………………………
မောင် ပြန်လာပြီပေါ့
ကျွန်မ သနားမိပါသည်။
မျက်ရည်လည် မိပါရဲ့။
သုတ်မိပါတယ်။
မောင်ရယ်။
မောင့်အတွက်ဆိုရင်
ပြေစေနိုင်တဲ့။
(စမ်းကျမေတ္တာ
………………………
မောင် ပြန်လာပြီပေါ့
ကျွန်မ သနားမိပါသည်။
မျက်ရည်လည် မိပါရဲ့။
သုတ်မိပါတယ်။
မောင်ရယ်။
မောင့်အတွက်ဆိုရင်
ပြေစေနိုင်တဲ့။
(စမ်းကျမေတ္တာ

ကျွန်မရင်မှာမှေးစက်ပါမောင်
………………………
မောင် ပြန်လာပြီပေါ့
ရှေ့တန်းကပြန်လာတဲ့မောင့်ကို
ကျွန်မ သနားမိပါသည်။
ပါးရိုးတွေကျနေအောင် ပိန်နေတဲ့မောင့်ရဲ့မျက်နှာ
နှုတ်ခမ်းမွှေးကားကားနဲ့
ဆံပင်က ဖရိုဖရဲ ညစ်စုပ်နေတဲ့မောင့်ခန္ဓာ
ကျွန်မ တစေ့စေ့ကြည့်ရင်း
မျက်ရည်လည် မိပါရဲ့။
ကျွန်မ ပါးပြင်က မျက်ရည်စတွေကို
မောင်မသိအောင် တိတ်တိတ်ကလေး
သုတ်မိပါတယ်။
သြော်…မောင်ရယ် ဘုရားပေးတဲ့ဆု
ကောင်းခြင်းကံကြမ္မာတွေကြောင့်လား အသက်မသေပဲ ပြန်ရောက်လာလို့ ကျေးဇူးတင်ပါတယ်မောင်။
မောင် စစ်ဆင်ရေးကပြန်လာတော့
ကျန်းမာရေးက သိပ်မကောင်းဘူးလေ
အိပ်နေလိုပ်တာ အပြစ်ကင်းစင်တဲ့
ကလေးလေးတစ်ယောက်လိုပါပဲလား
မောင်ရယ်။
မောင် ကျွန်မရဲ့ညာလက်မောင်းလေးပေါ်မှာ ခေါင်းအုံး မောင့်ရဲ့ ညာလက်ကလေးက ကျွန်မ ရင်ဘက်ပေါ်ကိုတင်ပြီး အိပ်စက်နေလိုက်ပုံက သနားစရား
ကလေးတစ်ယောက်လိုပါပဲလား။
မောင်အိပ်ပါစေလေ ကျွန်မ လက်မောင်းတွေဘယ်လောက်ပဲ
ညောင်းပါစေ နာကျင်ပါစေ
ဒီအချိန်လေးမှာ မောင်ကအနားယူရတာလေ။
ကျွန်မ ခင်ပွန်းစစ်သားကြီးက
ဘယ်လိုပင်ရုပ်ဆိုးနေပါစေ
ကျွန်မ မျက်ဝန်ထဲမှာတော့
အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လိုပါပဲ။
ကျွန်မ မောင့်ရဲ့ဇနီးတစ်ယောက်ဖြစ်ရလို့
ကံကြမ္မာကြီးကို ကျေးဇူးတင်မိတယ်
မောင့်အတွက်ဆိုရင်
ကျွန်မ နှလုံးသားက အခန်းနားဆုံးသော ဧည့်ခန်းကြီးတစ်ခုဖြစ်နေမှာပါမောင်
မောင် မှေးစက်ဖို့ ရင်ခွင်ကြီးပါမောင်
မောင် ပင်ပန်းလာတဲ့အခါတိုင်
အမောတွေပြေစေသလို ပင်ပန်းမှုတွေ
ပြေစေနိုင်တဲ့။
(စမ်းကျမေတ္တာ
မွှေးသစ္စာ သာယာလှပ စိမ်းမြမြသာ
ကြည်နူးကမ္ဘာ ဥယာဉ်မှူးပမာ
သာယာချမ်းမြေ့ ရင်ခွင်ငွေ့မှာ
မှေးစက် ခိုရာ မေ့ရင်မဟာ)
ခိုပါနားပါ တွယ်တာစွာဖြင့် ထာဝရအရိပ် ထွေးသိပ်မှာပါ မောင်။
credit-ဇွန်မမမိုး ( ဧရာဝတီ)
0 comments:
Post a Comment