
ေနျပည္ေတာ္ စက္တင္ဘာ ၂၅
ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕ရွိ ေဒသခံ ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆး ကုသေရး အဖြဲ႕က သံေတာင္ႀကီးၿမိဳ႕၊ အေျခခံပညာ အထက္တန္းေက်ာင္း၌ က်န္းမာေရး ေစာင့္ ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။
ထိုသို႔ေဆာင္ရြက္ ေပးရာတြင္ ေဆးကုသ ေရးအဖဲြ႕က ေဒသခံျပည္သူ ၁၄၅ ဦးတို႔ကို ေသြးတုိးေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ တုပ္ ေကြးေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ဆိုင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ ေဆးဝါး ကုသမႈမ်ားႏွင့္ ေရာဂါရွာေဖြကုသ ေပးျခင္းမ်ား ေဆာင္ရြက္ ေပး ခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
သံတောင်ကြီးမြို့ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေး အဖွဲ့က သံတောင်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၄၅ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ တုပ် ကွေးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများနှင့် ရောဂါရှာဖွေကုသ ပေးခြင်းများ ဆောင်ရွက် ပေး ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment