စစ္ဆိုတာ ဘာလဲ သူငယ္ခ်င္းလို႔
လက္တစ္ဆစ္စာ က်ည္ဖူးေလးက
ပခံုးပုတ္ၿပီးလာေမးတယ္...
ဒီအေျဖကိုသိႏိုင္တဲ့သူဆိုလိ
၂ေယာက္ပဲရွိတယ္
ဟုတ္တယ္ မင္းရယ္ ငါရယ္...
တစ္ေသြး တစ္သံ တစ္မိန္႔လို
ငါ့မွာလဲ အသက္ကတစ္ေခ်ာင္းထဲသူငယ္ခ်င္
မင္းေသရမွာ မေၾကာက္ဖူးလားလို႔ မင္းေမးတုန္းက ငါရယ္ေနတယ္
မင္းေသရမွာ မေၾကာက္ဖူးလားလို႔ ငါေမးရင္လဲ မင္းရယ္ေနပါ...
ကမ႓ာေပၚမွာ
စစ္ကိုလိုလားတဲ့ စစ္သား မရွိဘူးဆိုရင္
အျပင္လူေတြယံုခ်င္မွယံုမယ္
အျပင္လူေတြဆိုလို႔
အတြင္းမွာဘယ္သူေတြရွိလဲလို႔
မင္းေမးခ်င္ေမးလာမယ္
အဲဒါ မင္းရယ္ ငါရယ္...
မင္းသိထားတဲ့ဘဝနဲ႔ ငါသိထားတဲ့ဘဝဆိုတာ
ထမင္းသိုးဟင္းသိုးကေန မိုးခါးေရအထိ
သဲဝဲစားေရာဂါကေန ေျချပတ္လက္ျပတ္အထိ
ေအာက္စီဂ်င္ကေန မိုင္းကြင္းအထိ...
ဒီလိုပဲ ငါတို႔ဘဝဆိုတာ ကိုယ့္ကိုကိုယ္ျပန္လႉထားရတဲ
မိုးပ်ံပူေပါင္းေလးေတြလဲျဖစ
ငါတို႔ဆိုေပမဲ့လည္းအမ်ားႀကီ
ဘယ္သူေတြလဲဆိုေတာ့
မင္းရယ္ ငါရယ္...
ပလက္ေဖါင္းေပၚက ဂစ္တာသံေတြ
စတိတ္ခ်္႐ွိဳးလက္မွတ္ေတြထက္
တရႊတ္ရႊတ္ျဖတ္ေျပးေနတဲ့က်ည္
တအံုးအံုးထကြဲေနတဲ့ မိုင္းေတြကို
ငါတို႔ေခါင္းအုန္းလုပ္ခဲ့ၾက
ဒီလိုေျပာလို႔ ရယ္ခ်င္ရယ္ေနၾကလိမ့္မယ္
ရယ္မဲ့သူဆိုလို႔လဲ မ်ားမ်ားစားစားမရွိလွဘူး
အဲဒါ မင္းရယ္ ငါရယ္...
ငါတို႔ဆီမွာ
ဒုကၡိတေတြရွိတယ္
မသန္မစြမ္းေတြရွိတယ္
ေျချပတ္လက္ျပတ္ေတြရွိတယ္
အားငယ္တက္တဲ့
ဘယ္ဘက္အိပ္ကပ္ေလးေတြရွိတယ္
သေျပခက္ရွိတယ္...
ငါတို႔ဆီမွာ
ေရျခားေျမျခားရွိတယ္
ရဲရဲတက္ ရဲရဲတိုက္
ရဲရဲေခ်မႈန္းရွိတယ္
ဝင္သက္ထြက္သက္ကေလးရွိတယ္
ဒုကၡရွိတယ္
တမလြန္ရွိတယ္...
ငါတို႔ဆီမွာ
မိုင္ရွည္ခရီးရွိတယ္
ငိုသံေတြရွိတယ္
အိပ္မေပ်ာ္တဲ့ညေတြရွိတယ္...
ေသသြားတဲ့ရဲေဘာ္ေတြရွိတယ္
ေသသြားတဲ့ရဲေဘာ္ေတြကို
အေလးျပဳေနတဲ့လက္ေတြရွိတယ္
အေလးျပဳေနတဲ့လက္ေတြဆိုလို႔
ဘယ္သူေတြမ်ားလဲလို႔
မင္းသိခ်င္လာမယ္
အဲဒါ မင္းရယ္ ငါရယ္...
ေသျခင္းတရားက
Trailer ျပေလ့မရွိဘူး
ေသျခင္းတရားဆိုတာ
မင္းနဲ႔ငါတစ္ေယာက္တစ္ဝက္ေသာ
စီးကရက္တစ္လိပ္စာေလာက္ပဲသူင
စစ္သားဆိုတာ
ေသျခင္းတရားနဲ႔ပတ္သတ္ၿပီးလည
လူေျပာမ်ားတတ္ေသးတယ္
ေျပာမဲ့သူဆိုလို႔လဲ ႏွစ္ေယာက္ပဲရွိတယ္
အဲဒါလည္း မင္းရယ္ ငါရယ္ပဲ...
credit -Eagle White.

စစ်ဆိုတာ ဘာလဲ သူငယ်ချင်းလို့
လက်တစ်ဆစ်စာ ကျည်ဖူးလေးက
ပခုံးပုတ်ပြီးလာမေးတယ်...
ဒီအဖြေကိုသိနိုင်တဲ့သူဆိုလို့
၂ယောက်ပဲရှိတယ်
ဟုတ်တယ် မင်းရယ် ငါရယ်...
တစ်သွေး တစ်သံ တစ်မိန့်လို
ငါ့မှာလဲ အသက်ကတစ်ချောင်းထဲသူငယ်ချင်း...
မင်းသေရမှာ မကြောက်ဖူးလားလို့ မင်းမေးတုန်းက ငါရယ်နေတယ်
မင်းသေရမှာ မကြောက်ဖူးလားလို့ ငါမေးရင်လဲ မင်းရယ်နေပါ...
ကမ္ဘာပေါ်မှာ
စစ်ကိုလိုလားတဲ့ စစ်သား မရှိဘူးဆိုရင်
အပြင်လူတွေယုံချင်မှယုံမယ်
အပြင်လူတွေဆိုလို့
အတွင်းမှာဘယ်သူတွေရှိလဲလို့
မင်းမေးချင်မေးလာမယ်
အဲဒါ မင်းရယ် ငါရယ်...
မင်းသိထားတဲ့ဘဝနဲ့ ငါသိထားတဲ့ဘဝဆိုတာ
ထမင်းသိုးဟင်းသိုးကနေ မိုးခါးရေအထိ
သဲဝဲစားရောဂါကနေ ခြေပြတ်လက်ပြတ်အထိ
အောက်စီဂျင်ကနေ မိုင်းကွင်းအထိ...
ဒီလိုပဲ ငါတို့ဘဝဆိုတာ ကိုယ့်ကိုကိုယ်ပြန်လှူထားရတဲ့
မိုးပျံပူပေါင်းလေးတွေလဲဖြစ်တယ်
ငါတို့ဆိုပေမဲ့လည်းအများကြီးတော့မဟုတ်ပါဘူး
ဘယ်သူတွေလဲဆိုတော့
မင်းရယ် ငါရယ်...
ပလက်ဖေါင်းပေါ်က ဂစ်တာသံတွေ
စတိတ်ချ်ရှိုးလက်မှတ်တွေထက်
တရွှတ်ရွှတ်ဖြတ်ပြေးနေတဲ့ကျည်ဆံတွေ
တအုံးအုံးထကွဲနေတဲ့ မိုင်းတွေကို
ငါတို့ခေါင်းအုန်းလုပ်ခဲ့ကြတယ်
ဒီလိုပြောလို့ ရယ်ချင်ရယ်နေကြလိမ့်မယ်
ရယ်မဲ့သူဆိုလို့လဲ များများစားစားမရှိလှဘူး
အဲဒါ မင်းရယ် ငါရယ်...
ငါတို့ဆီမှာ
ဒုက္ခိတတွေရှိတယ်
မသန်မစွမ်းတွေရှိတယ်
ခြေပြတ်လက်ပြတ်တွေရှိတယ်
အားငယ်တက်တဲ့
ဘယ်ဘက်အိပ်ကပ်လေးတွေရှိတယ်
သပြေခက်ရှိတယ်...
ငါတို့ဆီမှာ
ရေခြားမြေခြားရှိတယ်
ရဲရဲတက် ရဲရဲတိုက်
ရဲရဲချေမှုန်းရှိတယ်
ဝင်သက်ထွက်သက်ကလေးရှိတယ်
ဒုက္ခရှိတယ်
တမလွန်ရှိတယ်...
ငါတို့ဆီမှာ
မိုင်ရှည်ခရီးရှိတယ်
ငိုသံတွေရှိတယ်
အိပ်မပျော်တဲ့ညတွေရှိတယ်...
သေသွားတဲ့ရဲဘော်တွေရှိတယ်
သေသွားတဲ့ရဲဘော်တွေကို
အလေးပြုနေတဲ့လက်တွေရှိတယ်
အလေးပြုနေတဲ့လက်တွေဆိုလို့
ဘယ်သူတွေများလဲလို့
မင်းသိချင်လာမယ်
အဲဒါ မင်းရယ် ငါရယ်...
သေခြင်းတရားက
Trailer ပြလေ့မရှိဘူး
သေခြင်းတရားဆိုတာ
မင်းနဲ့ငါတစ်ယောက်တစ်ဝက်သောက်ခဲ့တဲ့
စီးကရက်တစ်လိပ်စာလောက်ပဲသူငယ်ချင်း...
စစ်သားဆိုတာ
သေခြင်းတရားနဲ့ပတ်သတ်ပြီးလည်း
လူပြောများတတ်သေးတယ်
ပြောမဲ့သူဆိုလို့လဲ နှစ်ယောက်ပဲရှိတယ်
အဲဒါလည်း မင်းရယ် ငါရယ်ပဲ...
credit -Eagle White.
0 comments:
Post a Comment