Sunday, September 23, 2018

တႏုိင္းၿမိဳ့နယ္၊ ဝရာဇြပ္ေက်းရြာအနီးရွိ နန္ဆန္ခေခ်ာင္း အတြင္း ဒုတိယကမၻာစစ္က်န္ တင့္ကားအေဟာင္းတစ္စီး ေတြ႕ရွိ



ေနျပည္ေတာ္ စက္တင္ဘာ ၂၃ 

ကခ်င္ျပည္နယ္၊ တႏုိင္းၿမိဳ႕နယ္၊ ဝရာဇြပ္ေက်းရြာေန ဦးၫြန္႔ေဇာ္သည္ စက္တင္ဘာ ၂၂ ရက္ ညေန ၃ နာရီခန္႔တြင္ ဝရာဇြပ္ေက်းရြာအနီးရွိ နန္ဆန္ခေခ်ာင္းအတြင္း ငါးရွာလ်က္ရွိစဥ္ စစ္က်န္တင့္ကားအေဟာင္း တစ္စီးေတြ႕ရွိေၾကာင္း သတင္းေပးခ်က္အရ လံုၿခံဳေရး တပ္ဖဲြ႕ဝင္မ်ားက သြားေရာက္စစ္ေဆးရာ ေခ်ာင္းေရတိုက္စားမႈေၾကာင့္ ေခ်ာင္းအတြင္း နစ္ျမဳပ္ေနရာမွ ေပၚထြက္လာေသာ ဒုတိယကမၻာစစ္ ကာလအတြင္း အသံုးျပဳခဲ့သည့္ အေမရိကန္ႏုိင္ငံထုတ္ M-3 Stuart အေပါ့စား တင့္အမ်ဳိးအစား တင့္ကားတစ္စီးအား ေတြ႕ရွိခဲ့သည္။

၎တင့္ကားေဟာင္းအား လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားက ဘက္ဟိုးယာဥ္တစ္စီးျဖင့္ တူးေဖာ္ခဲ့ရာ ညေန ၅ နာရီခြဲခန္႔တြင္ တူးေဖာ္ရရွိခဲ့ၿပီး နယ္ေျမခံတပ္သို႔ ပို႔ေဆာင္ထိန္းသိမ္း ထားရွိခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version) 

တနိုင်းမြို့နယ်၊ ဝရာဇွပ်ကျေးရွာအနီးရှိ နန်ဆန်ခချောင်း အတွင်း ဒုတိယကမ္ဘာစစ်ကျန် တင့်ကားအဟောင်းတစ်စီး တွေ့ရှိ

နေပြည်တော် စက်တင်ဘာ ၂၃ 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဝရာဇွပ်ကျေးရွာနေ ဦးညွန့်ဇော်သည် စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီခန့်တွင် ဝရာဇွပ်ကျေးရွာအနီးရှိ နန်ဆန်ခချောင်းအတွင်း ငါးရှာလျက်ရှိစဉ် စစ်ကျန်တင့်ကားအဟောင်း တစ်စီးတွေ့ရှိကြောင်း သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ချောင်းရေတိုက်စားမှုကြောင့် ချောင်းအတွင်း နစ်မြုပ်နေရာမှ ပေါ်ထွက်လာသော ဒုတိယကမ္ဘာစစ် ကာလအတွင်း အသုံးပြုခဲ့သည့် အမေရိကန်နိုင်ငံထုတ် M-3 Stuart အပေါ့စား တင့်အမျိုးအစား တင့်ကားတစ်စီးအား တွေ့ရှိခဲ့သည်။

၎င်းတင့်ကားဟောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဘက်ဟိုးယာဉ်တစ်စီးဖြင့် တူးဖော်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် တူးဖော်ရရှိခဲ့ပြီး နယ်မြေခံတပ်သို့ ပို့ဆောင်ထိန်းသိမ်း ထားရှိခဲ့ကြောင်း သတင်း ရရှိသည်။ 

0 comments:

Post a Comment