Friday, September 28, 2018

ငါတို့ခ်စ္တဲ႕ခ်စ္စရာ့ဂ်ိဳးျဖဴေျမ

စိမ္းေရာင္ထူထူ အလံတလူလူနွင့္
ေတာေတာင္ေရလမ္း စစ္ေရာင္လြႊမ္း၍
ခ်စ္ေသာသဘာဝ လွပစံုေန
ငါတို့ခ်စ္ေပ ဂ်ိဳးျဖဴေျမ။

မနက္မိုးေသာက္ အာရံုေရာက္၍
လမင္းထိန္ထိန္အေရာင္မွိန္ခ်ိန္
ျကံခိုင္စြမ္းအား တပ္မေတာ္သားတို့
ေဆာင္ပုဒ္ကိုယ္စီ သံျပိုင္ဆိုျပီး
PT ေျပးေန ဂ်ိဳးျဖဴေျမ။

ေနပူမေရွာင္ မိုးရြာမေရွာင္
ေအာင္လံထူဖို့ ေသနတ္ဆြဲလို့
ေတာေတာင္ကိုတက္ ေရျပင္ျဖတ္၍
အမိေျမအတြက္ ျကိုးစားေနေပ
ငါတို့ခ်စ္တဲ႕စစ္သားေတြ……………။

သစၥာေလးရပ္ ဓိ႒ာန္ခ်က္ေတြ
မျပတ္ေန့စဥ္ ဆိုစဥ္ခါ၌
ရင္မွာလိွုင္းသိမ့္ မ်ိဳးခ်စ္စိတ္က
နိုးျကားတက္ျကြ ျကက္သီးထမိ
ငါခ်စ္မိေပ ငါ့အမိေျမ။

တကၠသိုလ္လူငယ္ တို့တေတြလဲ
ေျခဖဝါးနုနု ေသြးေျခဥပါေစ
ရစဥ္ခဏ အခြင့္ေရးတမ်ွကို
ေကာင္းစြာအသံုးခ် ေလ့က်င့္ျကေပ
စစ္ေရးစစ္ရာ အတတ္ပညာေတြ။

ကာလတစ္ခု အေျချပဳ၍
ေမာင္ရင္းညီမသဖြယ္ သံေယာဇဥ္ေတြျမဲလို့ခိုင္
အိမ္ျပန္ခရီးဆို၏ျငားလဲ အျပံဳးပန္းတို့မပြင့္နိုင္
ခ်စ္တဲ႕ေျမတြင္ ဆက္ေနဆိုလဲမျဖစ္နိုင္
တပ္မေတာ္ထမင္းဟင္းအျမဲစားဆိုလဲမစားနိုင္
ေနမိုးမေရွာင္ေလ့က်င့္ဆိုလဲမက်င့္နိုင္
သို့ေသာ္ သို့ေသာ္ ခ်စ္တဲ႕ေျမကို
မခြဲႏိုင္ေလ့ေတာ့ က်ေလဦးေတာ့မ်က္ရည္ေတြ
က်န္ရစ္ေပဦးသာသည့္ေျမ။
အမွတ္တရေတြ က်န္လို့ေန
ငါတို့ခ်စ္တဲ႕ခ်စ္စရာ့ဂ်ိဳးျဖဴေျမ။

Credit- AMY ZAW IR.


Image may contain: 4 people, people standing, tree, outdoor and nature

စိမ်းရောင်ထူထူ အလံတလူလူနှင့်
တောတောင်ရေလမ်း စစ်ရောင်လွှမ်း၍
ချစ်သောသဘာဝ လှပစုံနေ
ငါတို့ချစ်ပေ ဂျိုးဖြူမြေ။

မနက်မိုးသောက် အာရုံရောက်၍
လမင်းထိန်ထိန်အရောင်မှိန်ချိန်
ကြံခိုင်စွမ်းအား တပ်မတော်သားတို့ 
ဆောင်ပုဒ်ကိုယ်စီ သံပြိုင်ဆိုပြီး
PT ပြေးနေ ဂျိုးဖြူမြေ။

နေပူမရှောင် မိုးရွာမရှောင် 
အောင်လံထူဖို့ သေနတ်ဆွဲလို့ 
တောတောင်ကိုတက် ရေပြင်ဖြတ်၍
အမိမြေအတွက် ကြိုးစားနေပေ 
ငါတို့ချစ်တဲ့စစ်သားတွေ……………။

သစ္စာလေးရပ် ဓိဋ္ဌာန်ချက်တွေ 
မပြတ်နေ့စဉ် ဆိုစဉ်ခါ၌
ရင်မှာလှိုင်းသိမ့် မျိုးချစ်စိတ်က
နိုးကြားတက်ကြွ ကြက်သီးထမိ 
ငါချစ်မိပေ ငါ့အမိမြေ။

တက္ကသိုလ်လူငယ် တို့တတွေလဲ
ခြေဖဝါးနုနု သွေးခြေဥပါစေ
ရစဉ်ခဏ အခွင့်ရေးတမျှကို 
ကောင်းစွာအသုံးချ လေ့ကျင့်ကြပေ
စစ်ရေးစစ်ရာ အတတ်ပညာတွေ။

ကာလတစ်ခု အခြေပြု၍ 
မောင်ရင်းညီမသဖွယ် သံယောဇဉ်တွေမြဲလို့ခိုင် 
အိမ်ပြန်ခရီးဆို၏ငြားလဲ အပြုံးပန်းတို့မပွင့်နိုင်
ချစ်တဲ့မြေတွင် ဆက်နေဆိုလဲမဖြစ်နိုင် 
တပ်မတော်ထမင်းဟင်းအမြဲစားဆိုလဲမစားနိုင်
နေမိုးမရှောင်လေ့ကျင့်ဆိုလဲမကျင့်နိုင် 
သို့သော် သို့သော် ချစ်တဲ့မြေကို
မခွဲနိုင်လေ့တော့ ကျလေဦးတော့မျက်ရည်တွေ
ကျန်ရစ်ပေဦးသာသည့်မြေ။
အမှတ်တရတွေ ကျန်လို့နေ
ငါတို့ချစ်တဲ့ချစ်စရာ့ဂျိုးဖြူမြေ။


Credit- AMY ZAW IR.

0 comments:

Post a Comment