
ေနျပည္ေတာ္ စက္တင္ဘာ ၂၅
ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေနာင္ကားေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာရွိ ေနာင္ကားေတာင္ေက်ာင္းႀကီး ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။
ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖဲြ႕က ေဒသခံျပည္သူ ၇၃ဝ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အစာအိမ္ေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ အေထြေထြေရာဂါတို႔ ႏွင့္ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသမႈမ်ားႏွင့္ ဓာတ္မွန္႐ိုက္ျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္စစ္ေဆးျခင္း စသည့္ ေရာဂါ ရွာေဖြကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္ေသာ လူနာမ်ားအား ေတာင္ႀကီးၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ ေဆာင္ရြက္ေပးသည္။ 
ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္အဖဲြ႕ဝင္ မ်ားက သြားေရာက္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးသည္။ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖဲြ႕ဝင္မ်ားသည္ ေနာင္ကားေတာင္ေက်ာင္းႀကီး ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ ဘဒၵႏၲသီလာနႏၵအား ဖူးေျမာ္ကာ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း ခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ နောင်ကားတောင်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၇၃ဝ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် ဓာတ်မှန်ရိုက်ခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးခြင်း စသည့် ရောဂါ ရှာဖွေကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများအား တောင်ကြီးမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။ 
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် နောင်ကားတောင်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တသီလာနန္ဒအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment