Wednesday, September 26, 2018

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ျမန္မာႏုိင္ငံဆုိင္ရာ EU သံအမတ္ႀကီးအား လက္ခံေတြ႕ဆံု

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၆

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း သည္ ျမန္မာႏုိင္ငံဆုိင္ရာ EU သံအမတ္ႀကီး H.E. Mr. Kristian Schmidt အား ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။ 
အဆိုပါေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ EU သံအမတ္ႀကီးႏွင့္အတူ ေကာင္စစ္၀န္၊ ႏိုင္ငံေရးရာႏွင့္ သတင္းထုတ္ျပန္ေရးဌာနအႀကီးအကဲ Ms. Eszter Nemeth တို႔ တက္ေရာက္ၾကသည္။

ထုိသို႔ေတြ႕ဆံုရာတြင္ ျမန္မာႏိုင္ငံႏွင့္ ဥေရာပသမဂၢအဖြဲ႕၀င္ႏုိင္ငံမ်ားအၾကား ဆက္ဆံေရး ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ပါတီစုံဒီမိုကေရစီ ဆက္လက္ေလွ်ာက္လွမ္းမႈႏွင့္ ပတ္သက္၍ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္အစိုးရ၊ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ျပည္သူတို႔ႏွင့္အတူပူးေပါင္းၿပီး ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လုံ က်င္းပလ်က္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနသည့္ အေျခအေနမ်ား၊ ၎မွတစ္ဆင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒအခန္း(၁၂)ပါအတုိင္း လုိအပ္သလုိ ျပင္ဆင္ေဆာင္ရြက္ သြားမည့္အေျခအေနမ်ား၊ ေခတ္မီတပ္မေတာ္(Standard Army) တည္ေဆာက္မႈ၌ တပ္မေတာ္မွ ထုတ္ျပန္ထားေသာ WHITE PAPER ပါ အခ်က္အလက္မ်ားအတုိင္း ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ရခိုင္ျပည္နယ္၏ ေနာက္ဆုံးအေျခအေနမ်ားႏွင့္ ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍ ႏုိင္ငံေတာ္သမၼတမွ ဖြဲ႕စည္းတာ၀န္ေပးအပ္ခဲ့သည့္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္၏ ေဆာင္ရြက္မႈမ်ားတြင္ တပ္မေတာ္က အျပည့္အ၀ ပူးေပါင္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ားအျပင္ ႐ိုက္တာသတင္းေထာက္ ၂ ဦး အေပၚ အေရးယူေဆာင္ရြက္မႈႏွင့္ပတ္သက္၍ တည္ဆဲဥပေဒမ်ားႏွင့္အညီ ႏုိင္ငံေတာ္အစုိးရမွ ေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ားအေပၚ အျပန္အလွန္အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)




ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၂၆

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး H.E. Mr. Kristian Schmidt အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးနှင့်အတူ ကောင်စစ်ဝန်၊ နိုင်ငံရေးရာနှင့် သတင်းထုတ်ပြန်ရေးဌာနအကြီးအကဲ Ms. Eszter Nemeth တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ပါတီစုံဒီမိုကရေစီ ဆက်လက်လျှောက်လှမ်းမှုနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူတို့နှင့်အတူပူးပေါင်းပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပလျက် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသည့် အခြေအနေများ၊ ၎င်းမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)ပါအတိုင်း လိုအပ်သလို ပြင်ဆင်ဆောင်ရွက် သွားမည့်အခြေအနေများ၊ ခေတ်မီတပ်မတော်(Standard Army) တည်ဆောက်မှု၌ တပ်မတော်မှ ထုတ်ပြန်ထားသော WHITE PAPER ပါ အချက်အလက်များအတိုင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်၏ နောက်ဆုံးအခြေအနေများနှင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆောင်ရွက်မှုများတွင် တပ်မတော်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပြင် ရိုက်တာသတင်းထောက် ၂ ဦး အပေါ် အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ခဲ့မှု အခြေအနေများအပေါ် အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment