ထို ့ေၾကာင့္ က်ေနာ္တို ့သိပ္ခ်စ္ၾကေလသည္
==========================
သိမ္ငယ္ေနတဲ့ မ်က္၀န္းတခ်ိဳ ့ကို ကြယ္၀ွက္ရင္း
မရွက္တမ္းလွမ္းေနတဲ့ ေျခလွမ္းေတြကို စားရိပ္သာဆီသို ့
ဦးတည္လိုက္မိတယ္.......။အေ
မေလာက္တဲ့အခ်ိန္ တစ္လရတဲ့ ဗိုလ္ေလာင္းလစာ
၂ ေသာင္းခြဲဆိုတာ ... တကယ္ေတာ့
မလုံေလာက္ခဲ့ဘူးေလ...... ။
ရာသီဥတုရဲၾကမ္းတမ္းမႈ ေတြ ့ႀကဳံရတဲ့
မိုးတြင္းကာလတိုင္း တလက္လက္မထႏိုင္ေတာ့တဲ့
စစ္ဖိနပ္ရွည္က တဖက္ေစာင္းေနၿပီ .... တစ္ရံကို
တေသာင္းေက်ာ္ရွိတဲ့အခ်ိန္ အသစ္မ၀ယ္ႏိုင္တိုင္း
အေဟာင္းတဖက္ကကို ပိုးပိုးစီးတတ္လာခဲ့တာက လြဲရင္
အသစ္ဆိုတဲ့ စကားလုံးကို မ်က္ကြယ္ျပဳထားခဲ့တာ
ၾကာၿပီ မဟုတ္လား.....။
သက္လုံ ၅ မိုင္ ေျပးၿပီးျပန္လာတာနဲ ့
ပထမဆုံးလုပ္ရမွာက ေရခ်ိဳးၿပီး ဖိုင္နယ္ရီးယား
ဂါဒီယမ္ ကို ေစာင့္ရမယ္ အကိုရင္းမေတာ္တဲ့ အကို
တေယာက္ရဲ ့ဂ႐ုစိုက္မႈဆိုတာ စစ္တကၠသိုလ္
ေရာက္မွ ကိုယ္တိုင္ေတြ ့ႀကဳံရတဲ့ အရာေတြေပါ့..။
စစ္တကၠသိုလ္ စေရာက္ေတာ့
ညတိုင္း ျခင္ေထာင္လာခ်ေပးၿပီး ေဘးမွာ
အိမ္အေၾကာင္းေတြ လာေမးတတ္တဲ့အကို ၊သူ ့အခန္းကို
သူသန္ ့ရွင္းေရး လုပ္တဲ့အခ်ိန္ ဖိနပ္ကေလး
အျမင္မေတာ္လို ့လက္နဲ ့ဖယ္ေပးလိုက္မိတာ ဖိနပ္ ကိုင္ရ
မလားဆိုၿပီး ဆြဲထိုးတဲ့ အကို ..။
အဲ့လို ညီအရင္းတစ္ေယာက္လို ခ်စ္တတ္တဲ့
ဂါဒီယမ္ အကို ့ကို က်ေနာ္ သိပ္ခ်စ္တယ္ ။
စာေမးပြဲအတြင္းမွာ စာက်က္တာ
အိပ္ခ်င္ေနမွာစိုးလို ့ ဇီးထုတ္ကေလးနဲ ့ေခါက္ဆြဲ
ျပဳတ္ထားတဲ့ ေရပုံးခတ္ႀကီးႀကီးနဲ ့ အေငြ ့တေထာင္း
ေထာင္း ထေနတဲ့ ေကာ္ဖီမစ္ကေလးနဲ ့
မပ်က္ကြက္ပဲ ဂ႐ုစိုက္တတ္တဲ့ သူေပါ့...။
Lance Corporal (LC)ေလးကို ကပ္ထားတဲ့
လက္ေမာင္းတဖက္မွာ တပ္ခြဲအုပ္ခ်ဳပ္မႈ ကိစၥေတြ
နဲ ့လံုးခ်ာလိုက္ေနျပန္ေတာ့ .....သူမ်ားေတြ
အိပ္ခ်ိန္ေရာက္မွ စာဖတ္ ၊ စာက်က္ရတာလဲ အခါခါ
အိပ္ခ်င္စိတ္ေတြ ႀကီးစိုးေနတဲ့...အခါ
ေကာ္ဖီမစ္ေတြအစား ေပါင္တံမွာ ေဘာလ္ပင္စူးရာ
ေတြပဲ အဖတ္တင္လာခဲ့တယ္......။
လတစ္လရဲ ့ေသာၾကာေန ့ကိုေရာက္တိုင္း
အၿမဲေတြးပူရတဲ့ အရာတစ္ခုက ၁၀၀ တန္ေလးတ႐ြက္
က်န္ပါ့မလား ဆိုတာကိုေပါ့....တပါတ္တခါ
ညႇပ္ရတဲ့ ေခါင္းေပၚက ဆံပင္ကိုၾကည့္ၿပီး တခါတေလ
၁၀၀ ေတာင္ရွာမရတဲ့ ဒုကၡကလည္း အႀကိမ္ႀကိမ္
ႀကဳံရၿမဲ...။
အာ့ေန ့က ေသာၾကာ သက္လုံေျပးၿပီး ျပန္
လာတဲ့အခ်ိန္ ၈ နာရီမွာစမယ့္ အစည္းအေ၀းမွာ
ပထမႏွစ္ဗိုလ္ေလာင္းတိုင္း ဆံပင္ညႇပ္အၿပီးေပါ့
အိပ္ကပ္ထဲ ထည့္စမ္းလို ့လက္ဗလာအတိုင္း ျပန္ပါလာရင္ ဖိုင္နယ္ရီးယား
ဂါဒီယမ္ဆီ က်ေနာ္ေျပးၿပီ...။
၂ မိနစ္ေလာက္ပဲ ၾကာတဲ့ ဆံပင္ညႇပ္ဆိုင္ထဲက
က်ေနာ္ထြက္လာေတာ့ တကိုယ္လုံး ေပါ့ပါးေနၿပီ
မျဖစ္မေနလုပ္ရမယ့္ အလုပ္တစ္ခု ၿပီးေျမာက္သြားတဲ့
အခ်ိန္ ျဖစ္ေပၚလာတတ္တဲ့ ခံစားခ်က္မ်ိဳးေပါ့...။
စေနေန ့ဗ်ဴဟာစသင္ေတာ့ က်ေနာ့္ဂါဒီယမ္
အ႐ိုက္ခံရတယ္ ဆိုတဲ့သတင္းကို
က်ေနာ္ သဲ့သဲ့ၾကားမိလိုက္တယ္...။
ေနာက္တရက္ေက်ာ္ တနဂၤေႏြေန ့ေရာက္ေတာ့
Out pass ရတဲ့အခ်ိန္ အဲ့ေန ့က က်ေနာ့္အေမ က်ေနာ့္ကို
ဧည့္ေတြ ့လာေတြ ့သည့္ေန ့။ တပ္ျပင္ထြက္ခြင့္
ေပးတဲ့ ၀တ္စုံတန္ဆာထဲက ခါးမွာပတ္တဲ့(ေ႐ႊႏွင္းဆီ)
ခါးပတ္က က်ိဴးသြားေတာ့ ေျပာင္လက္ေနေအာင္
ျပင္ဆင္ထားတဲ့ သူ ့ခါးပတ္ကို က်ေနာ့္ကို ေပးပတ္တယ္
အဲ့ေန ့က ရွားရွားပါးပါး ခ်စ္သူမ်ားေန ့ျပစ္ဒဏ္က်ဗိုလ္ေလာင္း
ကလြဲရင္ အကုန္ထြက္ၾကမည္မို ့မည္သူ ့ဆီကမွ ငွားမရ
ၿပီးေတာ့ (c)ေဆာင္က ဧည့္ေတြ ့ေဆာင္မွာ ေစာင့္ေနမယ့္
အစ္မတစ္ေယာက္ကို က်ေနာ္နဲ ့
လူႀကဳံပါးေပးလိုက္တဲ့ စာေလးတစ္ေစာင္။
ကိုယ့္ေ႐ွ ့မွာ မၿပဳံးေပ်ာ္ႏိုင္ေတာ့တဲ့ အစ္မ
တေယာက္ရဲ ့မ်က္ႏွာကို အကဲခတ္ရင္း အကိုေပး
လိုက္တဲ့ စာက ဘာမ်ားျဖစ္ေနမလဲ မအားလို ့ပါ
လို ့ေျပာလိုက္ပါဆိုတဲ့ အကို ့အမွာစကားကို က်ေနာ္
ပါးေတာ့ ျဖတ္ကနဲ ပ်က္သြားတဲ့ အဲ့အစ္မမ်က္ႏွာ။
က်ေနာ္တို ့ေသြးမေတာ္သားမစပ္ေပမယ့္
ဘာလို ့မ်ား ဂါဒီယမ္ေတြကို ညီအကိုရင္းလို ့ခ်စ္လဲဆိုရင္
..........................
..........................
..........................
..........................
.....................
...................
.....................
..........................
..........................
..........................
..........................
ဂါဒီယမ္=အထက္ေအာက္ အုပ္ခ်ဳပ္မႈ
လြယ္ကူေစရန္ ဖြဲ ့စည္းထားေသာ System တစ္ခု
Out pass=တပ္ျပင္ထြက္ခြင့္
Lance Corporal =ဒုတိယႏွစ္တြင္ တပ္ဆင္ရေသာ
တာ၀န္က် ဗိုလ္ေလာင္း အေဆာင္အေယာင္။
စာၾကြင္း။ ။
စေနေန ့အ႐ိုက္ခံရေသာ အကိုဂါဒီယမ္
ျပစ္မႈမွာ ဆံပင္မညႇပ္ေသာေၾကာင့္ ျဖစ္ပါသည္
အေၾကာင္းမွာ သူညႇပ္မည့္ပိုက္ဆံအား
က်ေနာ့္အား ေပးညႇပ္ေစေသာေၾကာင့္ ျဖစ္ပါသည္။
တနဂၤေႏြေန ့သူ ့ေကာင္မေလးဆီ ထြက္မေတြ ့
ရသည္မွ ကိုယ့္ခ်စ္သူထက္ ဂါဒီယမ္ညီငယ္
က်ေနာ့္ရဲ ့မိဘနဲ ့ေတြ ့မည္ကို
ဦးစားေပးလိုက္ေသာေၾကာင့္ ျဖစ္ပါသည္။
credit-အစိမ္းေရာင္ဘ၀မ်ား

ထို့ကြောင့် ကျနော်တို့သိပ်ချစ်ကြလေသည်
==============================
သိမ်ငယ်နေတဲ့ မျက်ဝန်းတချို့ကို ကွယ်ဝှက်ရင်း
မရှက်တမ်းလှမ်းနေတဲ့ ခြေလှမ်းတွေကို စားရိပ်သာဆီသို့
ဦးတည်လိုက်မိတယ်.......။အမေ့ဆေးဖိုး အဖေ့လစာနဲ့
မလောက်တဲ့အချိန် တစ်လရတဲ့ ဗိုလ်လောင်းလစာ
၂ သောင်းခွဲဆိုတာ ... တကယ်တော့
မလုံလောက်ခဲ့ဘူးလေ...... ။
ရာသီဥတုရဲကြမ်းတမ်းမှု တွေ့ကြုံရတဲ့
မိုးတွင်းကာလတိုင်း တလက်လက်မထနိုင်တော့တဲ့
စစ်ဖိနပ်ရှည်က တဖက်စောင်းနေပြီ .... တစ်ရံကို
တသောင်းကျော်ရှိတဲ့အချိန် အသစ်မဝယ်နိုင်တိုင်း
အဟောင်းတဖက်ကကို ပိုးပိုးစီးတတ်လာခဲ့တာက လွဲရင်
အသစ်ဆိုတဲ့ စကားလုံးကို မျက်ကွယ်ပြုထားခဲ့တာ
ကြာပြီ မဟုတ်လား.....။
သက်လုံ ၅ မိုင် ပြေးပြီးပြန်လာတာနဲ့
ပထမဆုံးလုပ်ရမှာက ရေချိုးပြီး ဖိုင်နယ်ရီးယား
ဂါဒီယမ် ကို စောင့်ရမယ် အကိုရင်းမတော်တဲ့ အကို
တယောက်ရဲ့ဂရုစိုက်မှုဆိုတာ စစ်တက္ကသိုလ်
ရောက်မှ ကိုယ်တိုင်တွေ့ကြုံရတဲ့ အရာတွေပေါ့..။
စစ်တက္ကသိုလ် စရောက်တော့
ညတိုင်း ခြင်ထောင်လာချပေးပြီး ဘေးမှာ
အိမ်အကြောင်းတွေ လာမေးတတ်တဲ့အကို ၊သူ့အခန်းကို
သူသန့်ရှင်းရေး လုပ်တဲ့အချိန် ဖိနပ်ကလေး
အမြင်မတော်လို့လက်နဲ့ဖယ်ပေးလိုက်မိတာ ဖိနပ် ကိုင်ရ
မလားဆိုပြီး ဆွဲထိုးတဲ့ အကို ..။
အဲ့လို ညီအရင်းတစ်ယောက်လို ချစ်တတ်တဲ့
ဂါဒီယမ် အကို့ကို ကျနော် သိပ်ချစ်တယ် ။
စာမေးပွဲအတွင်းမှာ စာကျက်တာ
အိပ်ချင်နေမှာစိုးလို့ ဇီးထုတ်ကလေးနဲ့ခေါက်ဆွဲ
ပြုတ်ထားတဲ့ ရေပုံးခတ်ကြီးကြီးနဲ့ အငွေ့တထောင်း
ထောင်း ထနေတဲ့ ကော်ဖီမစ်ကလေးနဲ့
မပျက်ကွက်ပဲ ဂရုစိုက်တတ်တဲ့ သူပေါ့...။
Lance Corporal (LC)လေးကို ကပ်ထားတဲ့
လက်မောင်းတဖက်မှာ တပ်ခွဲအုပ်ချုပ်မှု ကိစ္စတွေ
နဲ့လုံးချာလိုက်နေပြန်တော့ .....သူများတွေ
အိပ်ချိန်ရောက်မှ စာဖတ် ၊ စာကျက်ရတာလဲ အခါခါ
အိပ်ချင်စိတ်တွေ ကြီးစိုးနေတဲ့...အခါ
ကော်ဖီမစ်တွေအစား ပေါင်တံမှာ ဘောလ်ပင်စူးရာ
တွေပဲ အဖတ်တင်လာခဲ့တယ်......။
လတစ်လရဲ့သောကြာနေ့ကိုရောက်တိုင်း
အမြဲတွေးပူရတဲ့ အရာတစ်ခုက ၁၀၀ တန်လေးတရွက်
ကျန်ပါ့မလား ဆိုတာကိုပေါ့....တပါတ်တခါ
ညှပ်ရတဲ့ ခေါင်းပေါ်က ဆံပင်ကိုကြည့်ပြီး တခါတလေ
၁၀၀ တောင်ရှာမရတဲ့ ဒုက္ခကလည်း အကြိမ်ကြိမ်
ကြုံရမြဲ...။
အာ့နေ့က သောကြာ သက်လုံပြေးပြီး ပြန်
လာတဲ့အချိန် ၈ နာရီမှာစမယ့် အစည်းအဝေးမှာ
ပထမနှစ်ဗိုလ်လောင်းတိုင်း ဆံပင်ညှပ်အပြီးပေါ့
အိပ်ကပ်ထဲ ထည့်စမ်းလို့လက်ဗလာအတိုင်း ပြန်ပါလာရင် ဖိုင်နယ်ရီးယား
ဂါဒီယမ်ဆီ ကျနော်ပြေးပြီ...။
၂ မိနစ်လောက်ပဲ ကြာတဲ့ ဆံပင်ညှပ်ဆိုင်ထဲက
ကျနော်ထွက်လာတော့ တကိုယ်လုံး ပေါ့ပါးနေပြီ
မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခု ပြီးမြောက်သွားတဲ့
အချိန် ဖြစ်ပေါ်လာတတ်တဲ့ ခံစားချက်မျိုးပေါ့...။
စနေနေ့ဗျူဟာစသင်တော့ ကျနော့်ဂါဒီယမ်
အရိုက်ခံရတယ် ဆိုတဲ့သတင်းကို
ကျနော် သဲ့သဲ့ကြားမိလိုက်တယ်...။
နောက်တရက်ကျော် တနင်္ဂနွေနေ့ရောက်တော့
Out pass ရတဲ့အချိန် အဲ့နေ့က ကျနော့်အမေ ကျနော့်ကို
ဧည့်တွေ့လာတွေ့သည့်နေ့။ တပ်ပြင်ထွက်ခွင့်
ပေးတဲ့ ဝတ်စုံတန်ဆာထဲက ခါးမှာပတ်တဲ့(ရွှေနှင်းဆီ)
ခါးပတ်က ကျိူးသွားတော့ ပြောင်လက်နေအောင်
ပြင်ဆင်ထားတဲ့ သူ့ခါးပတ်ကို ကျနော့်ကို ပေးပတ်တယ်
အဲ့နေ့က ရှားရှားပါးပါး ချစ်သူများနေ့ပြစ်ဒဏ်ကျဗိုလ်လောင်း
ကလွဲရင် အကုန်ထွက်ကြမည်မို့မည်သူ့ဆီကမှ ငှားမရ
ပြီးတော့ (c)ဆောင်က ဧည့်တွေ့ဆောင်မှာ စောင့်နေမယ့်
အစ်မတစ်ယောက်ကို ကျနော်နဲ့
လူကြုံပါးပေးလိုက်တဲ့ စာလေးတစ်စောင်။
ကိုယ့်ရှေ့မှာ မပြုံးပျော်နိုင်တော့တဲ့ အစ်မ
တယောက်ရဲ့မျက်နှာကို အကဲခတ်ရင်း အကိုပေး
လိုက်တဲ့ စာက ဘာများဖြစ်နေမလဲ မအားလို့ပါ
လို့ပြောလိုက်ပါဆိုတဲ့ အကို့အမှာစကားကို ကျနော်
ပါးတော့ ဖြတ်ကနဲ ပျက်သွားတဲ့ အဲ့အစ်မမျက်နှာ။
ကျနော်တို့သွေးမတော်သားမစပ်ပေမယ့်
ဘာလို့များ ဂါဒီယမ်တွေကို ညီအကိုရင်းလို့ချစ်လဲဆိုရင်
............................................
.......................................
................................
..........................
.....................
...................
.....................
..........................
................................
.......................................
...............................................
ဂါဒီယမ်=အထက်အောက် အုပ်ချုပ်မှု
လွယ်ကူစေရန် ဖွဲ့စည်းထားသော System တစ်ခု
Out pass=တပ်ပြင်ထွက်ခွင့်
Lance Corporal =ဒုတိယနှစ်တွင် တပ်ဆင်ရသော
တာဝန်ကျ ဗိုလ်လောင်း အဆောင်အယောင်။
စာကြွင်း။ ။
စနေနေ့အရိုက်ခံရသော အကိုဂါဒီယမ်
ပြစ်မှုမှာ ဆံပင်မညှပ်သောကြောင့် ဖြစ်ပါသည်
အကြောင်းမှာ သူညှပ်မည့်ပိုက်ဆံအား
ကျနော့်အား ပေးညှပ်စေသောကြောင့် ဖြစ်ပါသည်။
တနင်္ဂနွေနေ့သူ့ကောင်မလေးဆီ ထွက်မတွေ့
ရသည်မှ ကိုယ့်ချစ်သူထက် ဂါဒီယမ်ညီငယ်
ကျနော့်ရဲ့မိဘနဲ့တွေ့မည်ကို
ဦးစားပေးလိုက်သောကြောင့် ဖြစ်ပါသည်။
credit-အစိမ်းရောင်ဘဝများ
0 comments:
Post a Comment