Sunday, September 16, 2018

Intake Flag (သို႔မဟုတ္) စစ္တကၠသိုလ္၏ အစဥ္လာေကာင္းတစ္ခု


Intake Flag (သို႔မဟုတ္) စစ္တကၠသိုလ္၏ အစဥ္လာေကာင္းတစ္ခု
---------------------------------------------------------------------

Intake Flag ဆိုတာကေတာ့ စစ္တကၠသိုလ္ရဲ႕ဗိုလ္ေလာင္းအမွတ္စဥ္ တစ္ခုကို ကိုယ္စားျပဳေသာ အလံငယ္ေလးတစ္ခုပါပဲ။ တပ္မေတာ္သားတိုင္းဟာ မိမိႏိုင္ငံရဲ႕ အလံကို ေလးစားခ်စ္ၾကတယ္ဆိုတာ မလြဲေသာ အမွန္တရားတစ္ခုပဲ ျဖစ္ပါတယ္။ ဒီလိုပါပဲ...ကြ်န္ေတာ္တို႔ ႏိုင္ငံမွာရွိတဲ့ စစ္ဘက္ဆိုင္ရာ တကၠသိုလ္အသီးသီးမွ ဗိုလ္ေလာင္းတိုင္းဟာလည္း မိမိတို႔တက္ေရာက္ခဲ့တဲ့ တကၠသိုလ္ မိမိတို႔ တက္ေရာက္ခဲ့တဲ့ အမွတ္စဥ္ကို တန္ဖိုးထား ေလးစားခ်စ္ျမတ္ႏိုးၾကပါတယ္။

ကြ်န္ေတာ္အခု တင္ျပေရးသားခ်င္တာကေတာ့ စစ္တကၠသိုလ္မွာရွိတဲ့ Intake Flag တပ္ဆင္ျခင္းဆိုတဲ့ အစဥ္လာေကာင္းတစ္ခုပါပဲ။ Intake Flag ကို ဘယ္လိုဗိုလ္ေလာင္းေတြ တပ္ဆင္ခြင့္ရသလဲဆိုရင္ေတာ့ ေက်ာင္းဆင္းမည့္ အပါတ္စဥ္ျဖစ္တဲ့ ေနာက္ဆံုးႏွစ္ဗိုလ္ေလာင္းေတြသာ တပ္ဆင္ခြင့္ရရွိတာျဖစ္ပါတယ္။ ယခင္ကေတာ့ ဗိုလ္ေလာင္းအင္အားနည္းပါးတဲ့အတြက္ Intake Flag ကို ေနာက္ဆံုးႏွစ္တစ္ပါတ္စဥ္လံုး အလွည့္က်တပ္ဆင္ရပါတယ္။ ေနာက္ပိုင္း ဗိုလ္ေလာင္းအင္အားမ်ားတဲ့အခ်ိန္မွာ
ေက်ာင္းဆင္းရန္ ရက္ (၁၀၀) အလိုေရာက္မွ ဗိုလ္ေလာင္း အေယာက္ (၁၀၀) ဟာ ေက်ာင္းဆင္းပြဲေန႔ထိ အလွည့္က်တပ္ဆင္ရတာျဖစ္ပါတယ္ 

ေနာက္ဆံုးႏွစ္ ဗိုလ္ေလာင္း အေယာက္ (၁၀၀) ဟာ ေက်ာင္းဆင္းမယ့္ေန႔အထိ တစ္ရက္ကို တစ္ေယာက္ အလွည့္က်တာ၀န္ယူကာ Intake Flag ကို ရင္ဘတ္မွာ တပ္ဆင္ရတာျဖစ္ပါတယ္။
Intak Flag တပ္ဆင္မယ့္ ဗိုလ္ေလာင္းအေယာက္ (၁၀၀) ကိုေရြးခ်ယ္တဲ့ေနရာမွာ သင္တန္းအရည္အခ်င္း Position မ်ားအလိုက္ ေရြးခ်ယ္တာမဟုတ္ပါဘူး။ ဗိုလ္ေလာင္း Cadet No အလိုက္ အားလံုးကို ျခံဳငံု၍ တပ္ဆင္ေစတာျဖစ္ပါတယ္။ အေယာက္ (၁၀၀ )ျဖစ္တဲ့အတြက္
ဗိုလ္ေလာင္းနံပါတ္ ေရွ႕ဆံုး အေယာက္ (၅၀) ႏွင့္ ေနာက္ဆံုးအ ေယာက္ (၅၀) ကို ေရြးခ်ယ္တပ္ဆင္ေစတာ မ်ားပါတယ္။ 

စစ္တကၠသိုလ္ ဗိုလ္ေလာင္းေတြကို အုပ္ခ်ဳပ္မႈ၊ ေခါင္းေဆာင္မႈ အတတ္ပညာေတြကို ေလ့က်င့္သင္ၾကားေပးတဲ့ေနရာမွာ စာေတြ႔ထက္ လက္ေတြ႔ကို ပိုမိုသင္ၾကားေစပါတယ္။ 
ဗိုလ္ေလာင္းအခ်င္းခ်င္း ေခါင္းေဆာင္းမႈေကာင္းမြန္စြာ အုပ္ခ်ဳပ္တတ္ေစဘို႔ Senior-Junior System စနစ္ကို ထားရွိျပီး ဗိုလ္ေလာင္းတာ၀န္က်ေတြ ခန္႔အပ္ အုပ္ခ်ဳပ္ေစပါတယ္။ ဗိုလ္ေလာင္းတာ၀န္က်ေတြကေတာ့ သင္တန္းမွာ အဆင့္ေကာင္းမြန္တဲ့ သူေတြသာျဖစ္ပါတယ္။ 

ဗိုလ္ေလာင္းတပ္စုတစ္စုမွ Position အေကာင္းဆံုး ေနာက္ဆံုးႏွစ္ဗိုလ္ေလာင္းဟာ တပ္စုမႈးဆိုတဲ့ အပိြဳင့္မန္႔တာ၀န္ထမ္းေဆာင္ရပါတယ္။ တပ္ခြဲမွာ အဆင့္အေကာင္းဆံုးက တပ္ခြဲမႈးျဖစ္ပါတယ္။
ဗိုလ္ေလာင္းတပ္ရင္းတစ္ရင္းလံုးမွာ အဆင့္အေကာင္းဆံုး Final year ဗိုလ္ေလာင္းကေတာ့ 
ဗိုလ္ေလာင္း တပ္ရင္းမႈးတာ၀န္ထမ္းေဆာင္ရပါတယ္။ သို႔ေပမယ့္ ဗိုလ္ေလာင္းအာားလံုးဟာ ဗိုလ္ေလာင္းအခ်င္းခ်င္းကိုေတာ့ အေလးမျပဳရပါဘူး။ 

Intake Flag တပ္ဆင္ထားတဲ့ ဗိုလ္ေလာင္းသည္ Random ျဖစ္တဲ့အတြက္ ထိုဗို္လ္ေလာင္းအေယာက္ (၁၀၀) ထဲမွာ တာ၀န္က်ဗိုလ္ေလာင္း အပိြဳင့္မန္႔မ်ား ပါ၀င္သလို
သာမာန္ ဗို္လ္ေလာင္းမ်ားလဲပါ၀င္ပါတယ္။ သို႔ေပမယ့္ မည္သည့္ဗိုလ္ေလာင္းကပဲ Intake Flag တပ္ဆင္ထားသည္ျဖစ္ပါေစ စစ္တကၠသိုလ္တစ္ခုလံုးမွာ ရွိတဲ့ ဗိုလ္ေလာင္းအားလံုးဟာ 
Intake Flag တပ္ဆင္ထားသူ ဗိုလ္ေလာင္းကို အေလးျပဳရပါတယ္။ သူတို႔အေလးျပဳတာဟာ ထိုဗိုလ္ေလာင္းကို မဟုတ္ဘဲ သူ႔ရင္ဘတ္မွာ တပ္ဆင္ထားတဲ့ အလံကို အေလးျပဳၾကျခင္းသာျဖစ္ပါတယ္။ 

Intake Flag တပ္ဆင္ထားသူ ဗိုလ္ေလာင္းကို စစ္တကၠသိုလ္တစ္၀ွမ္းလံုးမွာ အဆင့္အျမင့္ဆံုးဗိုလ္ေလာင္းအျဖစ္ ဗိုလ္ေလာင္းအားလံုးက သတ္မွတ္ထားတာျဖစ္ပါတယ္။ 
နံနက္ တန္းေပါင္းစီခ်ိန္မွာ သာမာန္အားျဖင့္ ဗိုလ္ေလာင္းတပ္ေရးက ဗို္လ္ေလာင္းတပ္ရင္းမႈးကို တန္းအပ္၍ ႏိုင္ငံေတာ္အလံကို အေလးျပဳကာ သစၥာဆိုၾကရပါတယ္။ ဒါေပမယ့္ Intake Flag တပ္ဆင္ခ်ိန္ေရာက္လာရင္ေတာ့ ဗိုလ္ေလာင္းတပ္ရင္းမႈးကပါ Intake Flag တပ္ဆင္ထားသူ ဗိုလ္ေလာင္းကို အေလးျပဳတန္းအပ္ျပီးမွ Intake Flag တပ္ဆင္သူဗိုလ္ေလာင္း၏ အမိန္႔ျဖင့္ 
ဆက္လက္လုပ္ေဆာင္ရတာျဖစ္ပါတယ္။

သို႔ေပမယ့္ Intake Flag ဗိုလ္ေလာင္းဟာ အုပ္ခ်ဳပ္မႈဆိုင္ရာ ကိစၥရပ္ေတြကို ၀င္ေရာက္စြက္ဖက္ခြင့္မရွိပါဘူး။ သက္ဆိုင္ရာ အုပ္ခ်ဳပ္မႈကိစၥေတြကို ဗုိလ္ေလာင္း တာ၀န္က်မ်ားကသာ လုပ္ေဆာင္ပါတယ္။ Intake Flag တပ္ဆင္သူ ဗိုလ္ေလာင္းအား Respect သေဘာျဖင့္သာ ဆက္ဆံၾကတာျဖစ္ပါတယ္။ Intake Flag တပ္ဆင္သူဗိုလ္ေလာင္းဟာ သာမာန္ Plane Cadet ျဖစ္ေနခဲ့လွ်င္ေတာင္ ဗိုလ္ေလာင္းတပ္ရင္း တစ္ရင္းလံုးအား ခရာမႈ၍ တန္းစီလွ်င္ အားလံုးက ေလးစားမႈျဖင့္ တန္းစီၾကရပါတယ္။ 

ဗိုလ္ေလာင္းေတြဟာ စာေပပညာသင္ဘို႔အတြက္ သက္ဆိုင္ရာ ဗိုလ္ေလာင္းတပ္ရင္းမ်ားမွတဆင့္
စာေပဌာနသို႔ စစ္ေၾကာင္းပံုျဖင့္ စစ္တီး၀ိုင္းျဖင့္ ခ်ီတက္ၾကပါတယ္။ ထိုသို႔ခ်ီတက္ရာမွာ ထိပ္ဆံုးက ႏိုင္ငံေတာ္အလံကိုင္ ဗိုလ္ေလာင္းက ခ်ီတက္ျပီး ေနာက္ကေန ဗိုလ္ေလာင္းတပ္ရင္းမႈးက ခ်ီတက္ပါတယ္။ အဲဒီေနာက္ကမွ တပ္ခြဲမ်ားက အစဥ္လိုက္ခ်ီတက္ၾကတာပါ။ Intake Flag တပ္ဆင္ခ်ိန္မွာေတာ့ Intake Flag ဗိုလ္ေလာင္းဟာ အားလံုးရဲ႕ ထိပ္ဆံုးကေနခ်ီတက္ရတာျဖစ္ပါတယ္။ 

ဗိုလ္ေလာင္းမ်ား စာေပပညာသင္ၾကားရာေနရာသို႔လည္းေကာင္း၊ အိပ္ေဆာင္မ်ားသို႔လည္းေကာင္း၊ စားရိပ္သာမ်ားသို႔လည္းေကာင္း Intake Flag ဗိုလ္ေလာင္း၀င္ေရာက္လာရင္ အားလံုး ေရွ႕ၾကည့္အေနထားႏွင့္ ေနျပီး ေလးစားမႈကိုျပသၾကပါတယ္။ 

Intake Flag လဲလွယ္သည့္အခ်ိန္ကေတာ့ နံနက္ တန္းေပါင္းစီခ်ိန္ျဖစ္ပါတယ္။ လဲလွယ္မည့္ဗိုလ္ေလာင္းႏွစ္ဦးဟာ အလံလဲရန္ထြက္ဟု ဆိုသည္ႏွင့္ စစ္တိီး၀ိုင္းမွ တီးမႈတ္ေသာ စစ္သီခ်င္းသံျဖင့္ တပ္ရင္းအေရွ႕ကိုထြက္ကာ ဗိုလ္ေလာင္းတပ္ရင္းမႈး၏ ေရွ႕ေမွာက္တြင္ လဲလွယ္ရပါတယ္။ အဲဒီအခ်ိန္မွာ ဗိ္ုလ္ေလာင္းတပ္ရင္းမႈးက ထိုဗိုလ္ေလာင္းႏွစ္ေယာက္အား အေလးျပဳ၍ Intake Flag ကိုလဲလွယ္ေစပါတယ္။ 

Intake Flag တပ္ဆင္ရန္ အလွည့္က်တဲ့ ဗိုလ္ေလာင္းကေတာ့ ထိုေန႔မွာ 
သူရဲ႕ရွိစုမဲ့လစာနဲ႔ တပ္ရင္းတစ္ရင္းလံုးကို မုန္႔ေကြ်းပါတယ္။ အားလံုးကလဲ ညေန တန္းေပါင္းစီ တန္းျဖဳတ္ရင္ သူေနတဲ့ အခန္းကိုသြားျပီး ဂုဏ္ယူႏႈတ္ဆက္စကားေျပာၾကားၾကျပီး ေပ်ာ္ေပ်ာ္ပါးပါး မုန္႔စားၾကပါတယ္။ ထိုေန႔မွာေတာ့ Intake Flag တပ္ဆင္သူကိုသာမကဘဲ သူ႔ရဲ႕ ဂ်ဴနီယာ ဂါဒီယံ ဗိုလ္ေလာင္းေတြကိုပါ အားလံုးက ေလးစားမႈျပဳၾကတာဟာ အစဥ္လာေကာင္းတစ္ခုပါ။ 

Intake Flag တပ္ဆင္သူေတြထဲမွာမွ ဗိုလ္ေလာင္းတစ္ေယာက္ကို ေလးစားဂုဏ္ယူၾကပါေသးတယ္။ သူကေတာ့ အပါတ္စဥ္အတြက္ ကံထူးသူဟုဆိုႏိုင္ပါတယ္။ 
ဥပမာ အပါတ္စဥ္ ၄၆ ဆိုပါဆို႔။ ၄င္းတို႔အပါတ္စဥ္ ေက်ာင္းဆင္းရန္ ၄၆ ရက္အလိုတြင္ Intake Flag တပ္ဆင္ရသူကို တစ္ပါတ္စဥ္လံုးက ၀မ္းသာဂုဏ္ယူစြာျဖင့့္ ေလးစားစြာဆက္ဆံၾကတာပါပဲ။
ဒါဟာ အပတ္စဥ္တိုင္းမွာရွိပါတယ္။

ေက်ာင္းဆင္းျပီးရင္ေတာ့ အပါတ္စဥ္တိုင္းဟာ သူတို႔ အပါတ္စဥ္ တပ္ဆင္ခဲ့ေသာ Intake Flag ကို ဘုရားမွာဌာပနာၾကပါတယ္။ ရန္ကုန္ျမိဳ႕ ၊ ဗိုလ္တစ္ေထာင္ဘုရားတြင္ စစ္တကၠသိုလ္၏ Intake Flag အားလံုးကို အပါတ္စဥ္လိုက္ ဌာပနာထားပါတယ္။ 

ကြ်န္ေတာ့္အေနျဖင့္ Intake Flag အေၾကာင္းကို ယခုလိုေဖာ္ျပေပးျခင္းဟာ စစ္တကၠသိုလ္ရဲ႕အစဥ္လာေကာင္းေတြအားလံုးထဲမွ တစ္ခုကို ေဖာ္ထုတ္တင္ျပျခင္းျဖစ္ပါတယ္။
ဗိုလ္ေလာင္းအစစ္အမွန္တို႔ရဲ႕ ဘ၀အေလ့အထနဲ႔ ႏိုင္ငံတကာ အသိမွတ္ျပဳထားေသာ
စစ္တကၠသိုလ္မွ ဗိုလ္ေလာင္းမ်ားအေနျဖင့္ မည္ကဲ့သို႔ေလ့က်င့္သင္ၾကားခဲ့ရသလဲ ဆိုတာကို
သိေစလိုေသာ ဆႏၵျဖင့္ ေရးသားတင္ျပအပ္ပါတယ္။ 

ထူးေ၀
Image may contain: 1 person, standing and outdoor

Intake Flag (သို့မဟုတ်) စစ်တက္ကသိုလ်၏ အစဉ်လာကောင်းတစ်ခု
---------------------------------------------------------------------

Intake Flag ဆိုတာကတော့ စစ်တက္ကသိုလ်ရဲ့ဗိုလ်လောင်းအမှတ်စဉ် တစ်ခုကို ကိုယ်စားပြုသော အလံငယ်လေးတစ်ခုပါပဲ။ တပ်မတော်သားတိုင်းဟာ မိမိနိုင်ငံရဲ့ အလံကို လေးစားချစ်ကြတယ်ဆိုတာ မလွဲသော အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ...ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ဗိုလ်လောင်းတိုင်းဟာလည်း မိမိတို့တက်ရောက်ခဲ့တဲ့ တက္ကသိုလ် မိမိတို့ တက်ရောက်ခဲ့တဲ့ အမှတ်စဉ်ကို တန်ဖိုးထား လေးစားချစ်မြတ်နိုးကြပါတယ်။

ကျွန်တော်အခု တင်ပြရေးသားချင်တာကတော့ စစ်တက္ကသိုလ်မှာရှိတဲ့ Intake Flag တပ်ဆင်ခြင်းဆိုတဲ့ အစဉ်လာကောင်းတစ်ခုပါပဲ။ Intake Flag ကို ဘယ်လိုဗိုလ်လောင်းတွေ တပ်ဆင်ခွင့်ရသလဲဆိုရင်တော့ ကျောင်းဆင်းမည့် အပါတ်စဉ်ဖြစ်တဲ့ နောက်ဆုံးနှစ်ဗိုလ်လောင်းတွေသာ တပ်ဆင်ခွင့်ရရှိတာဖြစ်ပါတယ်။ ယခင်ကတော့ ဗိုလ်လောင်းအင်အားနည်းပါးတဲ့အတွက် Intake Flag ကို နောက်ဆုံးနှစ်တစ်ပါတ်စဉ်လုံး အလှည့်ကျတပ်ဆင်ရပါတယ်။ နောက်ပိုင်း ဗိုလ်လောင်းအင်အားများတဲ့အချိန်မှာ
ကျောင်းဆင်းရန် ရက် (၁၀၀) အလိုရောက်မှ ဗိုလ်လောင်း အယောက် (၁၀၀) ဟာ ကျောင်းဆင်းပွဲနေ့ထိ အလှည့်ကျတပ်ဆင်ရတာဖြစ်ပါတယ်။ 

နောက်ဆုံးနှစ် ဗိုလ်လောင်း အယောက် (၁၀၀) ဟာ ကျောင်းဆင်းမယ့်နေ့အထိ တစ်ရက်ကို တစ်ယောက် အလှည့်ကျတာဝန်ယူကာ Intake Flag ကို ရင်ဘတ်မှာ တပ်ဆင်ရတာဖြစ်ပါတယ်။
Intak Flag တပ်ဆင်မယ့် ဗိုလ်လောင်းအယောက် (၁၀၀) ကိုရွေးချယ်တဲ့နေရာမှာ သင်တန်းအရည်အချင်း Position များအလိုက် ရွေးချယ်တာမဟုတ်ပါဘူး။ ဗိုလ်လောင်း Cadet No အလိုက် အားလုံးကို ခြုံငုံ၍ တပ်ဆင်စေတာဖြစ်ပါတယ်။ အယောက် (၁၀၀ )ဖြစ်တဲ့အတွက်
ဗိုလ်လောင်းနံပါတ် ရှေ့ဆုံး အယောက် (၅၀) နှင့် နောက်ဆုံးအ ယောက် (၅၀) ကို ရွေးချယ်တပ်ဆင်စေတာ များပါတယ်။ 

စစ်တက္ကသိုလ် ဗိုလ်လောင်းတွေကို အုပ်ချုပ်မှု၊ ခေါင်းဆောင်မှု အတတ်ပညာတွေကို လေ့ကျင့်သင်ကြားပေးတဲ့နေရာမှာ စာတွေ့ထက် လက်တွေ့ကို ပိုမိုသင်ကြားစေပါတယ်။ 
ဗိုလ်လောင်းအချင်းချင်း ခေါင်းဆောင်းမှုကောင်းမွန်စွာ အုပ်ချုပ်တတ်စေဘို့ Senior-Junior System စနစ်ကို ထားရှိပြီး ဗိုလ်လောင်းတာဝန်ကျတွေ ခန့်အပ် အုပ်ချုပ်စေပါတယ်။ ဗိုလ်လောင်းတာဝန်ကျတွေကတော့ သင်တန်းမှာ အဆင့်ကောင်းမွန်တဲ့ သူတွေသာဖြစ်ပါတယ်။ 

ဗိုလ်လောင်းတပ်စုတစ်စုမှ Position အကောင်းဆုံး နောက်ဆုံးနှစ်ဗိုလ်လောင်းဟာ တပ်စုမှုးဆိုတဲ့ အပွိုင့်မန့်တာဝန်ထမ်းဆောင်ရပါတယ်။ တပ်ခွဲမှာ အဆင့်အကောင်းဆုံးက တပ်ခွဲမှုးဖြစ်ပါတယ်။
ဗိုလ်လောင်းတပ်ရင်းတစ်ရင်းလုံးမှာ အဆင့်အကောင်းဆုံး Final year ဗိုလ်လောင်းကတော့ 
ဗိုလ်လောင်း တပ်ရင်းမှုးတာဝန်ထမ်းဆောင်ရပါတယ်။ သို့ပေမယ့် ဗိုလ်လောင်းအာားလုံးဟာ ဗိုလ်လောင်းအချင်းချင်းကိုတော့ အလေးမပြုရပါဘူး။ 

Intake Flag တပ်ဆင်ထားတဲ့ ဗိုလ်လောင်းသည် Random ဖြစ်တဲ့အတွက် ထိုဗိုလ်လောင်းအယောက် (၁၀၀) ထဲမှာ တာဝန်ကျဗိုလ်လောင်း အပွိုင့်မန့်များ ပါဝင်သလို
သာမာန် ဗိုလ်လောင်းများလဲပါဝင်ပါတယ်။ သို့ပေမယ့် မည်သည့်ဗိုလ်လောင်းကပဲ Intake Flag တပ်ဆင်ထားသည်ဖြစ်ပါစေ စစ်တက္ကသိုလ်တစ်ခုလုံးမှာ ရှိတဲ့ ဗိုလ်လောင်းအားလုံးဟာ 
Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို အလေးပြုရပါတယ်။ သူတို့အလေးပြုတာဟာ ထိုဗိုလ်လောင်းကို မဟုတ်ဘဲ သူ့ရင်ဘတ်မှာ တပ်ဆင်ထားတဲ့ အလံကို အလေးပြုကြခြင်းသာဖြစ်ပါတယ်။ 

Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို စစ်တက္ကသိုလ်တစ်ဝှမ်းလုံးမှာ အဆင့်အမြင့်ဆုံးဗိုလ်လောင်းအဖြစ် ဗိုလ်လောင်းအားလုံးက သတ်မှတ်ထားတာဖြစ်ပါတယ်။ 
နံနက် တန်းပေါင်းစီချိန်မှာ သာမာန်အားဖြင့် ဗိုလ်လောင်းတပ်ရေးက ဗိုလ်လောင်းတပ်ရင်းမှုးကို တန်းအပ်၍ နိုင်ငံတော်အလံကို အလေးပြုကာ သစ္စာဆိုကြရပါတယ်။ ဒါပေမယ့် Intake Flag တပ်ဆင်ချိန်ရောက်လာရင်တော့ ဗိုလ်လောင်းတပ်ရင်းမှုးကပါ Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို အလေးပြုတန်းအပ်ပြီးမှ Intake Flag တပ်ဆင်သူဗိုလ်လောင်း၏ အမိန့်ဖြင့် 
ဆက်လက်လုပ်ဆောင်ရတာဖြစ်ပါတယ်။

သို့ပေမယ့် Intake Flag ဗိုလ်လောင်းဟာ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး။ သက်ဆိုင်ရာ အုပ်ချုပ်မှုကိစ္စတွေကို ဗိုလ်လောင်း တာဝန်ကျများကသာ လုပ်ဆောင်ပါတယ်။ Intake Flag တပ်ဆင်သူ ဗိုလ်လောင်းအား Respect သဘောဖြင့်သာ ဆက်ဆံကြတာဖြစ်ပါတယ်။ Intake Flag တပ်ဆင်သူဗိုလ်လောင်းဟာ သာမာန် Plane Cadet ဖြစ်နေခဲ့လျှင်တောင် ဗိုလ်လောင်းတပ်ရင်း တစ်ရင်းလုံးအား ခရာမှု၍ တန်းစီလျှင် အားလုံးက လေးစားမှုဖြင့် တန်းစီကြရပါတယ်။ 

ဗိုလ်လောင်းတွေဟာ စာပေပညာသင်ဘို့အတွက် သက်ဆိုင်ရာ ဗိုလ်လောင်းတပ်ရင်းများမှတဆင့်
စာပေဌာနသို့ စစ်ကြောင်းပုံဖြင့် စစ်တီးဝိုင်းဖြင့် ချီတက်ကြပါတယ်။ ထိုသို့ချီတက်ရာမှာ ထိပ်ဆုံးက နိုင်ငံတော်အလံကိုင် ဗိုလ်လောင်းက ချီတက်ပြီး နောက်ကနေ ဗိုလ်လောင်းတပ်ရင်းမှုးက ချီတက်ပါတယ်။ အဲဒီနောက်ကမှ တပ်ခွဲများက အစဉ်လိုက်ချီတက်ကြတာပါ။ Intake Flag တပ်ဆင်ချိန်မှာတော့ Intake Flag ဗိုလ်လောင်းဟာ အားလုံးရဲ့ ထိပ်ဆုံးကနေချီတက်ရတာဖြစ်ပါတယ်။ 

ဗိုလ်လောင်းများ စာပေပညာသင်ကြားရာနေရာသို့လည်းကောင်း၊ အိပ်ဆောင်များသို့လည်းကောင်း၊ စားရိပ်သာများသို့လည်းကောင်း Intake Flag ဗိုလ်လောင်းဝင်ရောက်လာရင် အားလုံး ရှေ့ကြည့်အနေထားနှင့် နေပြီး လေးစားမှုကိုပြသကြပါတယ်။ 

Intake Flag လဲလှယ်သည့်အချိန်ကတော့ နံနက် တန်းပေါင်းစီချိန်ဖြစ်ပါတယ်။ လဲလှယ်မည့်ဗိုလ်လောင်းနှစ်ဦးဟာ အလံလဲရန်ထွက်ဟု ဆိုသည်နှင့် စစ်တီးဝိုင်းမှ တီးမှုတ်သော စစ်သီချင်းသံဖြင့် တပ်ရင်းအရှေ့ကိုထွက်ကာ ဗိုလ်လောင်းတပ်ရင်းမှုး၏ ရှေ့မှောက်တွင် လဲလှယ်ရပါတယ်။ အဲဒီအချိန်မှာ ဗိုလ်လောင်းတပ်ရင်းမှုးက ထိုဗိုလ်လောင်းနှစ်ယောက်အား အလေးပြု၍ Intake Flag ကိုလဲလှယ်စေပါတယ်။ 

Intake Flag တပ်ဆင်ရန် အလှည့်ကျတဲ့ ဗိုလ်လောင်းကတော့ ထိုနေ့မှာ 
သူရဲ့ရှိစုမဲ့လစာနဲ့ တပ်ရင်းတစ်ရင်းလုံးကို မုန့်ကျွေးပါတယ်။ အားလုံးကလဲ ညနေ တန်းပေါင်းစီ တန်းဖြုတ်ရင် သူနေတဲ့ အခန်းကိုသွားပြီး ဂုဏ်ယူနှုတ်ဆက်စကားပြောကြားကြပြီး ပျော်ပျော်ပါးပါး မုန့်စားကြပါတယ်။ ထိုနေ့မှာတော့ Intake Flag တပ်ဆင်သူကိုသာမကဘဲ သူ့ရဲ့ ဂျူနီယာ ဂါဒီယံ ဗိုလ်လောင်းတွေကိုပါ အားလုံးက လေးစားမှုပြုကြတာဟာ အစဉ်လာကောင်းတစ်ခုပါ။ 

Intake Flag တပ်ဆင်သူတွေထဲမှာမှ ဗိုလ်လောင်းတစ်ယောက်ကို လေးစားဂုဏ်ယူကြပါသေးတယ်။ သူကတော့ အပါတ်စဉ်အတွက် ကံထူးသူဟုဆိုနိုင်ပါတယ်။ 
ဥပမာ အပါတ်စဉ် ၄၆ ဆိုပါဆို့။ ၎င်းတို့အပါတ်စဉ် ကျောင်းဆင်းရန် ၄၆ ရက်အလိုတွင် Intake Flag တပ်ဆင်ရသူကို တစ်ပါတ်စဉ်လုံးက ဝမ်းသာဂုဏ်ယူစွာဖြင့် လေးစားစွာဆက်ဆံကြတာပါပဲ။
ဒါဟာ အပတ်စဉ်တိုင်းမှာရှိပါတယ်။

ကျောင်းဆင်းပြီးရင်တော့ အပါတ်စဉ်တိုင်းဟာ သူတို့ အပါတ်စဉ် တပ်ဆင်ခဲ့သော Intake Flag ကို ဘုရားမှာဌာပနာကြပါတယ်။ ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်ဘုရားတွင် စစ်တက္ကသိုလ်၏ Intake Flag အားလုံးကို အပါတ်စဉ်လိုက် ဌာပနာထားပါတယ်။ 

ကျွန်တော့်အနေဖြင့် Intake Flag အကြောင်းကို ယခုလိုဖော်ပြပေးခြင်းဟာ စစ်တက္ကသိုလ်ရဲ့အစဉ်လာကောင်းတွေအားလုံးထဲမှ တစ်ခုကို ဖော်ထုတ်တင်ပြခြင်းဖြစ်ပါတယ်။
ဗိုလ်လောင်းအစစ်အမှန်တို့ရဲ့ ဘဝအလေ့အထနဲ့ နိုင်ငံတကာ အသိမှတ်ပြုထားသော
စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများအနေဖြင့် မည်ကဲ့သို့လေ့ကျင့်သင်ကြားခဲ့ရသလဲ ဆိုတာကို
သိစေလိုသော ဆန္ဒဖြင့် ရေးသားတင်ပြအပ်ပါတယ်။ 

ထူးဝေ

0 comments:

Post a Comment