
ရန္ကုန္ စက္တင္ဘာ ၂၆
ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႕ ရန္ကုန္တိုင္းေဒသႀကီး စစ္မႈထမ္းေဟာင္း ႀကီးၾကပ္ေရးအဖြဲ႕မွ ႀကီးမွဴးက်င္းပသည့္ တပ္မေတာ္ကို ေထာက္ခံျခင္းႏွင့္ ျပင္ပစြက္ဖက္ လုပ္ေဆာင္မႈမ်ားအား ဆန္႔က်င္သည့္ ဆႏၵေဖာ္ထုတ္ပြဲကို ယေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး လိႈင္ၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္း႐ံုးေရွ႕၌ ျပဳလုပ္သည္။
''ကြၽန္ေတာ္တို႔ ဆႏၵေဖာ္ထုတ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ စစ္မႈထမ္းေဟာင္း အဖြဲ႕က တပ္မေတာ္ရဲ႕အရန္အင္အား ျဖစ္တာနဲ႔အညီ တပ္မေတာ္ကို ေထာက္ခံရင္းနဲ႔ ျပင္ပကေန ဝင္ေရာက္စြက္ဖက္ေနတဲ့ လုပ္ေဆာင္ခ်က္ေတြကုိ ကန္႔ကြက္တဲ့ ဆႏၵေဖာ္ထုတ္ပြဲျဖစ္ပါတယ္။ လက္ရွိမွာ ျမန္မာ့တပ္မေတာ္ကို ႏိုင္ငံတကာနဲ႔ ျပည္ပမီဒီယာေတြက ရည္ရြယ္ခ်က္ရွိရွိနဲ႔ ျပစ္တင္ပုတ္ခတ္ ေဝဖန္ေျပာဆိုေနတာေတြကို ကြၽန္ေတာ္တို႔က ဘယ္အဖြဲ႕အစည္းရဲ႕ တိုက္တြန္းခ်က္မွမပါဘဲ တပ္မေတာ္ရဲ႕အရန္အင္အားျဖစ္တဲ့ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္ေတြ အေနနဲ႔ ႏိုင္ငံနဲ႔ လူမ်ဳိးအေပၚ ဒို႔တာဝန္ အေရးသုံးပါးနဲ႔အညီ ကာကြယ္ေစာင့္ေရွာက္ ေပးေနတဲ့ တပ္မေတာ္ရဲ႕ မွန္ကန္တဲ့ လုပ္ေဆာင္ခ်က္ေတြကို အၾကြင္းမဲ့ ယံုၾကည္လို႔ တပ္မေတာ္ ေထာက္ခံပြဲ ျပဳလုပ္တာပါ'' ဟု လိႈင္ၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္းအဖြဲ႕ ဥကၠ႒ ဗိုလ္မွဴးတင္ျမင့္(ၿငိမ္း) ကေျပာသည္။
အဆိုပါ ဆႏၵေဖာ္ထုတ္ပြဲတြင္ တပ္မေတာ္ကို အျပည့္အဝေထာက္ခံသည္၊ တပ္မေတာ္အင္အား ခ်ဳိးႏွိမ္မႈမွန္သမွ် တို႔လံုးဝလက္မခံ၊ မဆီမဆိုင္ႏိုင္ငံေရး စြက္ဖက္ေသာ ၤ Facebook ကို လံုးဝဆန္႔က်င္႐ႈတ္ခ်သည္၊ ဘက္လိုက္ေသာ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရး ေကာ္မရွင္၏ မမွ်မတ တစ္ဖက္သတ္ အစီရင္ခံစာ တို႔လံုးဝလက္မခံ၊ ျပည္သူကိုခ်စ္ေသာ၊ ျပည္သူကခ်စ္ေသာ တပ္မေတာ္ ေအာင္ျမင္ပါေစ၊ တပ္မေတာ္စြမ္းမွ တိုင္းျပည္ေအးခ်မ္းမည္၊ APHR ၏ ေအာက္လံုး အစီရင္ခံစာ အလိုမရွိ၊ အလိုမရွိ စသည့္ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ၿပီး ႏွစ္နာရီခန္႔ တိတ္ဆိတ္စြာ ဆႏၵေဖာ္ထုတ္ခဲ့သည္။ အဆိုပါ ဆႏၵေဖာ္ထုတ္ပြဲတြင္ လိႈင္ၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္ ၃၅ဝ ေက်ာ္က ပါဝင္ ဆႏၵေဖာ္ထုတ္ ခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္ေထာက္ခံပြဲမ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီး၌ ျပဳလုပ္လ်က္ ရွိရာ ၂ဝ၁၆ ခုႏွစ္မွ ၂ဝ၁၈ ခုႏွစ္အထိ ယခုအႀကိမ္အပါအဝင္ ၄၂ ႀကိမ္၊စုစုေပါင္းအင္အား ၅၈၉၂၃၅ ဦးျဖင့္ က်င္းပခဲ့ၿပီး ႏိုင္ငံတစ္ဝန္း တပ္မေတာ္ေထာက္ခံပြဲမ်ား ဆက္လက္က်င္းပ သြားမည္ျဖစ္ေၾကာင္း သိရသည္။
တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ လှိုင်မြို့နယ်၌ ပြုလုပ်
ရန်ကုန် စက်တင်ဘာ ၂၆
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်မှုထမ်းဟောင်းရုံးရှေ့၌ ပြုလုပ်သည်။
''ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်း အဖွဲ့က တပ်မတော်ရဲ့အရန်အင်အား ဖြစ်တာနဲ့အညီ တပ်မတော်ကို ထောက်ခံရင်းနဲ့ ပြင်ပကနေ ဝင်ရောက်စွက်ဖက်နေတဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ပွဲဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာ့တပ်မတော်ကို နိုင်ငံတကာနဲ့ ပြည်ပမီဒီယာတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်တင်ပုတ်ခတ် ဝေဖန်ပြောဆိုနေတာတွေကို ကျွန်တော်တို့က ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်မှမပါဘဲ တပ်မတော်ရဲ့အရန်အင်အားဖြစ်တဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံနဲ့ လူမျိုးအပေါ် ဒို့တာဝန် အရေးသုံးပါးနဲ့အညီ ကာကွယ်စောင့်ရှောက် ပေးနေတဲ့ တပ်မတော်ရဲ့ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို အကြွင်းမဲ့ ယုံကြည်လို့ တပ်မတော် ထောက်ခံပွဲ ပြုလုပ်တာပါ'' ဟု လှိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးတင်မြင့်(ငြိမ်း) ကပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော ၤ Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး နှစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် လှိုင်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၃၅ဝ ကျော်က ပါဝင် ဆန္ဒဖော်ထုတ် ခဲ့ကြောင်း သိရသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ်အပါအဝင် ၄၂ ကြိမ်၊စုစုပေါင်းအင်အား ၅၈၉၂၃၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment