်းထန်နေတဲ့ အနေအထားမှာ
တောင်တစ်ဝက်က ခွေးတစ်ကောင်ရဲ့ ညည်းသံသဲ့သဲ့ကို
တောင်ပေါ်ကလူတွေ ကြားနိုင်ဖို့ ဆိုတာ တကယ်မှ မလွယ်ဘဲလေ ။
ဆောင်းရာသီမို့ …
မြောက်ပြန်လေကလဲ အရိုးကွဲမတတ် တိုက်နေတာတော့
ပိုဆိုးတာပေါ့လေ … ။
ကိုယ် သူ့ရဲ့ အလောင်းကို စိတ်မကောင်းခြင်းကြီးစွာ ကြည့်မိတယ်
သူ့ရဲ့မျက်လုံးတွေဟာ စခန်းကုန်းပေါ်ကို
နောက်ဆုံးထွက်သက်အထိ မမှိတ်မသုန်နဲ့ ကြည့်နေခဲ့ပုံပဲ ။
သူ … သိတယ်
ဒီကုန်းဟာ သူ့အိမ်ပဲ …
သူ့ အိမ်ကို ရောက်ရင် သူ အဆင်ပြေပြီ
သူ့အိမ်မှာ သူ့ကိုဆေးကုပေးမယ့်သူတွေ ရှိတယ်
သူ့ကို အစာကျွေးမယ့် သူတွေ ရှိတယ် …
အချမ်းပြေအောင် မီးဖိုပေးမယ့် သူတွေ ရှိတယ်
သူ့မိန်းမနဲ့ ကလေးတွေ ရှိတယ် … ။
သူ … သိတယ်
သူ့အိမ်ကို ရောက်ရင် သူ အကုန်အဆင်ပြေပြီ
တစ်လမ်းလုံး ရုန်းကန်ခဲ့ရသမျှ ဝေဒနာဆိုးတွေဟာ
အဆင်ပြေသက်သာသွားတော့မှာကို … ။
နောက်ဆုံး ဒုက္ခတိဘဝနဲ့ သူ တစ်သက်လုံးနေခဲ့ရရင်တောင်
သူ့အတွက် နေဖို့ စားဖို့ မပူရတော့ဘူး ဆိုတာ … ။
ဒါပေမယ့် …
သူ … အိမ်ပြန်မရောက်နိုင်ရှာခဲ့ဘူး
မိုးသည်းညဟာ သူ့အတွက် ကံကြမ္မာဆိုးပဲ
သူဟာ သူ့အိမ်နားအထိ ရောက်ခဲ့ပေမယ့်
သူ့အိမ်ထဲအထိတော့ မရောက်နိုင်ခဲ့ရှာဘူူး … ။
သူ … ဘယ်လောက်များ ခံရခက်လိုက်မလဲ …
သူ … ဘယ်လောက်များ နာကျင်ကြေကွဲလိုက်မလဲလို့
ကိုယ် တွေးနေမိတယ် … ။
ဒီအတွေးဟာ …
ဘယ်ဘက်ရင်အုံထဲက နှလုံးသားကို
အပြင်ဘက်ကို ဆွဲထုတ်ပြီး ဖြတ်အရိုက်ခံလိုက်ရသလိုပဲ ။
ဘရတ်ဒ်ပစ်ရိုက်ထားတဲ့
FURY(ဖြူရီ) ဆိုတဲ့ စစ်ကားလေးကို သွားသတိရမိတယ် ။
ဂျာမန်တွေ ချီတက်လာမယ့် လမ်းကြောင်းပေါ် …
FURY ဆိုတဲ့ တင့်ကားကြီး မိုင်းနင်းမိပြီး ဆက်သွားလို့မရတော့
အဖွဲ့ဝင်တွေအားလုံးက တင့်ကားကို စွန့်ခွာဖို့ ပြင်ကြတယ် ။
ဘရတ်ဒ်ပစ်က ပြန်လိုက်ဖို့ ငြင်းတယ်
'' မင်း ရူးနေလား '' လို့ သူ့ရဲဘော်တွေက ဒေါသတကြီးပြောတော့
ဘရတ်ဒ်ပစ်က မဲ့ပြုံးလေး ပြုံးပြီး ပုခုံးနှစ်ဖက်ကို တွန့်ပြီးဖြေတယ် ။
'' ငါ … ပြန်မလိုက်ဘူး
ဒါ … ငါ့အိမ်ပဲ '' တဲ့ ။
အဲဒီအခန်းကို ကြည့်မိတဲ့အချိန်
မျက်ရည်စတချို့က ကိုယ့်မျက်ဝန်းထဲမှာ ဝေ့ကနဲ ပါပဲ ။
သြော် … အိမ် တဲ့ လား ။
မိတ်ဆွေတို့ …
ခင်ဗျားတို့မှာ အိမ်ဆိုတာများ ရှိခဲ့မယ်ဆိုရင်
ချစ်စရာကောင်းတဲ့ မိသားစု အသိုက်အမြုံလေးသာ
ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် … … ။
အတူနေရတဲ့ အခိုက်မှာ တန်ဖိုးထားကြပါ
ချစ်ခင်မြတ်နိုးကြပါ
ရိုသေလေးစားကြပါ - လို့ မှာလိုပါတယ် ။
လောကကြီးမှာ …
သေလောက်အောင် အိမ်ပြန်ချင်ပေမယ့်
အိမ်ကိုပြန်ခွင့် မရခဲ့ရှာတဲ့ …
အိမ်ကိုဘယ်တော့မှ ပြန်မရောက်နိုင်တဲ့
အိမ်ပြန်ဖို့ဘယ်တော့မှ ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့
ဘဝတွေများစွာ ရှိတတ်ကြပါတယ် ။
ဒီ့အတွက် အခွင့်အရေးရတုန်းမှာ …
မိတ်ဆွေတို့ရဲ့အိမ်ကို မိသားစုကို
ချစ်ခင်မြတ်နိုး တန်ဖိုးထားကြပါ ဗျာ ။
ဒါဟာ …
ဒီကမ္ဘာလောကကြီးမှာ
ခင်ဗျားတို့ ရှိမှန်းတောင်မသိခင် ပျောက်ကွယ်ခဲ့ရတဲ့
သေလောက်အောင်အိမ်ပြန်ခဲ့ချင်ရှာပေမယ့်
အိမ်ကိုမပြန်ခဲ့နိုင်ရှာတဲ့ …
စစ်ခွေးလေးတစ်ကောင်ရဲ့ အမှာစကားပါပဲ … ။ ။
credit-ဇေယျကျော်ထင်
0 comments:
Post a Comment