Wednesday, September 26, 2018

"သံမဏိလိုမိန္းမသား"

"သံမဏိလိုမိန္းမသား"
===============

အခ်ိန္ကာလကတပ္မေတာ္မွ
KNU ဗဟိုဌာနခ်ဳပ္ မာနယ္ပေလာအား
တိုက္ခိုက္သိမ္းပိုက္ေနခ်ိန္....

၁၉၉ဝ ခုႏွစ္အေက်ာ္ကာလမ်ား...
အတိအက်ေျပာရလ်ွင္
၁၉၉၇ ခုႏွစ္၏
ေၾကကြဲဖြယ္ေန႔ရက္တစ္ခု....

သူမ အိမ္ေ႐ွ႕မွျမည္လာေသာ
တယ္လီဖုန္းသံ....

မၾကားပါရေစနဲ႔႐ွင္.....သတင္းဆိုး ေတြမၾကားပါရေစနဲ႔..
စစ္သားကိုယူရင္ ဘဝက ပန္းခင္းလမ္းမဟုတ္တာ
ကြၽန္မ သိပါတယ္...ပင္ပန္း မယ္ဆိုတာလည္းသိတယ္..

ကြၽန္မခင္ပြန္း တာဝန္ က်တဲ့ေနရာဘယ္ေနရာ
ျဖစ္ျဖစ္ ဖဝါးေျခထပ္ၿပီး ကြၽန္မလိုက္ရဲတယ္..
ဘယ္လို အေနအထားျဖစ္ျဖစ္ ရင္ေကာ့
ေခါင္းေမာ့ၿပီး ကြၽန္မ ႐ွင္သန္ဝံ့တယ္...

ကြၽန္မေၾကာက္တာနွစ္ခု႐ွိတယ္...
ပထမတစ္ခုက
ကြၽန္မ ခင္ပြန္းရဲ႕တပ္က အရာ႐ွိ စစ္သည္ေတြ
တိုက္ပြဲက်တဲ့သတင္းကို
ရင္နာနာနဲ႔ ေျပာရတဲ့ေန႔ပါပဲ...

ေနာက္တစ္ခုက ေ႐ွ႕တန္း ျပန္ဝင္တဲ့ေန႔မွာ
ပန္းကံုးေတြကိုင္ရင္းကိုယ့္ခင္ပြန္း ကိုယ့္အေဖေတြကို
ေစာင့္ေနၾကရာက ေ႐ွ႕တန္း ျပန္စစ္ေၾကာင္းက
လူကုန္မွ ကိုယ္ေမ်ွာ္ေနတဲ့ ကိုယ့္ခင္ပြန္းနဲ႔ ကိုယ့္
အေဖ ေတြကို မေတြ႔ရေတာ့လို႔
ပန္းကံုးကိုင္ရင္း ငိုယို ႐ိူက္ဖို ေနၾကတဲ့
ရဲေမ ေတြနဲ႔ သူတို႔ရဲ႕သားသမီးေတြကို
ႏွစ္သိမ့္ရတဲ့ အလုပ္ပါပဲ...

နာက်င္လြန္းလို႔ ကြၽန္မရင္ေတြ ေပါက္ထြက္
ေတာ့မယ့္ အတိုင္းပဲ႐ွင္..

ကြၽန္မ အတြက္ ေလာကငရဲပဲ...
မေျပာခ်င္ဘူး...ေျပာမထြက္ဘူ
ႏွစ္သိမ့္ဖို႔စကားလံုးမ႐ွိဘူး...
မၾကံဳခ်င္ဘူး႐ွင္.....

ေဟာ.....တယ္လီဖုန္းသံ.... ျမည္လာေခ်ၿပီ....

ကြၽန္မ ေကာက္ကိုင္လိုက္ပါတယ္...

တုန္ရီေနတဲ့ တပ္ေရးဗက ရဲ႕အသံ...

ကြၽန္မၾကားလိုက္ရတာက..

"တပ္ရင္မႉးကေတာ္ခင္ဗ်ား....
ကြၽန္ေတာ္ တို႔တပ္ရင္းက စစ္ေၾကာင္း ၁က
တပ္ၾကပ္ႀကီးမင္း႐ွင္ ရန္သူ႔စခန္းသိမ္းတိုက္ပြဲမွ
က်ဆံုးသြားပါတယ္...သူ႔ဇနီး မခင္ထားကို
အေၾကာင္းၾကားေပးဖို႔ပါပဲ....

ျဖစ္စဥ္ ေၾကးနန္း နဲ႔အတူ ကြၽန္ေတာ္ နဲ႔ ဌာနခ်ဳပ္
တပ္ခြဲမႉး မၾကာခင္လာခဲ့ပါ့မယ္...
ကြၽန္ေတာ္ တို႔သြားအေၾကာင္းၾကားၾကတာေပါ့...
ဒီသတင္းေလးလာေျပာတာပါခင္ဗ်ာ...."

ေျပာၿပီး တပ္ေရးဗက ဖုန္းခ်သြားေလသည္။

ကြၽန္မ လည္း ေဝ့တက္လာေသာ
မ်က္ရည္ အားသုတ္မိရင္း...
အရာ႐ွိဇနီးမ်ားအား အေၾကာင္းၾကားကာ
မခင္ထား ၏ လိုင္းခန္းေ႐ွ႕ သို႔
သြားရန္ ေစာင့္ေနမိပါေတာ့သည္။

ေစာင့္ေနရင္း မခင္ထားအေၾကာင္းအားေတြးေန
မိပါေတာ့သည္။

မခင္ထား...သူမက တပ္ၾကပ္ႀကီးမင္း႐ွင္ ၏ဇနီး
သူမက သေဘာထားေကာင္းသလို
ဟင္းအခ်က္အျပဳတ္ေကာင္းေလသည္
ရဲေမမ်ား အား စည္းရံုးလွံုေဆာ္၍ ေပးအပ္ေသာ
တာဝန္ကို လည္း လုပ္ႏိူင္စြမ္း႐ွိေလသည္။
ေတာ္ရံု တန္ရံုကိစၥေလာက္ေတာ့ သူမက
ေအးေအးေဆး ေဆး ေျဖ႐ွင္းႏိူင္ေလသည္။
မ်က္ႏွာထားတည္ၾကည္သလို
အေနတည္၍ သံမဏိမခင္ထား ဟု
အမည္ေပးခဲ့ၾကမိသည္။

သူမ ကို ရဲေမမ်ား အားလံုးခ်စ္ၾကသည္။
သူမ သားေလးႏွစ္ေယာက္က လူမမယ္အရြယ္ပင္...
အခုေတာ့... အခုေတာ့....

မေျပာရက္ေပမဲ့ ကြၽန္မ ေျပာရေပေတာ့မည္...

မၾကာခင္ ေတာ့ တပ္ေရးဗက ဌနခ တပ္ခြဲမႉး
အရာ႐ွိဇနီးမ်ား စစ္သည္မ်ား၏
ဇနီးမ်ားပါေသာ
လူတစ္စုျဖင့္
ကြၽန္မ တို႔ထြက္လာခဲ့ေလသည္။

လိုင္းခန္းေ႐ွ႕
အေရာက္ အိမ္တိုင္းမွေခ်ာင္းၾကည့္
ေနၾကေသာ ရဲေမမ်ား...

မည္သူအိမ္ဝင္မလည္းဟု
စိုးထိတ္ေနၾကဟန္...

လွမ္းေနေသာေျခလွမ္က မူမမွန္ေတာ့...

ေလ်ွာက္ရင္း...ဆက္ေလ်ာက္ရင္း....

မခင္ထား အိမ္ေ႐ွ႕အေရာက္.....

မ်က္လံုး မ်ားျပဴးက်ယ္ေနဟန္ မခင္ထား
သူ႔ၾကည့္ရသည္ကား သနားစဖြယ္...

ကြၽန္မ တို႔ျခံထဲဝင္ေတာ့...သူမလည္း
သေဘာေပါက္ ေနဟန္ပင္....

သို႔ရာတြင္ ထူးဆန္း သည္က
သူမမ်က္ႏွာပင္... စစ္သားဇနီးပီသစြာ
မ်က္ႏွာ ကတည္ၾကည္ေနေလသည္။

"မခင္ထားေရ စိတ္ခိုင္ခိုင္ထားပါ
ကြၽန္မတို႔. မေျပာမျဖစ္လို႔လာခဲ့ရတာပါ....
ဟုအစခ်ီကာ ကြၽန္မ မေျပာခ်င္ေသာ
စကားမ်ားအား ေျပာမိပါေတာ့သည္။

စကားအဆံုးတြင္ေတာ့
သူမ မ်က္ႏွာကား ညိဳမည္းေနေသာ္လည္း
မ်က္ရည္တစ္စက္ မ်ွ မက်ေပ။

"ကြၽန္မ စစ္သားမယားပါ...မငိုပါဘူး
ကြၽန္မ ေယာက်ၤားကို ကြၽန္မ သိပ္ခ်စ္တယ္
ဒါေပမဲ့ ကြၽန္မ မငိုဘူးအစ္မ...
ကြၽန္မ ငိုမဲ့ေန႔မေရာက္ေသးပါဘူး႐ွင္"
တည္ၿငိမ္စြာ ေျပာေလသည္။

ေနာက္ရက္မ်ားတြင္ေတာ့
သူ႔ခင္ပြန္းဆံုးၿပီး တစ္လျပည့္ေသာေန႔တြင္
မခင္ထားတစ္ေယာက္ကြၽန္မအား
ခြင့္ေတာင္း သူ႔သားႏွစ္ေယာက္၏
လက္ကိုဆြဲကာ သူ႔ဇာတိသို႔ျပန္သြားေလသည္။...

ကြၽန္မ လည္း မခင္ထားေပးသြားေသာ
ခံႏိူင္ရည္စိတ္ဓာတ္မ်ိဳး ေမြးျမဴၾကည့္ရန္
ႀကိဳးစားရေပေတာ့မည္...

အခ်ိနိမ်ားကား ရာသီစက္ဝိုင္းလွည့္လည္ေနေလသည္။
ေနာက္ထပ္၃ႏွစ္ခန္႔အၾကာတြင္
ကြၽန္မလည္း ပဲခူးဘက္သို႔ ကိစၥ တစ္ခုျဖင့္ ရထားျဖင့္
ခရီးထြက္လာမိေတာ့သည္....

ရထားေခတၱရပ္ေနစဥ္...
ကေလးငယ္တစ္ေယာက္ေကာက္ညႇင္းထုတ္မ်ား
လာေရာင္းေလသည္...
ျပတင္းေပါက္ မွေသခ်ာၾကည့္မိေတာ့
မခင္ထား၏ သား ဖိုးခ်ိဳကေလးႏွင့္တူသလိုပင္...

သူ၏အေနာက္တြင္ေတာ့ မိန္းမတစ္ဦး
ေသခ်ာၾကည့္ေတာ့ မခင္ထားပင္...

ကြၽန္မလည္း မခင္ထားဟုေအာ္ေခၚမိေတာ့သည္...

သူမကား ကြၽန္မ အားျမင္သြားၿပီး
သူမေရာင္းေနေသာ ေကာက္ညႇင္းႏွစ္ထုတ္လာေပးသည္..
တပ္ရင္းမႉး ေနေကာင္းလား ဟုလည္း ေမးသည္..
ပိုက္ဆံ ေပးေသာ္လည္းမယူေပ...

ေလာကဓံ၏ ႐ိုက္ပုတ္မႈေၾကာင့္ သူမမ်က္ႏွာကား
အိုစာေနေသာ္လည္း မ်က္ႏွာထားကမေလ်ာ့ေပ...
အဆင္ေျပပံုမေပၚေပ...အေတာ္ႀကိဳးစားေနရဟန္။

သူမေနာက္ေယာက်္ား မယူေတာ့ေၾကာင္း
ဘဝကို႐ုန္းကန္ေနေၾကာင္းေျပာေလသည္...
သူမသားကေလးက ၅တန္းတက္ရေတာ့မည္ဟု
ေျပာသည္.....
စကားေကာင္းေနရင္း ရထားကထြက္ေလေတာ့သည္..

သူမ၏လက္အား ဆုတ္ကိုင္ထားရင္း
ကြၽန္မ တို႔ခြဲရျပန္ေလၿပီ....

ေၾသာ္....မခင္ထား...မခင္ထားရယ္.....

ေနာက္ထပ္မေတြ႔ၾကရေတာ့ေပ...
ႏွစ္ေပါင္းမ်ားစြာၾကာသြားေလၿပီ...
သူမအားသတိရေနမိပါသည္...

တိုက္တိုက္ဆိုင္ဆိုင္
ကြၽန္မ တို႔ျပန္ဆံုၾကရေတာ့...

ထိုေန႔က ကြၽန္မသားကေလး စစ္တကၠသိုလ္က
ဆင္းေသာေန႔ပင္...
စစ္ေရးျပ အခမ္းအနား တြင္လာေရာက္ရင္း
မခင္ထားအား ေတြ႔ရျပန္ေတာ့သည္...

ေလာကဓံ႐ိုက္ပုတ္မႈေၾကာင့္ သူမအသက္အရြယ္က
မူလ႐ွိရင္းစြဲထက္ပို အိုစာေနေသာ္လည္း
မာေၾကာေနဆဲပင္....

"မခင္ထား..ကြၽန္မကို မွတ္မိလား"

"မွတ္မိတာေပါ့႐ွင္..သေဘာေကာင္းတဲ့
တပ္ရင္းမႉးကေတာ္ႀကီး"

"ပြဲတက္လာတာလား"

"ဟုတ္တယ္ ႐ွင္..ဖိုးခ်ိဳ ကေလး စစ္တကၠသိုလ္
ဆင္းၿပီေလ..ကြၽန္မအေကာင္းဆံုးျပဳစုပ်ိဳးေထာင္
ေပးခဲ့ပါတယ္...သူ႔အေဖ တမလြန္က ေက်နပ္ေနမွာပါ...
ဒီေန႔ေတာ့ ကြၽန္မ ငိုပါရေစ႐ွင္..."
ကြၽန္မငိုရမဲ့ေန႔ေရာက္ပါၿပီ...ဝမ္းသာလို႔
က်တဲ့မ်က္ရည္ပါ..."

ေျပာေျပာဆိုဆို မခင္ထား ငိုေလၿပီ...
သံမဏိ မခင္ထား ငိုေနပါၿပီေလ....

ေလာကဓံကို အေကာင္းဆံုး ရင္ဆိုင္ခဲ့ေသာ
မခင္ထားပင္...

မငိုတတ္ေသာသူမ၏ မ်က္ရည္ က်လာေသာေန႔ပင္...

သူမကား သံမဏိလိုမိန္းမသားပင္...
သူမ၏သားကေလးအား အေကာင္းဆံုး ျပဳစု
ပ်ိဳး ေထာင္ေပးႏိူင္ခဲ့ေလၿပီ...
သူမ၏သားတစ္ေယာက္ကိုလည္း
ဆက္လက္၍ သူမ ျပဳစုပ်ိဳးေထာင္ေပးေနမည္သာ...

ကြၽန္မ ဂုဏ္ယူစြာျဖင့္မခင္ထားအား
ေပြ႔ဖက္မိေတာ့သည္...

သူမကေတာ့ကေလးငယ္တစ္ဦးသဖြယ္ ႐ိူက္ငိုေနဆဲ....

ထို႔ေနက စစ္တကၠသိုလ္ ေက်ာင္းဆင္းပြဲသို႔
တက္ေရာက္လာသူမ်ား အဖို႔
မိန္းမတစ္ေယာက္၏ ရင္ခြင္တြင္
႐ိူက္ႀကီးတငင္ငိုေႂကြးေနေသာ
ေက်ာင္းဆင္းဗိုလ္ေလာင္းတစ္ေယာက္၏
မိခင္တစ္ေယာက္အား
ထူးဆန္း စြာေ တြ႔ခဲ့ ရေလသည္...

ထိုသူကား....သံမဏိ မခင္ထားပင္.....။ ။

စာေရးသူ......ကပၸတိန္ ဝန....

(မိတ္ေဆြ အစ္မတစ္ေယာက္ေျပာျပေသာ
ျဖစ္ရပ္မွန္အား ရင္ႏွင့္ရင္း၍ ေရးသည္)


Image may contain: one or more people, outdoor, water and nature

"သံမဏိလိုမိန်းမသား"
===============

အချိန်ကာလကတပ်မတော်မှ
KNU ဗဟိုဌာနချုပ် မာနယ်ပလောအား
တိုက်ခိုက်သိမ်းပိုက်နေချိန်....

၁၉၉ဝ ခုနှစ်အကျော်ကာလများ...
အတိအကျပြောရလျှင်
၁၉၉၇ ခုနှစ်၏
ကြေကွဲဖွယ်နေ့ရက်တစ်ခု....

သူမ အိမ်ရှေ့မှမြည်လာသော
တယ်လီဖုန်းသံ....

မကြားပါရစေနဲ့ရှင်.....သတင်းဆိုး တွေမကြားပါရစေနဲ့..
စစ်သားကိုယူရင် ဘဝက ပန်းခင်းလမ်းမဟုတ်တာ
ကျွန်မ သိပါတယ်...ပင်ပန်း မယ်ဆိုတာလည်းသိတယ်..

ကျွန်မခင်ပွန်း တာဝန် ကျတဲ့နေရာဘယ်နေရာ
ဖြစ်ဖြစ် ဖဝါးခြေထပ်ပြီး ကျွန်မလိုက်ရဲတယ်..
ဘယ်လို အနေအထားဖြစ်ဖြစ် ရင်ကော့
ခေါင်းမော့ပြီး ကျွန်မ ရှင်သန်ဝံ့တယ်...

ကျွန်မကြောက်တာနှစ်ခုရှိတယ်...
ပထမတစ်ခုက
ကျွန်မ ခင်ပွန်းရဲ့တပ်က အရာရှိ စစ်သည်တွေ
တိုက်ပွဲကျတဲ့သတင်းကို
ရင်နာနာနဲ့ ပြောရတဲ့နေ့ပါပဲ...

နောက်တစ်ခုက ရှေ့တန်း ပြန်ဝင်တဲ့နေ့မှာ
ပန်းကုံးတွေကိုင်ရင်းကိုယ့်ခင်ပွန်း ကိုယ့်အဖေတွေကို
စောင့်နေကြရာက ရှေ့တန်း ပြန်စစ်ကြောင်းက
လူကုန်မှ ကိုယ်မျှော်နေတဲ့ ကိုယ့်ခင်ပွန်းနဲ့ ကိုယ့်
အဖေ တွေကို မတွေ့ရတော့လို့
ပန်းကုံးကိုင်ရင်း ငိုယို ရိူက်ဖို နေကြတဲ့
ရဲမေ တွေနဲ့ သူတို့ရဲ့သားသမီးတွေကို
နှစ်သိမ့်ရတဲ့ အလုပ်ပါပဲ...

နာကျင်လွန်းလို့ ကျွန်မရင်တွေ ပေါက်ထွက်
တော့မယ့် အတိုင်းပဲရှင်..

ကျွန်မ အတွက် လောကငရဲပဲ...
မပြောချင်ဘူး...ပြောမထွက်ဘူး
နှစ်သိမ့်ဖို့စကားလုံးမရှိဘူး...
မကြုံချင်ဘူးရှင်.....

ဟော.....တယ်လီဖုန်းသံ.... မြည်လာချေပြီ....

ကျွန်မ ကောက်ကိုင်လိုက်ပါတယ်...

တုန်ရီနေတဲ့ တပ်ရေးဗက ရဲ့အသံ...

ကျွန်မကြားလိုက်ရတာက..

"တပ်ရင်မှူးကတော်ခင်ဗျား....
ကျွန်တော် တို့တပ်ရင်းက စစ်ကြောင်း ၁က
တပ်ကြပ်ကြီးမင်းရှင် ရန်သူ့စခန်းသိမ်းတိုက်ပွဲမှာ
ကျဆုံးသွားပါတယ်...သူ့ဇနီး မခင်ထားကို
အကြောင်းကြားပေးဖို့ပါပဲ....

ဖြစ်စဉ် ကြေးနန်း နဲ့အတူ ကျွန်တော် နဲ့ ဌာနချုပ်
တပ်ခွဲမှူး မကြာခင်လာခဲ့ပါ့မယ်...
ကျွန်တော် တို့သွားအကြောင်းကြားကြတာပေါ့...
ဒီသတင်းလေးလာပြောတာပါခင်ဗျာ...."

ပြောပြီး တပ်ရေးဗက ဖုန်းချသွားလေသည်။

ကျွန်မ လည်း ဝေ့တက်လာသော
မျက်ရည် အားသုတ်မိရင်း...
အရာရှိဇနီးများအား အကြောင်းကြားကာ
မခင်ထား ၏ လိုင်းခန်းရှေ့ သို့
သွားရန် စောင့်နေမိပါတော့သည်။

စောင့်နေရင်း မခင်ထားအကြောင်းအားတွေးနေ
မိပါတော့သည်။

မခင်ထား...သူမက တပ်ကြပ်ကြီးမင်းရှင် ၏ဇနီး
သူမက သဘောထားကောင်းသလို
ဟင်းအချက်အပြုတ်ကောင်းလေသည်။
ရဲမေများ အား စည်းရုံးလှုံဆော်၍ ပေးအပ်သော
တာဝန်ကို လည်း လုပ်နိူင်စွမ်းရှိလေသည်။
တော်ရုံ တန်ရုံကိစ္စလောက်တော့ သူမက
အေးအေးဆေး ဆေး ဖြေရှင်းနိူင်လေသည်။
မျက်နှာထားတည်ကြည်သလို
အနေတည်၍ သံမဏိမခင်ထား ဟု
အမည်ပေးခဲ့ကြမိသည်။

သူမ ကို ရဲမေများ အားလုံးချစ်ကြသည်။
သူမ သားလေးနှစ်ယောက်က လူမမယ်အရွယ်ပင်...
အခုတော့... အခုတော့....

မပြောရက်ပေမဲ့ ကျွန်မ ပြောရပေတော့မည်...

မကြာခင် တော့ တပ်ရေးဗက ဌနခ တပ်ခွဲမှူး
အရာရှိဇနီးများ စစ်သည်များ၏
ဇနီးများပါသော
လူတစ်စုဖြင့်
ကျွန်မ တို့ထွက်လာခဲ့လေသည်။

လိုင်းခန်းရှေ့
အရောက် အိမ်တိုင်းမှချောင်းကြည့်
နေကြသော ရဲမေများ...

မည်သူအိမ်ဝင်မလည်းဟု
စိုးထိတ်နေကြဟန်...

လှမ်းနေသောခြေလှမ်က မူမမှန်တော့...

လျှောက်ရင်း...ဆက်လျောက်ရင်း....

မခင်ထား အိမ်ရှေ့အရောက်.....

မျက်လုံး များပြူးကျယ်နေဟန် မခင်ထား
သူ့ကြည့်ရသည်ကား သနားစဖွယ်...

ကျွန်မ တို့ခြံထဲဝင်တော့...သူမလည်း
သဘောပေါက် နေဟန်ပင်....

သို့ရာတွင် ထူးဆန်း သည်က
သူမမျက်နှာပင်... စစ်သားဇနီးပီသစွာ
မျက်နှာ ကတည်ကြည်နေလေသည်။

"မခင်ထားရေ စိတ်ခိုင်ခိုင်ထားပါ
ကျွန်မတို့. မပြောမဖြစ်လို့လာခဲ့ရတာပါ....
ဟုအစချီကာ ကျွန်မ မပြောချင်သော
စကားများအား ပြောမိပါတော့သည်။

စကားအဆုံးတွင်တော့
သူမ မျက်နှာကား ညိုမည်းနေသော်လည်း
မျက်ရည်တစ်စက် မျှ မကျပေ။

"ကျွန်မ စစ်သားမယားပါ...မငိုပါဘူး
ကျွန်မ ယောင်္ကျားကို ကျွန်မ သိပ်ချစ်တယ်
ဒါပေမဲ့ ကျွန်မ မငိုဘူးအစ်မ...
ကျွန်မ ငိုမဲ့နေ့မရောက်သေးပါဘူးရှင်"
တည်ငြိမ်စွာ ပြောလေသည်။

နောက်ရက်များတွင်တော့
သူ့ခင်ပွန်းဆုံးပြီး တစ်လပြည့်သောနေ့တွင်
မခင်ထားတစ်ယောက်ကျွန်မအား
ခွင့်တောင်း သူ့သားနှစ်ယောက်၏
လက်ကိုဆွဲကာ သူ့ဇာတိသို့ပြန်သွားလေသည်။...

ကျွန်မ လည်း မခင်ထားပေးသွားသော
ခံနိူင်ရည်စိတ်ဓာတ်မျိုး မွေးမြူကြည့်ရန်
ကြိုးစားရပေတော့မည်...

အချိနိများကား ရာသီစက်ဝိုင်းလှည့်လည်နေလေသည်။
နောက်ထပ်၃နှစ်ခန့်အကြာတွင်
ကျွန်မလည်း ပဲခူးဘက်သို့ ကိစ္စ တစ်ခုဖြင့် ရထားဖြင့်
ခရီးထွက်လာမိတော့သည်....

ရထားခေတ္တရပ်နေစဉ်...
ကလေးငယ်တစ်ယောက်ကောက်ညှင်းထုတ်များ
လာရောင်းလေသည်...
ပြတင်းပေါက် မှသေချာကြည့်မိတော့
မခင်ထား၏ သား ဖိုးချိုကလေးနှင့်တူသလိုပင်...

သူ၏အနောက်တွင်တော့ မိန်းမတစ်ဦး
သေချာကြည့်တော့ မခင်ထားပင်...

ကျွန်မလည်း မခင်ထားဟုအော်ခေါ်မိတော့သည်...

သူမကား ကျွန်မ အားမြင်သွားပြီး
သူမရောင်းနေသော ကောက်ညှင်းနှစ်ထုတ်လာပေးသည်..
တပ်ရင်းမှူး နေကောင်းလား ဟုလည်း မေးသည်..
ပိုက်ဆံ ပေးသော်လည်းမယူပေ...

လောကဓံ၏ ရိုက်ပုတ်မှုကြောင့် သူမမျက်နှာကား
အိုစာနေသော်လည်း မျက်နှာထားကမလျော့ပေ...
အဆင်ပြေပုံမပေါ်ပေ...အတော်ကြိုးစားနေရဟန်။

သူမနောက်ယောကျ်ား မယူတော့ကြောင်း
ဘဝကိုရုန်းကန်နေကြောင်းပြောလေသည်...
သူမသားကလေးက ၅တန်းတက်ရတော့မည်ဟု
ပြောသည်.....
စကားကောင်းနေရင်း ရထားကထွက်လေတော့သည်..

သူမ၏လက်အား ဆုတ်ကိုင်ထားရင်း
ကျွန်မ တို့ခွဲရပြန်လေပြီ....

သြော်....မခင်ထား...မခင်ထားရယ်.....

နောက်ထပ်မတွေ့ကြရတော့ပေ...
နှစ်ပေါင်းများစွာကြာသွားလေပြီ...
သူမအားသတိရနေမိပါသည်...

တိုက်တိုက်ဆိုင်ဆိုင်
ကျွန်မ တို့ပြန်ဆုံကြရတော့...

ထိုနေ့က ကျွန်မသားကလေး စစ်တက္ကသိုလ်က
ဆင်းသောနေ့ပင်...
စစ်ရေးပြ အခမ်းအနား တွင်လာရောက်ရင်း
မခင်ထားအား တွေ့ရပြန်တော့သည်...

လောကဓံရိုက်ပုတ်မှုကြောင့် သူမအသက်အရွယ်က
မူလရှိရင်းစွဲထက်ပို အိုစာနေသော်လည်း
မာကြောနေဆဲပင်....

"မခင်ထား..ကျွန်မကို မှတ်မိလား"

"မှတ်မိတာပေါ့ရှင်..သဘောကောင်းတဲ့
တပ်ရင်းမှူးကတော်ကြီး"

"ပွဲတက်လာတာလား"

"ဟုတ်တယ် ရှင်..ဖိုးချို ကလေး စစ်တက္ကသိုလ်
ဆင်းပြီလေ..ကျွန်မအကောင်းဆုံးပြုစုပျိုးထောင်
ပေးခဲ့ပါတယ်...သူ့အဖေ တမလွန်က ကျေနပ်နေမှာပါ...
ဒီနေ့တော့ ကျွန်မ ငိုပါရစေရှင်..."
ကျွန်မငိုရမဲ့နေ့ရောက်ပါပြီ...ဝမ်းသာလို့
ကျတဲ့မျက်ရည်ပါ..."

ပြောပြောဆိုဆို မခင်ထား ငိုလေပြီ...
သံမဏိ မခင်ထား ငိုနေပါပြီလေ....

လောကဓံကို အကောင်းဆုံး ရင်ဆိုင်ခဲ့သော
မခင်ထားပင်...

မငိုတတ်သောသူမ၏ မျက်ရည် ကျလာသောနေ့ပင်...

သူမကား သံမဏိလိုမိန်းမသားပင်...
သူမ၏သားကလေးအား အကောင်းဆုံး ပြုစု
ပျိုး ထောင်ပေးနိူင်ခဲ့လေပြီ...
သူမ၏သားတစ်ယောက်ကိုလည်း
ဆက်လက်၍ သူမ ပြုစုပျိုးထောင်ပေးနေမည်သာ...

ကျွန်မ ဂုဏ်ယူစွာဖြင့်မခင်ထားအား
ပွေ့ဖက်မိတော့သည်...

သူမကတော့ကလေးငယ်တစ်ဦးသဖွယ် ရိူက်ငိုနေဆဲ....

ထို့နေက စစ်တက္ကသိုလ် ကျောင်းဆင်းပွဲသို့
တက်ရောက်လာသူများ အဖို့
မိန်းမတစ်ယောက်၏ ရင်ခွင်တွင်
ရိူက်ကြီးတငင်ငိုကြွေးနေသော
ကျောင်းဆင်းဗိုလ်လောင်းတစ်ယောက်၏
မိခင်တစ်ယောက်အား
ထူးဆန်း စွာေ တွ့ခဲ့ ရလေသည်...

ထိုသူကား....သံမဏိ မခင်ထားပင်.....။ ။

စာရေးသူ......ကပ္ပတိန် ဝန....

(မိတ်ဆွေ အစ်မတစ်ယောက်ပြောပြသော

ဖြစ်ရပ်မှန်အား ရင်နှင့်ရင်း၍ ရေးသည်)

0 comments:

Post a Comment