
ႏြားမ်ားသယ္ေဆာင္လာသည့္ ၁၂ ဘီးယာဥ္တစ္စီးပစ္ခတ္ခံရ
ေက်ာက္မဲ၊ စက္တင္ဘာ-၂၉
ေက်ာက္မဲ၊ စက္တင္ဘာ-၂၉

ေက်ာက္မဲၿမိဳ႕နယ္၊ နားေခၚေက်းရြာႏွင့္ဗူးခါးေက်းရြာၾကား၊ နားေခၚေက်းရြာအထြက္၊ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ စက္တင္ဘာ(၂၉)ရက္ နံနက္ ၁း၀၀ နာရီခန္႔က သိန္းသန္းျမင့္ေက်ာ္ကုမၸဏီမွ တရား၀င္စာရြက္စာတမ္းမ်ားျဖင့္ သယ္ေဆာင္လာသည့္ ႏြားကား ၅ စီးအနက္ ေရွ႕ဆုံးယာဥ္ျဖစ္သည့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ဆဲြမွန္ေက်းရြာေန ယာဥ္ေမာင္း ေ၀လင္းခုိင္ ေမာင္းႏွင္လာေသာ ၁၂ ဘီးယာဥ္အား မ်က္ႏွာခ်င္းဆုိင္မွ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆုိင္ကယ္တစ္စီးေပၚမွ ေသနတ္ျဖင့္ ပစ္ခတ္ခံရေၾကာင္းသိရသည္။ ထုိသုိ႔ဆုိင္ကယ္စီးလာသူ အရပ္၀တ္ လူႏွစ္ဦးမွ ေမာ္ေတာ္ယာဥ္အား ေရွ႕မွပစ္ခတ္ခဲ့ၿပီး ေက်ာ္ျဖတ္သြားစဥ္တြင္လဲ ထပ္မံပစ္ခတ္သြားေၾကာင္းသိရသည္။ ေသနတ္ပစ္ခတ္ခံရမႈေၾကာင့္ ေမာ္ေတာ္ယာဥ္၏ ေရွ႕၀ဲဘက္ဘီးက်ည္ဆံတစ္ခ်က္ထိမွန္၊ ေနာက္ပိတ္တံခါးက်ည္ဆံတစ္ခ်က္ထိမွန္ၿပီး ယာဥ္ေပၚရွိႏြားတစ္ေကာင္ က်ည္ဆံႏွစ္ခ်က္ထိမွန္ခံခဲ့ရေၾကာင္းႏွင့္ ယာဥ္ေမာင္း ယာဥ္ေနာက္လုိက္တုိ႔ တစ္စုံတစ္ရာ ထိခုိက္ဒဏ္ရာ မရရွိေၾကာင္းသိရသည္။

နွားများသယ်ဆောင်လာသည့် ၁၂ ဘီးယာဉ်တစ်စီးပစ်ခတ်ခံရ
ကျောက်မဲ၊ စက်တင်ဘာ-၂၉

ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာနှင့်ဗူးခါးကျေးရွာကြား၊ နားခေါ်ကျေးရွာအထွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စက်တင်ဘာ(၂၉)ရက် နံနက် ၁း၀၀ နာရီခန့်က သိန်းသန်းမြင့်ကျော်ကုမ္ပဏီမှ တရားဝင်စာရွက်စာတမ်းများဖြင့် သယ်ဆောင်လာသည့် နွားကား ၅ စီးအနက် ရှေ့ဆုံးယာဉ်ဖြစ်သည့် ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာနေ ယာဉ်မောင်း ဝေလင်းခိုင် မောင်းနှင်လာသော ၁၂ ဘီးယာဉ်အား မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်းသိရသည်။ ထိုသို့ဆိုင်ကယ်စီးလာသူ အရပ်ဝတ် လူနှစ်ဦးမှ မော်တော်ယာဉ်အား ရှေ့မှပစ်ခတ်ခဲ့ပြီး ကျော်ဖြတ်သွားစဉ်တွင်လဲ ထပ်မံပစ်ခတ်သွားကြောင်းသိရသည်။ သေနတ်ပစ်ခတ်ခံရမှုကြောင့် မော်တော်ယာဉ်၏ ရှေ့ဝဲဘက်ဘီးကျည်ဆံတစ်ချက်ထိမှန်၊ နောက်ပိတ်တံခါးကျည်ဆံတစ်ချက်ထိမှန်ပြီး ယာဉ်ပေါ်ရှိနွားတစ်ကောင် ကျည်ဆံနှစ်ချက်ထိမှန်ခံခဲ့ရကြောင်းနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်တို့ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရရှိကြောင်းသိရသည်။


0 comments:
Post a Comment