Wednesday, September 19, 2018

အဲ႔ဒီေန႔

အဲ႔ဒီေန႔ 
တပ္ရင္းဆက္သြယ္ေရးစက္ခန္းထဲက စက္သမားျပာယာေတြခတ္
ဌာနခ်ဳပ္တပ္ခြဲမွဴးရုံးခန္းထဲက ေနာက္တန္းမွဴးတစ္စံုတစ္ရာကိုေမွ်ာ္လင္႔
ေရွ႕တန္း တပ္မနဲ႔ ေနာက္တန္းတပ္ရင္းရုံးၾကား ဖုန္းေတြအျပန္အလွန္ဆက္
စက္ေတြအကုန္ ၃၅ ဖုန္းေတြအကုန္ဖြင္႔ထား ေရွ႕တန္းမွာ ပြဲကတယ္ဆိုတဲ႔အသံေတြၾကား

တပ္ရင္းဓမၼာစၾကာၤရုံက
ရဲေမေတြရဲ႕ပဌာန္းရြတ္သံေတြပိုမိုက်ယ္ေလာင္လာ
ရင္းမွဴးကေတာ္ကေနစၿပီး ဇနီးသည္ပါရမီျဖည္႔ဖက္ေတြရဲ႕ရင္ဘတ္ထဲမွာဘေလာင္ေတြဆူလာ
သူ႔အိမ္႔ေရွ႕လား ငါ႔အိမ္ေရွ႕လား ဘယ္ေတာ႔မ်ား
ကားတစ္စီးနဲ႔ေနာက္တန္းမွဴးေရာက္လာေလမလဲထိပ္လန္႔လာ

ခဏအၾကာမွာေတာ႔
စက္ခန္းထဲက ဆက္သြယ္ေရးသမားအေျပးအလႊားထြက္လာ
တပ္ေရးဗိုလ္ႀကီးနဲ႔ ေနာက္တန္းမွဴးတို႔ၾကားရုံးခန္းထဲ တံခါးပိတ္ကာ
အက်အဆံုးစာရင္းေတြၾကား ဘာကိုဘယ္လိုလုပ္မလဲ တီးတိုးေဆြးေႏြးရင္းသာ
ေနာက္ဆံုးေတာ႔လည္း တာ၀န္ေတြခြဲ ၀တၱရားေတြပိုင္းကာ က်ဆံုးစာရင္းေတြကိုင္လို႔ထြက္ကာ

အဲ႔ဒီေန႔ …. အဲ႔ဒီေန႔
ဌာနခ်ဳပ္ခြဲမွဴးနဲ႔ RSM တို႔လိုင္းထဲလာမွာေၾကာက္ေနတဲ႔ေန႔
တပ္ရင္းမွဴးဇနီးမွစ စစ္သည္ဇနီးအဆံုး ထိပ္ထိပ္လန္႔လန္႔ က်ီးလန္႔စာစားရတဲ႔ေန႔
တပ္ရင္းလိုင္းခန္းထဲငိုသံေတြၾကားရတဲ႔ေန႔
တပ္ရင္းလိုင္းခန္းထဲ မ႑ပ္ထိုးတဲ႔ေန႔
လူမရွိတဲ႔ဘားတိုက္ထဲ ငိုသူမဲ႔ ကုတင္မဲ႔ေနရာမွာ ယူနီေဖာင္းေလးျပင္ကာ ေၾကကြဲတဲ႔ေန႔
အစိမ္းေရာင္လူၾကမ္းႀကီးေတြနဲ႔ ပါရမီျဖည္႔ဖက္ေတြရဲ႕ ကမၻာငယ္ေလးတိုင္းျပည္အတြက္စေတးခဲ႔တဲ႔ေန႔
---------------
မင္းထက္ေက်ာ္ေဇာ


Image may contain: one or more people, tree, sky, outdoor and nature

အဲ့ဒီနေ့
တပ်ရင်းဆက်သွယ်ရေးစက်ခန်းထဲက စက်သမားပြာယာတွေခတ်
ဌာနချုပ်တပ်ခွဲမှူးရုံးခန်းထဲက နောက်တန်းမှူးတစ်စုံတစ်ရာကိုမျှော်လင့်
ရှေ့တန်း တပ်မနဲ့ နောက်တန်းတပ်ရင်းရုံးကြား ဖုန်းတွေအပြန်အလှန်ဆက်
စက်တွေအကုန် ၃၅ ဖုန်းတွေအကုန်ဖွင့်ထား ရှေ့တန်းမှာ ပွဲကတယ်ဆိုတဲ့အသံတွေကြား

တပ်ရင်းဓမ္မာစကြာၤရုံက
ရဲမေတွေရဲ့ပဌာန်းရွတ်သံတွေပိုမိုကျယ်လောင်လာ
ရင်းမှူးကတော်ကနေစပြီး ဇနီးသည်ပါရမီဖြည့်ဖက်တွေရဲ့ရင်ဘတ်ထဲမှာဘလောင်တွေဆူလာ
သူ့အိမ့်ရှေ့လား ငါ့အိမ်ရှေ့လား ဘယ်တော့များ 
ကားတစ်စီးနဲ့နောက်တန်းမှူးရောက်လာလေမလဲထိပ်လန့်လာ

ခဏအကြာမှာတော့
စက်ခန်းထဲက ဆက်သွယ်ရေးသမားအပြေးအလွှားထွက်လာ
တပ်ရေးဗိုလ်ကြီးနဲ့ နောက်တန်းမှူးတို့ကြားရုံးခန်းထဲ တံခါးပိတ်ကာ
အကျအဆုံးစာရင်းတွေကြား ဘာကိုဘယ်လိုလုပ်မလဲ တီးတိုးဆွေးနွေးရင်းသာ
နောက်ဆုံးတော့လည်း တာဝန်တွေခွဲ ဝတ္တရားတွေပိုင်းကာ ကျဆုံးစာရင်းတွေကိုင်လို့ထွက်ကာ

အဲ့ဒီနေ့ …. အဲ့ဒီနေ့
ဌာနချုပ်ခွဲမှူးနဲ့ RSM တို့လိုင်းထဲလာမှာကြောက်နေတဲ့နေ့
တပ်ရင်းမှူးဇနီးမှစ စစ်သည်ဇနီးအဆုံး ထိပ်ထိပ်လန့်လန့် ကျီးလန့်စာစားရတဲ့နေ့
တပ်ရင်းလိုင်းခန်းထဲငိုသံတွေကြားရတဲ့နေ့
တပ်ရင်းလိုင်းခန်းထဲ မဏ္ဍပ်ထိုးတဲ့နေ့
လူမရှိတဲ့ဘားတိုက်ထဲ ငိုသူမဲ့ ကုတင်မဲ့နေရာမှာ ယူနီဖောင်းလေးပြင်ကာ ကြေကွဲတဲ့နေ့
အစိမ်းရောင်လူကြမ်းကြီးတွေနဲ့ ပါရမီဖြည့်ဖက်တွေရဲ့ ကမ္ဘာငယ်လေးတိုင်းပြည်အတွက်စတေးခဲ့တဲ့နေ့
---------------

မင်းထက်ကျော်ဇော

0 comments:

Post a Comment