~~~~ႏွလံုးသားထဲက. ခ်ိဴးကူသံ~~~~
စိမ္းလန္းဌာေန. ယမ္းမိုးေစြ၍
ေသြးေျမစီးက် ပူေသာကနင့္
ဘ၀အိမ္မက္ ေမွာင္တြင္းနက္မို႔
ကမ္းေပးလက္ယူ စိတ္၀မ္းတူသည္
ခ်ိဴးကူသံျမဴး တကူးကူး
ကိန္းခန္းသာေပ. ေမတၱာေ၀၍
ေရေျမခြဲျခား စည္းမတားဘဲ
အင္အားညီတူ ေပါင္းစုယူသည္
ခ်ိဴးကူသံျမဴး တကူးကူး
ၿငိမ္းခ်မ္းပါေစ. ရန္ၿငိဳးေက်၍
ျမန္ျပည္တ၀ွမ္း စည္ေျပာရြမ္းၿပီး
ရဟန္း႐ွင္လူ ေကာင္းမႈလွဴသည္
ခ်ိဴးကူးသံျမဴး တကူးကူး
အို?? ခ်ိဴးကူသံ ဘ၀ဂ္ညံ၍
ေလဆန္ကိုျဖတ္ ေအာင္းေမာင္းခတ္ကာ
မုန္းဇာတ္သိမ္းဆည္း ေ႐ွ႕ခရီး၀ယ္
ခ်စ္ၿပီး အျပံဳး ထပ္ေစေသာ္
စစ္မီး အဆုံးသတ္ေစေသာ္
~~~~~~~~~ေမာင္ေမခ
~~~~~~~~~~~~~~~အျပံဳးပိုင္
~~~~~~~~~~~~~~~~~စစ္ကို မုန္း၍ တိုက္ခဲ့သည္
မူရင္း - Credit ပါ
Kyi Zin Oo

~~~~နှလုံးသားထဲက. ချိူးကူသံ~~~~
စိမ်းလန်းဌာနေ. ယမ်းမိုးစွေ၍
သွေးမြေစီးကျ ပူသောကနင့်
ဘဝအိမ်မက် မှောင်တွင်းနက်မို့
ကမ်းပေးလက်ယူ စိတ်ဝမ်းတူသည်
ချိူးကူသံမြူး တကူးကူး
ကိန်းခန်းသာပေ. မေတ္တာဝေ၍
ရေမြေခွဲခြား စည်းမတားဘဲ
အင်အားညီတူ ပေါင်းစုယူသည်
ချိူးကူသံမြူး တကူးကူး
ငြိမ်းချမ်းပါစေ. ရန်ငြိုးကျေ၍
မြန်ပြည်တဝှမ်း စည်ပြောရွမ်းပြီး
ရဟန်းရှင်လူ ကောင်းမှုလှူသည်
ချိူးကူးသံမြူး တကူးကူး
အို?? ချိူးကူသံ ဘဝဂ်ညံ၍
လေဆန်ကိုဖြတ် အောင်းမောင်းခတ်ကာ
မုန်းဇာတ်သိမ်းဆည်း ရှေ့ခရီးဝယ်
ချစ်ပြီး အပြုံး ထပ်စေသော်
စစ်မီး အဆုံးသတ်စေသော်
~~~~~~~~~မောင်မေခ
~~~~~~~~~~~~~~~အပြုံးပိုင်ရှင်
~~~~~~~~~~~~~~~~~စစ်ကို မုန်း၍ တိုက်ခဲ့သည်
မူရင်း - Credit ပါ
0 comments:
Post a Comment