Sunday, September 16, 2018

ေမာင့္ျဖစ္အင္

ေမာင့္ျဖစ္အင္

"ဟလို"
"ဟလို မိန္းမ၊ ေနာက္က်ေနပီေနာ္ ျပန္မလာေသးဘူးလား"

"ကြၽတ္ ဘာလို႔ဖုန္းခဏခဏ ဆက္ေနတာလဲ၊ ရံုးမွာပဲေလ၊ အလုပ္ေတြမွမၿပီးေသးတာ ၿပီးရင္ျပန္လာမွာေပါ့ ဘယ္လိုျဖစ္ေနတာလဲ"
"အင္းပါ မိန္းမရယ္၊ ကိုကိုက မသိလို႔ပါ"

"ကြၽတ္ ဒါပဲမလား"
"အြင္း"

ငလင္းတို႔ဘဝ မိန္းမရၿပီးကတည္းက ငါးပါးကိုေမွာက္ေတာ့တာပဲ၊ ကိုယ့္ဟာကို အိမ္မွာေနတုန္းကအေကာင္း၊ ေယာကၡမလုပ္သူကေရာ အေမလုပ္သူကပါ သမီးေလးပင္ပန္းပါတယ္သားရယ္ တူတူလိုက္ေနလိုက္ပါဆိုလို႔ မိန္းမတာဝန္က်တဲ့ေနာက္ လိုက္ေနကတည္းက ဒုကၡပင္လယ္ႀကီးထဲ ပင္လက္ေကာ ေမွာက္ခံုေကာ ေနာက္ကြၽမ္းပစ္ၿပီးေတာ့ပါ ေမ်ာေတာ့တာပဲ။

မေမ်ာခံႏိုင္႐ိုးလား။ ငလင္းဆိုတာ အစတည္းက ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ေနလာခဲ့တဲ့ေကာင္၊ အေမလုပ္သူကထုတ္ေပးတဲ့အရင္းအႏွီးေလး တခ်ိဳ႕ကို႐ွယ္ယာဝင္ထားတယ္၊ တခ်ိဳ႕ကိုေငြတိုးေခ်းစားတယ္။ ဘဝက ဒင္းနဲ႔မေတြ႔ခင္က သာသာယာယာပဲ။ ကြကိုယ္ fb မွာ စာေလးဘာေလးေရးလိုက္၊ လျပန္တိုးေလးေတြေကာက္လိုက္၊ အျမတ္ကေလးေတြထုတ္လိုက္၊ ဒီၾကားထဲ ပြဲစားေလးလဲ လုပ္ေသးတာဆိုေတာ့ အဆင္ကိုေျပလို႔၊ မေျပလဲ အေမ့ဆီက ေတာင္းလိုက္ရံု၊ အခုက်မွ.....။

အခုက်မွ ေအာ္... ငါ့ ရည္းစားေလးက စစ္ဗိုလ္မေလးဟဲ့ ဟုတ္ေသာ္႐ွိ မဟုတ္ေသာ္႐ွိ ဗိုလ္မေလးဘာေလးယူေတာ့ ဂုဏ္႐ွိတာေပါ့ဆိုၿပီး ဗိုလ္ကေတာ္ (အဲေလ) ဗိုလ္လင္ လုပ္ခ်င္မိတာ၊ အခုေတာ့ ငါးပါးတင္မက သံဃာစင္ေရာ ဦး႐ွင္ႀကီးစင္ပါ ေမွာက္ေတာ့တာပဲ။

ၾကည့္ ခုလဲျပန္မလာေသးဘူး၊ ခနေန ကငလင္းတို႔ ဓမၼာရံုသြားၿပီး ဓမၼစၾကာရြတ္ရဦးမယ္။ ဘယ့္ႏွယ့္ ထီးေကာင္ထီးမား (ႀကီးေကာင္ႀကီးမားမဟုတ္၊ ဝတ္ရြတ္တဲ့အထဲ အထီးဆိုလို႔ကိုယ္တေယာက္ပဲပါတာ) နဲ႔ စတစ္ေကာ္လံ၊ ေယာဂီပုႀကီးဝတ္ၿပီး ဓမၼစၾကာရြတ္ရမွာ။ ကုသိုလ္ေတြလဲ ရပါဘိႏွယ္။

ေဟာ ေျပာရင္းဆိုရင္း မယ္မင္းႀကီးမေလးရံုးဆင္းလာၿပီ။ ဘုတ္ခနဲ အိတ္ကိုပစ္ခ်ရင္း ကုလားထိုင္ေပၚေျခပစ္လက္ပစ္ထိုင္ခ်လိုက္တဲ့သူမကိုၾကည့္ၿပီး စိတ္မသက္သာလို႔ အလိုက္တသိေရထခပ္ေပးရေသးသကိုး၊ ေအးေပါ့ေလ သူလဲေမာေန႐ွာမွာေပါ့။

"မိန္းမ ယူနီေဖာင္းလဲၿပီးရင္ ေရမိုးခ်ိဳးထမင္းစားေတာ့ေနာ္၊ ကိုကိုလဲခနေန ဓမၼစၾကာသြားရြတ္ရေတာ့မွာ"
"အင္းပါ ေယာက်္ားရဲ႕၊ ဒါနဲ႔ မနက္ဖန္ လိုင္းစစ္႐ွိတယ္ေနာ္"

"ငင့္ စစ္ျပန္ပလား"
"အင္း အဲ့ဒါ ေသခ်ာျပင္ထားဦး"

ေသာက္က်ိဳးနဲ၊ နက္ဖန္ ေအးေအးေဆးေဆးေလးေနရမလားမွတ္တယ္ လိုင္းစစ္႐ွိေသးသတဲ့။ ဘယ့္ႏွယ့္ ကိုယ့္မွာထီးေကာင္ထီးမာႀကီးနဲ႔ အာ့ဝတ္စံုႀကီးကဝတ္ရဦးမယ္။

မွတ္မွတ္ရရ ထံုးစံအတိုင္း အရာ႐ွိကေတာ္ေတြ ဆင္တူဝတ္စံုခ်ဳပ္ေတာ့ အေရာင္ကပန္းေရာင္၊ ကိုယ့္အတြက္က် ရင္ဖံုးထမိန္ဆင္ေပးလို႔ကမျဖစ္၊ ဘာလုပ္ေပးလို႔လုပ္ေပးရမွန္းမသိေတာ့ မထူးဘူးဆ္ုိၿပီး ပိတ္စေတြေပးသြားတာ၊ တပ္မႉးကေတာ္က ေမာင္ေလးအဆင္ေျပသလိုခ်ဳပ္တဲ့ အထက္ဆင္ေလးေတာင္ပါေသး အေဟးေဟး။ ခုထိ မိန္းမအဆင္ပိတ္စေတြကိုင္ၿပီး လည္ကုတံုးလက္႐ွည္နဲ႔ပုဆိုး မရရေအာင္ခ်ဳပ္ေပးဆိုလို႔ ျပဴးၾကည့္ေနတဲ့ စက္ခ်ဳပ္ဆိုင္အန္တီႀကီးမ်က္ႏွာျမင္ေယာင္မိတုန္း။

ဆိုေတာ့ကား မနက္ဖန္ ငလင္းတို႔မဝတ္ခ်င္တဲ့ ဇာပန္းေရာင္လည္ကတံုးနဲ႔ ခ်ိတ္ပုဆိုးပန္းေရာင္ကေလးကိုဝတ္ၿပီး လိုင္းစစ္လိုက္ရေပဦးမေပါ့။ ေအးေပါ့ေလ 'ေအာင္ျမင္ေသာ မိန္းမတေယာက္၏ေနာက္တြင္ ထက္ျမက္ပိျပားေသာ ေယာက်္ားတေယာက္႐ွိသည္' ဆိုတဲ့အတိုင္း ပါရမီျဖည့္ဘက္ေကာင္းတေယာက္ ပီသရမွာေပါ့။

မပီသလို႔လဲ မရဘူးေလ၊ ဘယ့္ႏွယ့္ ေရာက္ခါစက ဒီဒဏ္ေတြမခံႏိုင္ေတာ့လို႔ ေမေမ့အိမ္ျပန္လာပါရေစဆိုေတာ့ ေမြးသမိခင္ေက်းဇူး႐ွင္က
"ဟဲ့ ငါ့သမီးေတာင္ မိန္းကေလးျဖစ္ၿပီး တပ္ကအလုပ္ေတြလုပ္ေနရေသးတာ နင္ကေယာက်္ားေလး၊ ျပန္မလာနဲ႔" ေျပာထားေတာ့ ကိုယ့္မွာထပ္မေျပာရဲေတာ့ဘူး

ဘာပဲျဖစ္ျဖစ္ပါ၊ ေရာက္ကာစကထက္ေတာ့ အမ်ားႀကီးအဆင္ေျပလာပါၿပီ။ ေရာက္ကာစကဆိုရင္ စီနီယာအရာ႐ွိကေတာ္မ်ားရဲ႕
'ေမာင္ေလး အသက္က ဘယ္ေလာက္လဲ၊ မမက အသက္ဘေလာက္႐ွိပီ၊ အဟင္းဟင္းဟင္း'
'ကိုလင္းထက္အမ်ိဳးသမီးက ဗိုလ္ဆိုေတာ့ ငယ္တာေပါ့ေနာ္၊ အမအမ်ိဳးသားက ဗိုလ္ႀကီးေလ အဟင္းဟင္းဟင္း'
'ဟင္ ေမာင္ေလးက ဘာမွမလုပ္တတ္ဘူးလား၊ ကြၽတ္စ္ ကြၽတ္စ္ ကြၽတ္စ္'
'ဒါက ဒီလိုမဟုတ္ဘူးေလ၊ အိုကြယ္ ညံ့လိုက္တာ'
ဆိုၿပီး ပညာ သင္ ျပ ေပးျခင္းေပါင္းစံုကို အရာ႐ွိလင္ေပါက္စ ငလင္းခမ်ာ မ်က္ရည္ေလးစမ္းတမ္းစမ္းတမ္းနဲ႔ အံႀကိတ္ခံရ႐ွာတာ။

မခံလို႔ကလဲမျဖစ္၊ ကိုယ့္မိန္းမမ်က္ႏွာကလဲ ႐ွိေသးသကိုး၊ ေနာက္ပီး ကတ္ကတ္လန္ရန္ျပန္ေတြ႔လို႔လဲ ေက်ာ္မေကာင္းၾကားမေကာင္းေလ။

ခုေတာ့လဲ တျဖည္းျဖည္းနဲ႔ေတာ့ ေနသားက်လာပါပီေလ။ ငလင္းတို႔ အစည္းအေဝးေတြဘာေတြမွာလဲ ခပ္တည္တည္နဲ႔ ဝင္ေယာင္တတ္ပီ၊ ဝတ္ေတြဘာေတြလဲရြတ္ဖူးပီ၊ သနပ္ခါးပါးကြက္ၾကားႀကီးနဲ႔ ပုဆိုးကိုရင္ေခါင္းထိေအာင္စည္းပီး ဖက္တိတ္ေတြဘာေတြလဲ ခိုင္းတတ္လုပ္တတ္ေနပီ။ ၾကည့္ ဘေလာက္ေတာင္ ေနသားက်ေနပီလဲလို႔။ ခုဆို အတင္းတုတ္ေဖာ္တုတ္ဖက္ေတြေတာင္ရေနပီေကာ။

ဘာပဲျဖစ္ျဖစ္ပါေလ... မိန္းမလုပ္သူ ေ႐ွ႕တန္းမထြက္ရတာေလးကိုပဲ ၾကံဖန္ေက်းဇူးတင္မိပါတယ္၊ မဟုတ္ရင္ မ်က္ရည္ေလးစမ္းတမ္းစမ္းတမ္း ႏွာေခါင္းေလးတ႐ွံု႔႐ွံု႔နဲ႔ ကိုယ့္မွာပုဆိုးနဲ႔မ်က္ရည္သုတ္ေနရမွျဖင့္.......... ။

မွတ္ခ်က္။ အရာ႐ွိလင္ဘဝအား စိတ္ကူးယဥ္ေရးသားထားျခင္းျဖစ္ပါေၾကာင္း 😬😬😬

#လင္းထက္
Image may contain: 5 people, people smiling, closeup

မောင့်ဖြစ်အင်
😂😂😂😂😂
"ဟလို"
"ဟလို မိန်းမ၊ နောက်ကျနေပီနော် ပြန်မလာသေးဘူးလား"

"ကျွတ် ဘာလို့ဖုန်းခဏခဏ ဆက်နေတာလဲ၊ ရုံးမှာပဲလေ၊ အလုပ်တွေမှမပြီးသေးတာ ပြီးရင်ပြန်လာမှာပေါ့ ဘယ်လိုဖြစ်နေတာလဲ"
"အင်းပါ မိန်းမရယ်၊ ကိုကိုက မသိလို့ပါ"

"ကျွတ် ဒါပဲမလား"
"အွင်း"

ငလင်းတို့ဘဝ မိန်းမရပြီးကတည်းက ငါးပါးကိုမှောက်တော့တာပဲ၊ ကိုယ့်ဟာကို အိမ်မှာနေတုန်းကအကောင်း၊ ယောက္ခမလုပ်သူကရော အမေလုပ်သူကပါ သမီးလေးပင်ပန်းပါတယ်သားရယ် တူတူလိုက်နေလိုက်ပါဆိုလို့ မိန်းမတာဝန်ကျတဲ့နောက် လိုက်နေကတည်းက ဒုက္ခပင်လယ်ကြီးထဲ ပင်လက်ကော မှောက်ခုံကော နောက်ကျွမ်းပစ်ပြီးတော့ပါ မျောတော့တာပဲ။

မမျောခံနိုင်ရိုးလား။ ငလင်းဆိုတာ အစတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေလာခဲ့တဲ့ကောင်၊ အမေလုပ်သူကထုတ်ပေးတဲ့အရင်းအနှီးလေး တချို့ကိုရှယ်ယာဝင်ထားတယ်၊ တချို့ကိုငွေတိုးချေးစားတယ်။ ဘဝက ဒင်းနဲ့မတွေ့ခင်က သာသာယာယာပဲ။ ကွကိုယ် fb မှာ စာလေးဘာလေးရေးလိုက်၊ လပြန်တိုးလေးတွေကောက်လိုက်၊ အမြတ်ကလေးတွေထုတ်လိုက်၊ ဒီကြားထဲ ပွဲစားလေးလဲ လုပ်သေးတာဆိုတော့ အဆင်ကိုပြေလို့၊ မပြေလဲ အမေ့ဆီက တောင်းလိုက်ရုံ၊ အခုကျမှ.....။

အခုကျမှ အော်... ငါ့ ရည်းစားလေးက စစ်ဗိုလ်မလေးဟဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဗိုလ်မလေးဘာလေးယူတော့ ဂုဏ်ရှိတာပေါ့ဆိုပြီး ဗိုလ်ကတော် (အဲလေ) ဗိုလ်လင် လုပ်ချင်မိတာ၊ အခုတော့ ငါးပါးတင်မက သံဃာစင်ရော ဦးရှင်ကြီးစင်ပါ မှောက်တော့တာပဲ။

ကြည့် ခုလဲပြန်မလာသေးဘူး၊ ခနနေ ကငလင်းတို့ ဓမ္မာရုံသွားပြီး ဓမ္မစကြာရွတ်ရဦးမယ်။ ဘယ့်နှယ့် ထီးကောင်ထီးမား (ကြီးကောင်ကြီးမားမဟုတ်၊ ဝတ်ရွတ်တဲ့အထဲ အထီးဆိုလို့ကိုယ်တယောက်ပဲပါတာ) နဲ့ စတစ်ကော်လံ၊ ယောဂီပုကြီးဝတ်ပြီး ဓမ္မစကြာရွတ်ရမှာ။ ကုသိုလ်တွေလဲ ရပါဘိနှယ်။

ဟော ပြောရင်းဆိုရင်း မယ်မင်းကြီးမလေးရုံးဆင်းလာပြီ။ ဘုတ်ခနဲ အိတ်ကိုပစ်ချရင်း ကုလားထိုင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်တဲ့သူမကိုကြည့်ပြီး စိတ်မသက်သာလို့ အလိုက်တသိရေထခပ်ပေးရသေးသကိုး၊ အေးပေါ့လေ သူလဲမောနေရှာမှာပေါ့။

"မိန်းမ ယူနီဖောင်းလဲပြီးရင် ရေမိုးချိုးထမင်းစားတော့နော်၊ ကိုကိုလဲခနနေ ဓမ္မစကြာသွားရွတ်ရတော့မှာ"
"အင်းပါ ယောကျ်ားရဲ့၊ ဒါနဲ့ မနက်ဖန် လိုင်းစစ်ရှိတယ်နော်"

"ငင့် စစ်ပြန်ပလား"
"အင်း အဲ့ဒါ သေချာပြင်ထားဦး"

သောက်ကျိုးနဲ၊ နက်ဖန် အေးအေးဆေးဆေးလေးနေရမလားမှတ်တယ် လိုင်းစစ်ရှိသေးသတဲ့။ ဘယ့်နှယ့် ကိုယ့်မှာထီးကောင်ထီးမာကြီးနဲ့ အာ့ဝတ်စုံကြီးကဝတ်ရဦးမယ်။

မှတ်မှတ်ရရ ထုံးစံအတိုင်း အရာရှိကတော်တွေ ဆင်တူဝတ်စုံချုပ်တော့ အရောင်ကပန်းရောင်၊ ကိုယ့်အတွက်ကျ ရင်ဖုံးထမိန်ဆင်ပေးလို့ကမဖြစ်၊ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိတော့ မထူးဘူးဆိုပြီး ပိတ်စတွေပေးသွားတာ၊ တပ်မှူးကတော်က မောင်လေးအဆင်ပြေသလိုချုပ်တဲ့ အထက်ဆင်လေးတောင်ပါသေး အဟေးဟေး။ ခုထိ မိန်းမအဆင်ပိတ်စတွေကိုင်ပြီး လည်ကုတုံးလက်ရှည်နဲ့ပုဆိုး မရရအောင်ချုပ်ပေးဆိုလို့ ပြူးကြည့်နေတဲ့ စက်ချုပ်ဆိုင်အန်တီကြီးမျက်နှာမြင်ယောင်မိတုန်း။

ဆိုတော့ကား မနက်ဖန် ငလင်းတို့မဝတ်ချင်တဲ့ ဇာပန်းရောင်လည်ကတုံးနဲ့ ချိတ်ပုဆိုးပန်းရောင်ကလေးကိုဝတ်ပြီး လိုင်းစစ်လိုက်ရပေဦးမပေါ့။ အေးပေါ့လေ 'အောင်မြင်သော မိန်းမတယောက်၏နောက်တွင် ထက်မြက်ပိပြားသော ယောကျ်ားတယောက်ရှိသည်' ဆိုတဲ့အတိုင်း ပါရမီဖြည့်ဘက်ကောင်းတယောက် ပီသရမှာပေါ့။

မပီသလို့လဲ မရဘူးလေ၊ ဘယ့်နှယ့် ရောက်ခါစက ဒီဒဏ်တွေမခံနိုင်တော့လို့ မေမေ့အိမ်ပြန်လာပါရစေဆိုတော့ မွေးသမိခင်ကျေးဇူးရှင်က
"ဟဲ့ ငါ့သမီးတောင် မိန်းကလေးဖြစ်ပြီး တပ်ကအလုပ်တွေလုပ်နေရသေးတာ နင်ကယောကျ်ားလေး၊ ပြန်မလာနဲ့" ပြောထားတော့ ကိုယ့်မှာထပ်မပြောရဲတော့ဘူး။

ဘာပဲဖြစ်ဖြစ်ပါ၊ ရောက်ကာစကထက်တော့ အများကြီးအဆင်ပြေလာပါပြီ။ ရောက်ကာစကဆိုရင် စီနီယာအရာရှိကတော်များရဲ့
'မောင်လေး အသက်က ဘယ်လောက်လဲ၊ မမက အသက်ဘလောက်ရှိပီ၊ အဟင်းဟင်းဟင်း'
'ကိုလင်းထက်အမျိုးသမီးက ဗိုလ်ဆိုတော့ ငယ်တာပေါ့နော်၊ အမအမျိုးသားက ဗိုလ်ကြီးလေ အဟင်းဟင်းဟင်း'
'ဟင် မောင်လေးက ဘာမှမလုပ်တတ်ဘူးလား၊ ကျွတ်စ် ကျွတ်စ် ကျွတ်စ်'
'ဒါက ဒီလိုမဟုတ်ဘူးလေ၊ အိုကွယ် ညံ့လိုက်တာ'
ဆိုပြီး ပညာ သင် ပြ ပေးခြင်းပေါင်းစုံကို အရာရှိလင်ပေါက်စ ငလင်းခမျာ မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ အံကြိတ်ခံရရှာတာ။

မခံလို့ကလဲမဖြစ်၊ ကိုယ့်မိန်းမမျက်နှာကလဲ ရှိသေးသကိုး၊ နောက်ပီး ကတ်ကတ်လန်ရန်ပြန်တွေ့လို့လဲ ကျော်မကောင်းကြားမကောင်းလေ။

ခုတော့လဲ တဖြည်းဖြည်းနဲ့တော့ နေသားကျလာပါပီလေ။ ငလင်းတို့ အစည်းအဝေးတွေဘာတွေမှာလဲ ခပ်တည်တည်နဲ့ ဝင်ယောင်တတ်ပီ၊ ဝတ်တွေဘာတွေလဲရွတ်ဖူးပီ၊ သနပ်ခါးပါးကွက်ကြားကြီးနဲ့ ပုဆိုးကိုရင်ခေါင်းထိအောင်စည်းပီး ဖက်တိတ်တွေဘာတွေလဲ ခိုင်းတတ်လုပ်တတ်နေပီ။ ကြည့် ဘလောက်တောင် နေသားကျနေပီလဲလို့။ ခုဆို အတင်းတုတ်ဖော်တုတ်ဖက်တွေတောင်ရနေပီကော။

ဘာပဲဖြစ်ဖြစ်ပါလေ... မိန်းမလုပ်သူ ရှေ့တန်းမထွက်ရတာလေးကိုပဲ ကြံဖန်ကျေးဇူးတင်မိပါတယ်၊ မဟုတ်ရင် မျက်ရည်လေးစမ်းတမ်းစမ်းတမ်း နှာခေါင်းလေးတရှုံ့ရှုံ့နဲ့ ကိုယ့်မှာပုဆိုးနဲ့မျက်ရည်သုတ်နေရမှဖြင့်.......... ။

မှတ်ချက်။ အရာရှိလင်ဘဝအား စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါကြောင်း 😬😬😬

#လင်းထက်

0 comments:

Post a Comment