__________________________
အခုတော့ စစ်ဆေးရုံကြီးက လူနာကုတင်ပေါ်မှာ.. ခေါင်းနဲ့လက်တွေမှာပတ်တီးအေ ဖွးသားနဲ့..
crd-org
__________________________
အခုတော့ စစ်ဆေးရုံကြီးက လူနာကုတင်ပေါ်မှာ.. ခေါင်းနဲ့လက်တွေမှာပတ်တီးအေ
crd-org

"မျှော်လင့်ချက်မဲ့သွားပေမဲ့လည်း တပ်မတော်အတွက် တာဝန်ထမ်းဆောင်ချင်သေးသူ "
__________________________
"မင်း..သာမာန် စစ်သည်ဘဝနဲ့ ဆယ်တန်းကို ဂုဏ်ထူး ၂ ဘာသာပါအောင်.. တပ်ရင်းတစ်ရင်းလုံး အံ့အားသင့်သွားအောင်..ပြောတဲ့အတိုင်း ကြိုးစားပြနိုင်ခဲ့တာ လေးစားတယ်ကွာ.."
"အခု..တပ်ရင်းမှုးကြီးက မင်းရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ကော...တပ်မတော်တစ်ရပ်လုံးရဲ့ ပညာရည်ချွန်ဆုပေးပွဲကိုတက်ဖို့အတွက်ပြင်ဆင်ချိန်ရအောင်ကော.. အခုရှေ့တန်းကနေ နောက်တန်းပြန်ဆင်းမယ့် အဖွဲ့နဲ့ ထည့်ပေးလိုက်ပြီ..မင်းဖြစ်ချင်တဲ့ အရာရှိဖြစ်အောင်ဆက်ကြိုးစားကွာ"
ပြီးခဲ့တဲ့ ၂ ရက်လောက်က ကျနော့်ရဲ့ စကားတွေကို ဝမ်းသာအားရ ဂုဏ်ယူစွာနဲ့နားထောင်ခဲ့တဲ့ ဗညား..
အခုတော့ စစ်ဆေးရုံကြီးက လူနာကုတင်ပေါ်မှာ.. ခေါင်းနဲ့လက်တွေမှာပတ်တီးအဖွေးသားနဲ့..
သူ့ရဲ့ အကောင်းပတိ မြင်နိုင်စွမ်းရှိသေးတဲ့ မျက်စိတစ်ဖက်က ကျနော့်ကိုမြင်တော့ ဝမ်းသာအားရနဲ့ ကြိုးစားပြုံးပြရှာတယ်..ပြီးတော့ လေသံဖျော့ဖျော့နဲ့..ကျနော့်ကို..
"ဗိုလ်ကြီးကော သက်သာရဲ့လား" တဲ့..
နောက်ထပ်အံကြိတ်ပြီး ကြိုးစား ပြောလိုက်တဲ့သူ့ရဲ့စကား...
"ကျနော့် ဒဏ်ရာတွေကြောင့် အရာရှိမဖြစ်တော့ဘူးဆိုရင်တောင် ရိုးရိုးရဲဘော်ဘဝနဲ့ ဒီကောင်တွေကို ကျွန်တော်တို့တပ်အတွက် ပြန်တိုက်ချင်ပါသေးတယ် ဗိုလ်ကြီး".. တဲ့...
သူ့ရဲ့မျက်လုံးတစ်ဖက်တည်းက စီး ကျလာတဲ့မျက်ရည်တွေကို ကျနော်ငေးကြည့်မိရင်း ရင်ထဲက နားလည်လိုက်မိပါတယ်..
crd-org
0 comments:
Post a Comment