Tuesday, September 25, 2018

ေကာ့ေသာင္းၿမိဳ႕၊ ေအးရိပ္ၿငိမ္ရပ္ကြက္ရွိ ဘိုးဘြားရိပ္သာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေကာ့ေသာင္းၿမိဳ႕၊ ေအးရိပ္ၿငိမ္ရပ္ကြက္ရွိ ဘိုးဘြားရိပ္သာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ စက္တင္ဘာ ၂၅ 

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕၊ ေအးရိပ္ၿငိမ္ရပ္ကြက္ရွိ ဘိုးဘြားရိပ္သာမွ ဘိုးဘြားမ်ားအား ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါရိပ္သာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ဘိုးဘြား ၄၇ ဦးတို႔ကို အဆုတ္ႏွင့္ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ဆိုင္ရာ ေရာဂါ၊ အ႐ိုး/အေၾကာ ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


နေပြည်တော် စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါရိပ်သာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဘိုးဘွား ၄၇ ဦးတို့ကို အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ အရိုး/အကြော ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


0 comments:

Post a Comment