
#ယ;ေန႔ ေ႐ွ႕တန္းျပန္၀င္သည့္ေန႔
တပ္ရင္းမွဴးက စစ္၀င္မိန့္ခြန္းေျပာျပီးသည္နွင့္ သေကာင့္သားမ်ားက ေသနတ္အပ္၊ ေရခ်ိဳး အာမီရမ္ဆီသို ့သေ၀ထိုးၾကေလျပီ။
ည ၉နာရီခြဲတန္းစီေတာ့ ဖိနပ္ခါးၾကားထိုးသူကထိုး၊ တစ္ေယာက္ပုခံုး တစ္ေယာက္ဖက္လို႔ စိုင္းစိုင္ေမာဝ္ရဲ႕ 'ေတာင္ျပာတန္းကသိတယ္' သီခ်င္းကို အာေလးရွာေလး ဆိုၾကေလသတည္းေပါ့။
"ငါ့တို့ေကာင္ၾကီးသာ ျပန္ပါလာရင္ သိပ္ေပ်ာ္ဖို့ေကာင္းမွာ"
ငိုခ်င္းခ်လ်က္ေျပာသူက ေျပာေနၾကျပီ။
တန္းစီတာ၀န္ခံ လူပ်ိဳလိုင္း အင္ခ်ပ္ကေတာ့ သူ့တပည့္ေတြကို လူလိုက္စုေနခ်ိန္။
ဓါတ္မီးတိုင္ေအာက္မွာ ေမွာက္ေနတာက ဘယ္ႏွေယာက္၊
သက္သာဆိုင္မွာ မထႏိုင္တာက ဘယ္ႏွစ္ေယာက္၊
ဘားတိုက္ထဲမွာ
အန္ေနတာကဘယ္ႏွေယာက္၊
ဆရာ့ကို တပည့္ ေလးစားပါတယ္ဆိုျပီး ဘာမဆိုင္ညာမဆိုင္ အေလးလာျပဳေနသူက ဘယ္ႏွေယာက္ စသည္ျဖင့္ေပါ့ ။
ဒီအခ်ိန္မွာ အလုပ္အရွပ္ဆံုးလူကေတာ့ သံုးေယာက္ရွိတယ္... တပ္တြင္းသက္သာဆိုင္က တပ္ၾကပ္ၾကီးရယ္၊ ဗဟိုကင္းကင္းမွဴးရယ္ တပ္ရင္းတာ၀န္မွဴးရယ္ပါ။
ဗဟိုကင္း အခ်ဳပ္ကေတာ့ ၀င္လာမစဲတသဲသဲေပါ့။
အခ်ဳပ္ခန္းကို ဒရြတ္ဆြဲ၀င္ ပါးစပ္ကလည္း
"ဗိုလ္ၾကီးတပည့္ တာ၀န္ေက်တယ္ေနာ္"
လို ့မပီကလာပီကလာေျပာ...
တာ၀န္မွဳးကလည္း
"မတတ္နိုင္ဘူးကြာ..မူးရင္ေတာ့ထည့္မွာပဲ" လုိ့ ျပန္ရွင္းရတယ္။
မိုးလင္းေတာ့ တပ္ရင္းမွဴးက တပ္ေရးဗိုလ္ၾကီးကို
" အထဲမွာဘယ္ေလာက္ေတာင္ေရာက္ေနျပီလဲကြ"...
"တစ္ခြဲစာေလာက္ေတာ့ရွိပါျပီ ရင္းမွဴး"
" ေအးေအး ျပန္ထုတ္ေပးလိုက္ေတာ့
ကြာ ေနာက္ထပ္ေရာက္လာၾကဦးမွာ"
" နွစ္ရက္ေလာက္အနားေပးျပီးရင္ေတာ့ ပံုမွန္ဆက္လုပ္ပါ..တပ္က တစ္လခြဲပဲနားရမွာ..။"
" ဟုတ္ကဲ့ပါရင္းမွဴး။"
အဲ တစ္ခုေတာ့ရွိတယ္..တခ်ိဳ့တပ္ခြဲက ေကာင္ေတြက်ေတာ့ တစ္လခြဲနားတာ တစ္လေလာက္ အခ်ဳပ္ထဲ ေနရသူကလည္း ရွိေသးတာေပါ့
တပ္ခြဲမွဴးကေတာ့ ေျပာတယ္..
"ဒီေကာင္ေတြ အျပင္မွာထားလို႔ကို မရတာဗ် ဒီေန့ထုတ္ ဒီေန့ေသာက္နဲ ့ တစ္ခ်ိန္လံုးမူးေနတာ ထည့္ထားတာပဲေအးတယ္" တဲ့။
အဲလိုမ်ိဳး စစ္သားဆိုးဆိုးတဲ့ေကာင္ၾကီးေတြ၊
ေရွ့တန္းကျပန္လာတာတာနဲ့ ခံစားခ်က္မွန္သမွ် အရက္ေပၚပံုခ်တဲ့ေကာင္ၾကီးေတြ၊
ေနာက္တန္းမွာ
အခ်ဳပ္ကို အိမ္လိုသေဘာထားတဲ့ေကာင္ၾကီးေတြ၊
ပဲဟင္းတစ္ခြက္ ေသနတ္တစ္လက္
နဲ့ဘ၀ကိုခ်ခင္းထားတဲ့ေကာင္ၾကီးေတြ။
ေရွ ့တန္းေရာက္ျပီဆိုရင္ေတာ့..
"ပိြဳင့္ ဘယ္သူထြက္မလဲ" ဆို...
" က်ေနာ္ထြက္မယ္ဗိုလ္ၾကီး" လို့ပါးစပ္ကတန္းခနဲ ေျပာတတ္ၾကတယ္။
" ဟိုေတာင္ကုန္းဘယ္သူရွင္းမလဲ" ဆို...
"က်ေနာ္တုိ႔ခ်မယ္ဗုိလ္ႀကီး" လို့ မဆိုင္းမတြေျဖျကတယ္။
"ဒီေခ်ာင္းကိုဘယ္သူအရင္ျဖတ္မလဲ "ဆိုရင္
ၾကိဳးေခြကို ကိုယ္မွာသိုင္း၊ ပါးစပ္က ၾကိဳးစကိုကိုက္လို႔ ေရျပင္ထဲ အရင္ဆံုးဒိုင္ဗင္ထိုးဆင္းတယ္။
ရဲေဘာ္ရဲဘက္တစ္ေယာက္ က်က်န္ခဲ့ၿပီဆုိ...
" က်ေနာ္ျပန္ဆြဲမယ္ဗိုလ္ၾကီးရာ" လို႔ခံစားခ်က္အျပည့္နဲ့ ေျပာတတ္ၾကတယ္။
ေရွ ့မွာမိုင္းကြင္းရွိနိုင္တယ္ဆို...
"က်ေနာ္အရင္ျဖတ္မယ္ ဗို္လ္ၾကီး " လို့ ရဲရဲ၀ံ့၀ံ့ေျဖတတ္ၾကတယ္..။
"တစ္ေယာက္ ၀င္တိုးဖုိ့လိုေနျပီ " လို့ တပ္ခြဲမႈးကေျပာရင္ သတ္ကြင္းကို မဆိုင္းမတြ ေျပးတက္ကာ ေသမင္းကိုစိန္ေခၚတတ္ၾကတယ္။
သတၱိသိပ္ေကာင္းၾကတယ္..
Do or Die စိတ္ေမြးၾကတယ္။
ဘယ္ရန္သူကုိမွ ထီမထင္တတ္ၾကဘူး။ သိပ္ကိုအားကိုးရတဲ့ စစ္သားဆိုးၾကီးေတြျဖစ္ၾကတယ္။
သူတို့အတြက္ ဘ၀ဆိုတာတုိက္ပြဲမဟုတ္၊
တိုက္ပြဲဆိုတာဘ၀ပဲလို့ ခံယူထားၾကတယ္။
တပ္ခြဲမွဴးေတြက ဒီလိုစစ္သားေတြကို ဘယ္ေနရာမွာ ဘယ္လိုအသံုးခ်ရမလဲ ဘယ္ေနရာေရာက္ရင္ ဘယ္လို အုပ္ခ်ဳပ္ရမလဲဆိုတာကိုလည္း ေကာင္းေကာင္းသိၾကတယ္။
ဒီလိုပါပဲ တခ်ိဳ့ေတြေခၚေခၚေနၾကတဲ့(စစ္ေခြး) ဆိုတဲ့သူေတြ တိုင္းျပည္အတြက္ အသံုးမတည့္တဲ့ ေနရာမရွိပါဘူး။
အထက္မွာက်ေနာ္ေျပာခဲ့တဲ့ စစ္သားဆိုးၾကီးေတြဟာ...
နိုင္ငံေရးနားမလည္ဘူး
၄၃၆ ကို သူတို ့မသိဘူး..
၅၉(စ)ကို ငွက္ေပ်ာအူျပဳတ္ဟင္းေလာက္ စိတ္မ၀င္စားဘူး..
ေပၚလစီဆိုတာ နားလည္ဖုိ႔မေျပာနဲ႔ စာလံုးေတာင္ မေပါင္းတတ္ၾကဘူး..
ဒီမိုကေရစီဆိုတာလည္း ၾကားဖူးရံုပဲရွိတယ္..
ေဖ့ဘြတ္ကို သူတို႔အမ်ားစုက မသံုးတတ္ဘူး..
တစ္ခ်ိဳ့ေတြ သူတို့ကိုထိုင္ဆဲေနလည္း သူတို့မၾကားရ မျမင္ရဘူး...
အခြင့္ထူးခံလို ့ေျပာလည္း သူတို့မသိဘူး...
သူတို ့သိတာ သစၥာေလးခ်က္👍
သူတို့သိတာ ေသနတ္တစ္လက္👍
ခံယူခ်က္က တာ၀န္👍
နာခံမႈက အမိန္႔👍
တစ္ေန့ေန့မွာ သူ့့နုိင္ငံေတာ္ သူ့့နိုင္ငံသား သူ့တပ္မေတာ္အတြက္ အသက္ေပးဖုိ့လိုအပ္လာျပီဆိုရင္ေတာ့....
[{( အသက္ရႈဖုိ႔ကုိ မစဥ္းစားတတ္ၾကေတာ႔ဘူး...)}]
Credit မင္းေမာ္

#ယ;နေ့ ရှေ့တန်းပြန်ဝင်သည့်နေ့
တပ်ရင်းမှူးက စစ်ဝင်မိန့်ခွန်းပြောပြီးသည်နှင့် သကောင့်သားများက သေနတ်အပ်၊ ရေချိုး အာမီရမ်ဆီသို့သဝေထိုးကြလေပြီ။
ည ၉နာရီခွဲတန်းစီတော့ ဖိနပ်ခါးကြားထိုးသူကထိုး၊ တစ်ယောက်ပုခုံး တစ်ယောက်ဖက်လို့ စိုင်းစိုင်မောဝ်ရဲ့ 'တောင်ပြာတန်းကသိတယ်' သီချင်းကို အာလေးရှာလေး ဆိုကြလေသတည်းပေါ့။
"ငါ့တို့ကောင်ကြီးသာ ပြန်ပါလာရင် သိပ်ပျော်ဖို့ကောင်းမှာ"
ငိုချင်းချလျက်ပြောသူက ပြောနေကြပြီ။
တန်းစီတာဝန်ခံ လူပျိုလိုင်း အင်ချပ်ကတော့ သူ့တပည့်တွေကို လူလိုက်စုနေချိန်။
ဓါတ်မီးတိုင်အောက်မှာ မှောက်နေတာက ဘယ်နှယောက်၊
သက်သာဆိုင်မှာ မထနိုင်တာက ဘယ်နှစ်ယောက်၊
ဘားတိုက်ထဲမှာ
အန်နေတာကဘယ်နှယောက်၊
ဆရာ့ကို တပည့် လေးစားပါတယ်ဆိုပြီး ဘာမဆိုင်ညာမဆိုင် အလေးလာပြုနေသူက ဘယ်နှယောက် စသည်ဖြင့်ပေါ့ ။
ဒီအချိန်မှာ အလုပ်အရှပ်ဆုံးလူကတော့ သုံးယောက်ရှိတယ်... တပ်တွင်းသက်သာဆိုင်က တပ်ကြပ်ကြီးရယ်၊ ဗဟိုကင်းကင်းမှူးရယ် တပ်ရင်းတာဝန်မှူးရယ်ပါ။
ဗဟိုကင်း အချုပ်ကတော့ ဝင်လာမစဲတသဲသဲပေါ့။
အချုပ်ခန်းကို ဒရွတ်ဆွဲဝင် ပါးစပ်ကလည်း
"ဗိုလ်ကြီးတပည့် တာဝန်ကျေတယ်နော်"
လို့မပီကလာပီကလာပြော...
တာဝန်မှုးကလည်း
"မတတ်နိုင်ဘူးကွာ..မူးရင်တော့ထည့်မှာပဲ" လို့ ပြန်ရှင်းရတယ်။
မိုးလင်းတော့ တပ်ရင်းမှူးက တပ်ရေးဗိုလ်ကြီးကို
" အထဲမှာဘယ်လောက်တောင်ရောက်နေပြီလဲကွ"...
"တစ်ခွဲစာလောက်တော့ရှိပါပြီ ရင်းမှူး"
" အေးအေး ပြန်ထုတ်ပေးလိုက်တော့
ကွာ နောက်ထပ်ရောက်လာကြဦးမှာ"
" နှစ်ရက်လောက်အနားပေးပြီးရင်တော့ ပုံမှန်ဆက်လုပ်ပါ..တပ်က တစ်လခွဲပဲနားရမှာ..။"
" ဟုတ်ကဲ့ပါရင်းမှူး။"
အဲ တစ်ခုတော့ရှိတယ်..တချို့တပ်ခွဲက ကောင်တွေကျတော့ တစ်လခွဲနားတာ တစ်လလောက် အချုပ်ထဲ နေရသူကလည်း ရှိသေးတာပေါ့
တပ်ခွဲမှူးကတော့ ပြောတယ်..
"ဒီကောင်တွေ အပြင်မှာထားလို့ကို မရတာဗျ ဒီနေ့ထုတ် ဒီနေ့သောက်နဲ့ တစ်ချိန်လုံးမူးနေတာ ထည့်ထားတာပဲအေးတယ်" တဲ့။
အဲလိုမျိုး စစ်သားဆိုးဆိုးတဲ့ကောင်ကြီးတွေ၊
ရှေ့တန်းကပြန်လာတာတာနဲ့ ခံစားချက်မှန်သမျှ အရက်ပေါ်ပုံချတဲ့ကောင်ကြီးတွေ၊
နောက်တန်းမှာ
အချုပ်ကို အိမ်လိုသဘောထားတဲ့ကောင်ကြီးတွေ၊
ပဲဟင်းတစ်ခွက် သေနတ်တစ်လက်
နဲ့ဘဝကိုချခင်းထားတဲ့ကောင်ကြီးတွေ။
ရှေ့တန်းရောက်ပြီဆိုရင်တော့..
"ပွိုင့် ဘယ်သူထွက်မလဲ" ဆို...
" ကျနော်ထွက်မယ်ဗိုလ်ကြီး" လို့ပါးစပ်ကတန်းခနဲ ပြောတတ်ကြတယ်။
" ဟိုတောင်ကုန်းဘယ်သူရှင်းမလဲ" ဆို...
"ကျနော်တို့ချမယ်ဗိုလ်ကြီး" လို့ မဆိုင်းမတွဖြေကြတယ်။
"ဒီချောင်းကိုဘယ်သူအရင်ဖြတ်မလဲ "ဆိုရင်
ကြိုးခွေကို ကိုယ်မှာသိုင်း၊ ပါးစပ်က ကြိုးစကိုကိုက်လို့ ရေပြင်ထဲ အရင်ဆုံးဒိုင်ဗင်ထိုးဆင်းတယ်။
ရဲဘော်ရဲဘက်တစ်ယောက် ကျကျန်ခဲ့ပြီဆို...
" ကျနော်ပြန်ဆွဲမယ်ဗိုလ်ကြီးရာ" လို့ခံစားချက်အပြည့်နဲ့ ပြောတတ်ကြတယ်။
ရှေ့မှာမိုင်းကွင်းရှိနိုင်တယ်ဆို...
"ကျနော်အရင်ဖြတ်မယ် ဗိုလ်ကြီး " လို့ ရဲရဲဝံ့ဝံ့ဖြေတတ်ကြတယ်..။
"တစ်ယောက် ဝင်တိုးဖို့လိုနေပြီ " လို့ တပ်ခွဲမှုးကပြောရင် သတ်ကွင်းကို မဆိုင်းမတွ ပြေးတက်ကာ သေမင်းကိုစိန်ခေါ်တတ်ကြတယ်။
သတ္တိသိပ်ကောင်းကြတယ်..
Do or Die စိတ်မွေးကြတယ်။
ဘယ်ရန်သူကိုမှ ထီမထင်တတ်ကြဘူး။ သိပ်ကိုအားကိုးရတဲ့ စစ်သားဆိုးကြီးတွေဖြစ်ကြတယ်။
သူတို့အတွက် ဘဝဆိုတာတိုက်ပွဲမဟုတ်၊
တိုက်ပွဲဆိုတာဘဝပဲလို့ ခံယူထားကြတယ်။
တပ်ခွဲမှူးတွေက ဒီလိုစစ်သားတွေကို ဘယ်နေရာမှာ ဘယ်လိုအသုံးချရမလဲ ဘယ်နေရာရောက်ရင် ဘယ်လို အုပ်ချုပ်ရမလဲဆိုတာကိုလည်း ကောင်းကောင်းသိကြတယ်။
ဒီလိုပါပဲ တချို့တွေခေါ်ခေါ်နေကြတဲ့(စစ်ခွေး) ဆိုတဲ့သူတွေ တိုင်းပြည်အတွက် အသုံးမတည့်တဲ့ နေရာမရှိပါဘူး။
အထက်မှာကျနော်ပြောခဲ့တဲ့ စစ်သားဆိုးကြီးတွေဟာ...
နိုင်ငံရေးနားမလည်ဘူး
၄၃၆ ကို သူတို့မသိဘူး..
၅၉(စ)ကို ငှက်ပျောအူပြုတ်ဟင်းလောက် စိတ်မဝင်စားဘူး..
ပေါ်လစီဆိုတာ နားလည်ဖို့မပြောနဲ့ စာလုံးတောင် မပေါင်းတတ်ကြဘူး..
ဒီမိုကရေစီဆိုတာလည်း ကြားဖူးရုံပဲရှိတယ်..
ဖေ့ဘွတ်ကို သူတို့အများစုက မသုံးတတ်ဘူး..
တစ်ချို့တွေ သူတို့ကိုထိုင်ဆဲနေလည်း သူတို့မကြားရ မမြင်ရဘူး...
အခွင့်ထူးခံလို့ပြောလည်း သူတို့မသိဘူး...
သူတို့သိတာ သစ္စာလေးချက်👍
သူတို့သိတာ သေနတ်တစ်လက်👍
ခံယူချက်က တာဝန်👍
နာခံမှုက အမိန့်👍
တစ်နေ့နေ့မှာ သူ့နိုင်ငံတော် သူ့နိုင်ငံသား သူ့တပ်မတော်အတွက် အသက်ပေးဖို့လိုအပ်လာပြီဆိုရင်တော့....
[{( အသက်ရှုဖို့ကို မစဉ်းစားတတ်ကြတော့ဘူး...)}]
Credit မင်းမော်
0 comments:
Post a Comment