" ကၽြန္ေတာ္႔ကိုေရတခြက္ေလာက္တ
......................
ေရဗူး ယူဖို႔ လက္ကေလးအတတ္ ...ပူစပ္စပ္ ေနမင္း ႀကီးရဲ့ ေအာက္ က စတီးေရာင္ ဖ်က္ကနဲ အလက္ မွာ ကၽြန္ေတာ္ရင္ေတြ ဟက္တက္ ကြဲသြားခ႔ဲ တယ္ ......။
" ရင္႔ေရာင္"
မိထၳီလာ ဇာတိ ... အညာသားဆိုေပမဲ႔ အသားခပ္လတ္လတ္ ...လူပံုကလည္းခပ္သန္႔သန္႔ ... စိတ္ဓာတ္ကလည္း ဂၽြတ္ဆတ္ဆတ္ ...လြတ္လပ္ မွုႀကိဳက္တတ္လိုက္တာလည္း ႏွစ္ေယာက္မရွိတဲ႔ ေကာင္ေလး ....။
ေပါင္ သံုးဆယ္ သဲပါတ္* ကို ခါးရမ္းေအာင္သယ္လို႔ ...ဖုတ္ဖတ္ ...ဖုတ္ဖတ္ နဲ႔ အေဆာင္ဆီေျပးလာတယ္ ... လူပံုကိုၾကည့္ရတာ ေတာစီးဖိနပ္ ပင္ ႏိုင္ေတာ႔ ပံုမေပၚ ။ တစ္ကိုယ္လံုး မွာ လည္း ဖုန္အလိမ္းလိမ္းနဲ႔ ရင္ဘက္နဲ႔ ခ်ိဳင္းၾကားမွာ ေခၽြး ေတြ က နစ္ေနေအာင္ကြက္ေနၿပီ .... ေခါင္းငိုက္စိုက္နဲ႔ အေပၚကို ေျပးတတ္အလာ ... ကၽြန္ေတာ္႔ကိုေက်ာ္သြားတယ္.
" ေဟ႔ေကာင္ ...ဗုဒၶရွီး" လို႔ ကၽြန္ေတာ္ လွမ္းေခၚလိုက္ေသာ အခါ ..." ဟုတ္ ... အကို " ဆိုၿပီးေမာ႔ ၾကည့္သည္ ....
( ဗုဒၶရွီးးးးးးး ဆိုတာ က ဗုဒၶဟူး သား ၊ ဂမူးရူးထိုး ႏိုင္လြန္းေသာ ကၽြန္ေတာ္႔ ဂ်ဴနီယာ ဂါဒီယမ္ ကို ခ်စ္စႏိုးေခၚေသာနစ္ခ္နိမ္းေ
ၿပီးေတာ႔ သူ႔ပုခံုးကို ဖက္ ေျခာက္ထပ္ေဆာင္ေလွခါး ကိုအတူ တက္ၿပီး ကၽြန္ေတာ္႔ အခန္း ကိုေခၚလာခဲ႔သည္ ။ စာၾကည့္စားပြဲ ေပၚ က ဗီဗီ ပင္မွည့္ဗူးေဖ်ာ္ရည္ဗူးေလး ကို လွမ္းေပး ေတာ႔ " ကၽြန္ေတာ္႔ ကိုေရတခြက္ေလာက္တိုက္ပါ အကို "
လုိ႔ သူကဆိုတယ္ ။ အီကြတ္မန္႔ (Equipment) ထဲက ေရဗူးကိုျဖဳတ္ၿပီး သူ႔ကိုတိုက္လိုက္တယ္ ။ တဂြတ္ ...ဂြတ္ျမည္ ေအာင္ ကိုသူေမာ႔ ေသာက္ေတာ႔တယ္ ....
" ဘယ္လိုျဖစ္ရတာတုန္း ဂါဒီယမ္(Guardian) ရ ....မင္းၾကည့္ရတာလည္း ေထေစာင္း*ေနတာပါပဲလား ....အေတာ္မွ ဖြာ* ခဲ႔ရဲ့လား " လို႔ ကၽြန္ေတာ္ကေမးေတာ႔ ...
" ဖန္စီ ကြင္းေလးအကိုရ.. ကၽြန္ေတာ္ဝတ္ခ်င္လို႔ အရင္ပတ္ outpass ထြက္ရင္းဝယ္လာတာ ... စာသင္ခန္းေရာက္ေတာ႔ မေနႏိုင္လို႔ ထုတ္ဝတ္လိုက္တာ ... တန္းျဖဳတ္ခ်ိန္*ေရာက္ေတာ႔ အဲဒါကို ေမ႔ၿပီးျပန္မျဖဳတ္ခဲ႔မိဘူး
စကြက္* (squard)ထဲမွာ ေလွ်ာက္ရင္း လက္လႊဲေတာ႔ လက္မွာ ဖန္စီးကြင္းဝတ္ထားတာကို ေတြ႔သြားၿပီး ..... စစ္ေရးျပဆရာႀကီးနဲ႔ပါသြားတယ
" မင္းကေတာ႔ ျဖစ္ရမယ္ ...လုပ္လိုက္ရင္ ဘာမွ မစဥ္းစားဘူး ေသာက္တလြဲ .... အေျခေနခ်ိန္ခါ ၾကည့္ ငါ႔ညီရ ... စစ္ယူနီေဖာင္းနဲ႔ အဲဒီဖန္စီကြင္းနဲ႔ ဘယ္လိုမွမွ ၾကည့္လို႔ မလိုက္တာ ...မင္းဘာသာ
လိုက္ဒရက္စ္* (light dress) ဝတ္လို႔ရတဲ႔ခ်ိန္ က်ေတာ႔ ဝတ္ေပါ႔ ကြ .... ခု မင္းတန္ရဲ့လား ဒီကြင္းေလးဝတ္ရတာနဲ႔ ၂ နာရီေလာက္ ကြင္းထဲ အျပစ္ေပးခံရတာနဲ႔ " လို႔ ကၽြန္ေတာ္က ဆိုေတာ႔
" တန္ပါတယ္ ဂါဒီရ ...ကိုယ္ေဖာက္* လို႔ ကိုယ္ခံရတာပဲဟာ " တဲ႔ ...
" ေအး..ႀကိဳက္တယ္ ေနာက္ခါ ဆို ငါ ပါ ထပ္ အုပ္*မယ္ " ဆိုေတာ႔ .... မခ်ိဳမခ်ဥ္မ်က္ႏွာျဖင္႔ " ဟီးးးးးး..ဂါဒီကလည္း " ဆိုသြားၿဖီး ျပေနေလသည္ ။
ဗုဒၶရွီး ..... ေဆးလိပ္ခိုးေသာက္သည္ မိတဲ႔ခါ ေဆးလိပ္ကိုဝါးစားရသည္ ... တပ္ျပင္ထြက္ရင္ေနာက္က်မွ ဝင္သည္ ...လိုင္းခ်ဳပ္က်သည္ ။ အျပစ္လြတ္ေအာင္ စည္းကမ္းနဲ႔ မေနတတ္ေသာ ကၽြန္ ေတာ႔ ဂါဒီယမ္ မွာ ယူနီေဖာင္း
ဘယ္ေတာ႔ မွ အေကာင္းမရွိ မနက္ခင္းဝတ္တဲ႔ ေကာ္ေတာင္႔အုိဂ်ီ* ဟာ ညေနဆို အျပစ္ေပးခံရေသာေၾကာင္႔ က်ိဳးေၾက ၊ ရြဲေစာင္း ေနေပၿပီ ...ဖတ္တိတ္ လုပ္သြားတဲ႔ ခါ အင္ခ်က္လိုက္သြားတဲ႔ အင္တိတ္တူ တာဝန္က်မ်ား က
ျပန္လာရင္ ကၽြန္ေတာ္႔ကို တိုင္သည္ ...
" မင္းဂါဒီယန္ က ေစာက္ပဲ႔ * ကြ ... အင္တိတ္တူခ်င္းေတြ အလုပ္လုပ္ေနတယ္ ... သူကသစ္ပင္ေအာက္သြားၿပီးသူ႔ ရည္းစား ဆီကစာ သြားဖတ္ေနတယ္ " တဲ႔ ။
သူ႔စိတ္ဓာတ္ကို ကၽြန္ေတာ္သိေပမဲ႔ ..ခုကိစၥကၽြန္ေတာ္ လက္မခံပါ ..သူ႔ကိုေခၚဆူလိုက္ သည္ ...။
" မင္းလူသတ္ရင္မင္းေထာင္က်မယ္
ပါေတာ႔မယ္ ...စိတ္တို တတ္တဲ႔ အရာရွိ နဲ႔ဆိုရင္ မင္းတစ္ေယာက္အတြက္နဲ႔ အားလံုး အျပစ္ေပးခံရေတာ႔မယ္ .... ျမက္ေပါက္တာ ၊ ေျမတူးတာေလာက္ေတာင္မွာ သူတင္ကိုယ္တင္လုပ္မယ္လုိ႔ မယံုၾကည္ရတဲ႔ မင္းကို ...
သူ႔အသက္ကိုယ္႔ အပ္ ...ကိုယ္အသက္သူ႔အပ္ ...ပုခံုးဖက္ၿပိး ဘယ္လို စစ္တိုက္မလဲ ...မင္းႀကိဳက္တဲ႔အျပစ္လုပ္ ...ငါမေျပာဘူး ...ဒါေပမဲ႔ အင္တိတ္တူခ်င္း ေပၚ သစၥာမမဲ႔ နဲ႔ ..." လို႔ ကၽြန္ေတာ္ ဆူၿပီးတဲ႔ ေနာက္မွာေတာ႔ ..
" ဟုတ္.. " ဆိုၿပီးအသံ ခပ္က်ယ္က်ယ္ ထြက္လာ ေတာ႔ သည္ ...
" မင္းအျပစ္ကိုမင္းလက္ခံရဲ့ လား " ...ဆိုေတာ႔
" ဟုတ္ "..ဟုေျဖသည္ ....
" ေအး ...လက္ခံရင္ မင္းhonour နဲ႔ မင္း ၅၀ ပတ္လည္ ခ် " ဆိုေတာ႔ " ဖားခုန္ ၅၀ ၊ ေလထီးခုန္ ၅၀ ၊ လက္ေထာက္ေမွာက္ ၅၀ ၊ ဗယ္လီ ၅၀ ၊ ထိုင္ထ ၅၀ " ကို အမွတ္စဥ္ဆို ၿပီးလုပ္ေတာ႔သည္..။
ရင္႔ေရာင္ ဆိုတာ အဲလိုေကာင္စားေလး ပင္ ...လုပ္ခ်င္တာကို ဘာကိုမွ မစဥ္းစား ကမူးရွဴးတိုးလုပ္တတ္သည္ ... ဒါေပမဲ႔ အျပစ္လုပ္ၿပီးရင္ေတာ႔ ေပးသမွ် ပစ္ဒဏ္ကို မၿငီးမျငဴ လိုက္လုပ္တတ္သည္ ။
ဘယ္ေတာ႔ မွ ပါရွယ္မျပ * ...ဘယ္ေတာ႔မွ ကြန္ပလိန္းမတက္သလို....ဘယ္ေ
သူ႔ကို ျဖစ္ခ်င္တာတစ္ခုပဲ မၾကည့္ဖို႔ .. ေရွ့ေနာက္စဥ္းစားဖို႔ .... ဂါဒီယမ္ အကိုတစ္ေယာက္ အေနနဲ႔ ကၽြန္ေတာ္ အၿမဲေဖ်ာင္းဖ်သည္ ...
ဆံုးမသည္ ။ သူ နာေတာ႔ နာခံရွာပါသည္ ... သို႔ေသာ္ ေမြးသေႏၶ ေသမွေပ်ာက္ ... ဆိုတဲ႔ ဆိုရိုးစကားလည္းရွိေပသည္ မဟုတ္လား ။
ဒီလိုနဲ႔ ကၽြန္ေတာ္တို႔ ေတြ ဘယ္ညာ...ဘယ္ညာ ေလွ်ာက္လိုက္ ... ေျပးလိုက္လႊားလိုက္ ... ေမာလိုက္ပန္းလိုက္ .... စိန္ပန္းလမ္း က အနီေရာင္အေၾကြပန္းေတြ ကို နန္းလိုက္ရွိဳက္လိုက္ နဲ႔ ကာလေတြျဖတ္သန္းလာလိုက္တာ
ဒီဇင္ဘာလေတာင္ ေရာက္လာခဲ႔တယ္ ....မွဳန္မွိဳင္းေနတဲ႔ ျမဴေတြနဲ႔ အတူ ပန္းႏုေရာင္ ခ်ယ္ရီေတြကလည္း ဝိဇယတေတာင္ လံုး ပန္းေရာင္ေတြ လႊမ္းလို႔ ....လူၾကမ္းႀကီးေတြ ၾကားမွာ အခ်စ္ေတာင္တန္းႀကီး ဟီးေနေအာင္ေပါက္ေနသလိုလို ။
ေက်ာင္းမဆင္းမွီကာလေတြမွာas
ကိုယ္႔ဂါဒီယမ္ ကိုလည္ းမၾကည့့္အားေတာ႔ ... ဗုဒၶရွီး .. ကေတာ႔ ကၽြန္ေတာ္မအားတဲ႔ ခါ ေကာ္လာဂ်က္ ၊ ခါးပတ္ တိုက္ေပးတာ အစ ... စစ္ေရးျပ ဓားတိုက္ေပးတာအဆံုး အားလံုး သူလာလုပ္ေပးခဲ႔တယ္ ...
ကၽြန္ေတာ္႔ ညီ ဂါဒီယမ္ ဗုဒၶရွီး က အဲလိုေတာ႔အားကိုး ရတယ္ ။ အဲလိုနဲ႔ ကၽြန္ေတာ္တို႔ေတြ ေက်ာင္းၿပီးတဲ႔ခါ ခ်စ္ခင္ ရတဲ႔ မိခင္ႀကီး ေဒၚစိန္ေအး နဲ႔တကြ ညီငယ္ေတြကို ခြဲၿပီး သက္ဆိုင္ရာ တပ္အသီးသီးမွာ တာဝန္ထမ္းေဆာင္ၾကရတယ္ ...။
တပ္ေတြ မွာ တာဝန္ထမ္းေဆာင္ၿပီး တစ္ႏွစ္ၾကာတဲ႔ အခါ ရင္႔ေရာင္ နဲ႔ အင္တိတ္တူ ညီေလး ေတြ ကေက်ာင္းဆင္းလာၾကတယ္ ။ သူနဲ႔ အတူတူ သူငယ္ခ်င္း ညီေလး က ကၽြန္ေတာ္႔ တာဝန္က်တဲ႔တပ္ကိုေရာက္လာေတာ
ကၽြန္ေတာ္႔ ဂါဒီယမ္ ေလး ကို သတိတရ နဲ႔ ဒီေကာင္ဘယ္လိုလဲ ၊ ဘယ္တပ္မွာတာဝန္ က်လဲ
အေမာတေကာ ေမးမိတယ္ ။ တပ္ကိုေရာက္လာတဲ႔ ညီေလး က ကၽြန္ေတာ္႔ ကို မၾကည့္ပဲ ေခါင္းကို ငံု႔ လွ်က္ ...
" အကို႔ ဂါဒီယမ္ ရင္႔ေရာင္ စာေမးပြဲက်တယ္ ... ၿပီးေတာ႔ ..." ဆိုၿပီး စကား ကို ရပ္ထားသည္ ...။
" ၿပီးေတာ႔ ဘာျဖစ္လဲ ညီေလး " လို႔ ကၽြန္ေတာ္ဆက္ေမးမိသည္ ။
" အကို႔ ဂါဒီယမ္ ကၽြန္ေတာ္ ေက်ာင္းဆင္းေတာ႔ အခ်ဳပ္ထဲမွာ ... ညီအထင္ေတာ႔ ေထာင္ က်မယ္ထင္တယ္ " တဲ႔ ..။
" ဘာျဖစ္လို႔လဲ ညီေလး " လို႔ေမးရင္ ကၽြန္ေတာ္ရင္ပူသြားမိသည္ ...။
" အကို႔ ဂါဒီ ယမ္ မွာ ေကာင္မေလး ရွိတယ္ေလ သိတယ္မလား ..."
"ေအး"
" အဲဒီေကာင္မေလး က နာ႔စ္ အျဖစ္နဲ႔ ျပင္ဦးလြင္ ကိုေျပာင္းလာတယ္ အကို .... ဒီေကာင္က နဂို ကမွ သူ႔ေကာင္မေလး ကို အေတာ္ခ်စ္ေတာ႔ .... ေဆးခန္းခဏခဏ လိုက္ၿပီး သြားသြားေတြ႔တယ္ .... တပ္ျပင္ထြက္ခြင္႔ရတဲ႔ ခါ .... ေကာင္မေလး နဲ႔
အတူ ေလွ်ာက္သြား ၊ အတူလည္ ၾကေပါ႔ အကိုရာ .... ဒါေပမဲ႔ ဒီေကာင္႔ မိဘေတြ ဘက္ကေရာ ၊ ဒီေကာင္႔ ေကာင္မေလး မိဘေတြ ဘက္ကေရာ သူတို႔ ႏွစ္ေယာက္ကို သေဘာမတူၾကဘူး .... သူတို႔ ၂ ေယာက္လြန္လြန္က်ဴးက်ဴးျဖစ္ၿ
ေကာင္မေလး မွာ ကိုယ္ဝန္ရွိသြားတယ္ ...."
" အဲဒီေတာ႔ ဘာျဖစ္လဲ " ကၽြန္ေတာ္ စိတ္ေစာ စြာ ဆက္ေမးမိသည္ .....။
" သူ႔ ေကာင္မေလး ကို မိဘ ေတြ ကအိမ္ျပန္ေခၚတယ္ ...ျပင္ဦးလြင္ ကေနၿပီးေတာ႔ .... ၿပီးေတာ႔ ကိုယ္ဝန္ ကို ဖ်က္ခ်ခိုင္းတယ္ ေျပာတယ္ "
" ဟာ " ကၽြန္ေတာ္ အရမ္း အံ႔ ၾသသြားမိသည္ ။ လူႀကီး ေတြ သားသမီးေပၚမွာခ်စ္တဲ႔ အခ်စ္က လည္း တခါတခါ ..အတၱ ေတြလို ေၾကာက္ဖို႔ ေကာင္းလွသည္ ။ မလုပ္သင္႔ မလုပ္ထိုက္ေသာ အလုပ္မ်ားကို လုပ္မိသည္အထိပင္ ။
" အဲဒီေနာက္ေတာ႔ .... ရင္႔ေရာင္ေကာင္မေလး ေရာ ၊ သူ႔ကေလး ေရာ ... လူႀကီးေရာ ကေလး ပါ ဆံုးသြားတယ္အကို "
ကၽြန္ေတာ္ ရင္ ထဲ မွာ ဆို႔ လာသည္ .... စိတ္ထဲမွာလည္း ကံ ဆိုးလိုက္တဲ႔ ငါ႔ညီရာ လို႔ ေရရြတ္ေနမိသည္ ....။
အဲဒီေနာက္ ရင္႔ေရာင္ သူငယ္ခ်င္း ညီေလး က ဆက္ေျပာသည္ ...။
" အဲဒါ ဒီေကာင္လည္း သိေရာ .... ညဘက္ႀကီး မိထၳီလာ ကိုခိုးဆင္းတယ္အကုိ ... ဒါေပမဲ႔ ဒီေကာင္ ကံ မေကာင္းဘူး ၂၁ မိုင္မွာ ျပန္မိတယ္ .... အဲဒီေတာ႔ ဒီေကာင္႔ကို အခ်ဳပ္ထဲ မွာ ထည့္ထားတယ္ ....
ထမင္းစားဖို႔ တံခါး ခဏ ဖြင္႔ ေပးတဲ႔ အခ်ိန္မွာ .... ဒီေကာင္ ထပ္ၿပီး ထြက္ေျပးတယ္ .... အဲဒီ အပါတ္ က မိုးေတြ ေန႔တိုင္းရြာေနတယ္ ...ဒီေကာင္ထြက္ေျပးၿပီး ေနာက္ ေန႔ ည မိုးရြာ ႀကီးထဲမွာ ပဲ .... သင္းခ်ိဳင္း ကေန သူ႔ ေကာင္မေလး အုတ္ဂူ ကို သြားေဖာက္တယ္ "
" ဟာ ... ျဖစ္ရေလ ငါ႔ညီရာ... အဲလာက္ေတာင္ ျဖစ္ရသလား " ကၽြန္တာ္ စိတ္ထဲမွာ တႏု႔ံ ႏံု႔ ႏွင္႔ ဘယ္လို မွ မေကာင္းပါ ။
ညီေလး က ဆက္ေျပာ တယ္
" အဲ ေနာက္ေတာ႔ သုႆန္ ေစာင္႔ က ေတြ႔ သြားၿပီးေတာ႔ ... ရဲေတြ နဲ႔ ဖမ္းၿပီး ... . ျပန္ပို႔ေပါ႔ အကိုရာ .... သက္ခ်ဳပ္ ေတြ ဘာေတြ ေရးလိုက္ေတာ႔ .... စစ္ေျပးမွဳ ၊ အခ်ဳပ္ခန္းေဖာက္မွဳ ၊ အုတ္ဂူေဖာက္တာေတြ ေရာ
ဆိုေတာ႔ ေထာင္ အမ်ားႀကီး က်မယ္ထင္တယ္ "
" မိုက္လိုက္တာ ငါ႔ညီရာ .... စည္းကမ္းဆိုတာ ကိုယ္႔စိတ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အတြက ္စိန္ေခၚခ်က္ေတြ ပဲ .... အတတ္ႏိုင္ဆံုး လိုက္ နာက်င္႔ ၾကံ ၾကရမွာ.... အရာရာမွာ ကမူးရွဴးထိုးမလုပ္ဖို႔ .... ေရွ့ ေနာက္စဥ္းစားဖို႔ ... ႀကံဳရင္ၾကံဳသလို
အၿမဲ ေျပာခဲ႔တယ္ ..... ခုေတာ႔ မင္း စည္းကမ္းမလိုက္နာ ေတာ႔ ဘဝထဲ ကပါၿပီ ..... ေနာက္တစ္ႀကိမ္ ဆိုတာ ျပန္ႀကံဳ မလာေတာ႔ မဲဲ႔ သင္ခန္း စာမ်ိဳး နဲ႔ မင္းဝနဲ႔ခ်ီပီးေပးဆပ္ရပီ .... လူလည္းမသတ္ .. မေကာင္းမွဳလည္း မလုပ္ပါပဲနဲ႔
မင္း ဥပေဒ ရဲ့ ပစ္ဒဏ္ ေတြ ခံရေတာ႔မယ္ ..." ....စိတ္ထဲမွာတတြတ္တြတ္ေျပာ
တပ္ က ယာယီ တာဝန္ နဲ႔ မႏၱ ေလး ကိုခ်က္ခ်င္းသြားရေတာ႔ ေတြ႔လို႔ ေတြ႔ ျငား ကၽြန္ေတာ္ ရင္႔ေရာင္ ကိုသြားရွာ မိတယ္ ... ခရီးသြားဟန္ လြဲ ထည့္လာခဲ႔တဲ႔ ေက်ာပိုးအိတ္ ေဘး မွာ အယ္ပိုင္းဗူးေသးေလးကလည္းခ်ိ
ကၽြန္ေတာ္ ေတြ႔ ရပါၿပီ .... သံ တိုင္းေတြ လက္ျခား ခတ္ ထားတဲ႔ အခ်ဳပ္ကားေပၚ တက္ခါနီးဆဲ ဆဲ မွာ ... ကၽြန္ေတာ္ လွမ္းေခၚလိုက္မိတယ္ " ဂါဒီယမ္ ...ဗုဒၶရွီးးးးးးး" ......
ပထမ သူ အံ ၾသ မွင္သက္ ေနသေယာင္ မ်က္ႏွာက ေနၿပီး ယဲ႔ယဲ႔ေလး ၿပံဳးလာတယ္ .... ၿပီးေတာ႔ ျဖဴဖတ္ဖတ္ မ်က္ႏွာေလး ညွိဳးၿပီး ေအာက္ကို ငံု႔ သြားခဲ႔တယ္ .....သူ႔လက္မွာ ခတ္ထားတဲ႔ စတီး ေရာင္ လက္ထိပ္ ကို ကၽြန္ေတာ္ ေတာ္ေတာ္ ၾကာစိုက္ၾကည့္ေနမိတယ္ ....ကၽြန္ေတာ္ ႔ မ်က္လံုး တစံု က မ်က္ရည္ တခ်ိဳ႔ က အလိုလို ခုန္ဆင္းလာခဲ႔ၾကတယ္ .... သူ ႔ မ်က္ႏွာကို မပီဝိုးတဝါး ၾကည့္ေနတုန္းမွာပါ ပဲ..
ေခါင္းငံု႔ လွ်က္ သူ႔ဆီက အသံေလး တစ္သံ ထြက္လာခဲ႔တယ္ ....
" ကၽြန္ေတာ္႔ကိုေရတခြက္ေလာက္တ
echo သံေတြ ကကၽြန္ေတာ႔ ရင္ဘက္ ထဲ ညံသြားခဲ႔တယ္ ....ေက်ာင္းမွာ သူအျပစ္လုပ္လို႔ ျပစ္ဒဏ္ ခံရ တိုင္ း သူ႔ဆီ ကကၽြန္ေတာ္ၾကားေနက် စကားသံေလး ....
" ကၽြန္ေတာ္႔ကိုေရတခြက္ေလာက္တ
" ကၽြန္ေတာ္႔ကိုေရတခြက္ေလာက္တ
" ကၽြန္ေတာ္႔ကိုေရတခြက္ေလာက္တ
ကၽြန္ေတာ္ ကတံု ကယင္ နဲ႔ ပဲ ေက်ာပိုးအိတ္ေဘး မွာ ခ်ိတ္ထားတဲ႔ အယ္လ္ ပိုင္း ဗူးေလး ကိုျဖဳတ္ ေနမိတယ္ ..... ၿပီးေတာ႔ ....
" ေသာက္ .... ေဟ႔ ေကာင္.... ေသာက္ ............ေတာက္ !!... မင္းကြာ....ငါ ဒီေလာက္ အတန္တန္ ေျပာ ခဲ႔ တဲ႔ " ....ငိုသံ ေတြ တဝက္တပ်က္ နဲ႔ ေအာ္ပစ္ ၿပီး ... စကားဆံုး ခင္မွာပဲ ကၽြန္ေတာ္အသံ ေတြ တိမ္ဝင္သြားခဲ႔ေတာ႔တယ္ .....
ကၽြန္ေတာ္ ေပးတဲ႔ ေရဗူး ယူဖို႔ လက္ကေလးအတက္ ...ပူစပ္စပ္ ေနမင္း ႀကီးရဲ့ ေအာက္ က စတီးေရာင္ ဖ်က္ကနည္းအလက္ မွာ ကၽြန္ေတာ္ရင္ေတြ ဟက္တက္ ကြဲသြားခဲ႔တယ္......။
ဘယ္ခ်ိန္က ကၽြန္ေတာ္႔လက္ထဲ ျပန္ေရာက္ေနခဲ႔ မွန္းမသိတဲ႔ ေရဗူးေလး ကို သတိေရာက္သြားတဲ႔ခါ မွာေတာ႔ .... အခ်ဳပ္ကားႀကီး ရဲ့ အရိပ္ က ေရဗူးေလး နံရံ က ေနတေျဖးေျဖး ထြက္ေျပး သြားေန ခဲ႔ ေတာ႔ တယ္ ....။
Credit :Min Thu(ရုပ္ဆိုး)

" ကျွန်တော့်ကိုရေတခွက်လောက်တိုက်ပါအကို .."
......................
ရေဗူး ယူဖို့ လက်ကလေးအတတ် ...ပူစပ်စပ် နေမင်း ကြီးရဲ့ အောက် က စတီးရောင် ဖျက်ကနဲ အလက် မှာ ကျွန်တော်ရင်တွေ ဟက်တက် ကွဲသွားခဲ့ တယ် ......။
" ရင့်ရောင်"
မိထ္ထီလာ ဇာတိ ... အညာသားဆိုပေမဲ့ အသားခပ်လတ်လတ် ...လူပုံကလည်းခပ်သန့်သန့် ... စိတ်ဓာတ်ကလည်း ဂျွတ်ဆတ်ဆတ် ...လွတ်လပ် မှုကြိုက်တတ်လိုက်တာလည်း နှစ်ယောက်မရှိတဲ့ ကောင်လေး ....။
ပေါင် သုံးဆယ် သဲပါတ်* ကို ခါးရမ်းအောင်သယ်လို့ ...ဖုတ်ဖတ် ...ဖုတ်ဖတ် နဲ့ အဆောင်ဆီပြေးလာတယ် ... လူပုံကိုကြည့်ရတာ တောစီးဖိနပ် ပင် နိုင်တော့ ပုံမပေါ် ။ တစ်ကိုယ်လုံး မှာ လည်း ဖုန်အလိမ်းလိမ်းနဲ့ ရင်ဘက်နဲ့ ချိုင်းကြားမှာ ချွေး တွေ က နစ်နေအောင်ကွက်နေပြီ .... ခေါင်းငိုက်စိုက်နဲ့ အပေါ်ကို ပြေးတတ်အလာ ... ကျွန်တော့်ကိုကျော်သွားတယ်.....
" ဟေ့ကောင် ...ဗုဒ္ဓရှီး" လို့ ကျွန်တော် လှမ်းခေါ်လိုက်သော အခါ ..." ဟုတ် ... အကို " ဆိုပြီးမော့ ကြည့်သည် ....
( ဗုဒ္ဓရှီးးးးးးး ဆိုတာ က ဗုဒ္ဓဟူး သား ၊ ဂမူးရူးထိုး နိုင်လွန်းသော ကျွန်တော့် ဂျူနီယာ ဂါဒီယမ် ကို ချစ်စနိုးခေါ်သောနစ်ခ်နိမ်းပေါ့ )
ပြီးတော့ သူ့ပုခုံးကို ဖက် ခြောက်ထပ်ဆောင်လှေခါး ကိုအတူ တက်ပြီး ကျွန်တော့် အခန်း ကိုခေါ်လာခဲ့သည် ။ စာကြည့်စားပွဲ ပေါ် က ဗီဗီ ပင်မှည့်ဗူးဖျော်ရည်ဗူးလေး ကို လှမ်းပေး တော့ " ကျွန်တော့် ကိုရေတခွက်လောက်တိုက်ပါ အကို "
လို့ သူကဆိုတယ် ။ အီကွတ်မန့် (Equipment) ထဲက ရေဗူးကိုဖြုတ်ပြီး သူ့ကိုတိုက်လိုက်တယ် ။ တဂွတ် ...ဂွတ်မြည် အောင် ကိုသူမော့ သောက်တော့တယ် ....
" ဘယ်လိုဖြစ်ရတာတုန်း ဂါဒီယမ်(Guardian) ရ ....မင်းကြည့်ရတာလည်း ထေစောင်း*နေတာပါပဲလား ....အတော်မှ ဖွာ* ခဲ့ရဲ့လား " လို့ ကျွန်တော်ကမေးတော့ ...
" ဖန်စီ ကွင်းလေးအကိုရ.. ကျွန်တော်ဝတ်ချင်လို့ အရင်ပတ် outpass ထွက်ရင်းဝယ်လာတာ ... စာသင်ခန်းရောက်တော့ မနေနိုင်လို့ ထုတ်ဝတ်လိုက်တာ ... တန်းဖြုတ်ချိန်*ရောက်တော့ အဲဒါကို မေ့ပြီးပြန်မဖြုတ်ခဲ့မိဘူး
စကွက်* (squard)ထဲမှာ လျှောက်ရင်း လက်လွှဲတော့ လက်မှာ ဖန်စီးကွင်းဝတ်ထားတာကို တွေ့သွားပြီး ..... စစ်ရေးပြဆရာကြီးနဲ့ပါသွားတယ် ....အဲဒါကြောင့် ခု SED (Special Extra Drill)* ပြေးရတာ "
" မင်းကတော့ ဖြစ်ရမယ် ...လုပ်လိုက်ရင် ဘာမှ မစဉ်းစားဘူး သောက်တလွဲ .... အခြေနေချိန်ခါ ကြည့် ငါ့ညီရ ... စစ်ယူနီဖောင်းနဲ့ အဲဒီဖန်စီကွင်းနဲ့ ဘယ်လိုမှမှ ကြည့်လို့ မလိုက်တာ ...မင်းဘာသာ
လိုက်ဒရက်စ်* (light dress) ဝတ်လို့ရတဲ့ချိန် ကျတော့ ဝတ်ပေါ့ ကွ .... ခု မင်းတန်ရဲ့လား ဒီကွင်းလေးဝတ်ရတာနဲ့ ၂ နာရီလောက် ကွင်းထဲ အပြစ်ပေးခံရတာနဲ့ " လို့ ကျွန်တော်က ဆိုတော့
" တန်ပါတယ် ဂါဒီရ ...ကိုယ်ဖောက်* လို့ ကိုယ်ခံရတာပဲဟာ " တဲ့ ...
" အေး..ကြိုက်တယ် နောက်ခါ ဆို ငါ ပါ ထပ် အုပ်*မယ် " ဆိုတော့ .... မချိုမချဉ်မျက်နှာဖြင့် " ဟီးးးးးး..ဂါဒီကလည်း " ဆိုသွားဖြီး ပြနေလေသည် ။
ဗုဒ္ဓရှီး ..... ဆေးလိပ်ခိုးသောက်သည် မိတဲ့ခါ ဆေးလိပ်ကိုဝါးစားရသည် ... တပ်ပြင်ထွက်ရင်နောက်ကျမှ ဝင်သည် ...လိုင်းချုပ်ကျသည် ။ အပြစ်လွတ်အောင် စည်းကမ်းနဲ့ မနေတတ်သော ကျွန် တော့ ဂါဒီယမ် မှာ ယူနီဖောင်း
ဘယ်တော့ မှ အကောင်းမရှိ မနက်ခင်းဝတ်တဲ့ ကော်တောင့်အိုဂျီ* ဟာ ညနေဆို အပြစ်ပေးခံရသောကြောင့် ကျိုးကြေ ၊ ရွဲစောင်း နေပေပြီ ...ဖတ်တိတ် လုပ်သွားတဲ့ ခါ အင်ချက်လိုက်သွားတဲ့ အင်တိတ်တူ တာဝန်ကျများ က
ပြန်လာရင် ကျွန်တော့်ကို တိုင်သည် ...
" မင်းဂါဒီယန် က စောက်ပဲ့ * ကွ ... အင်တိတ်တူချင်းတွေ အလုပ်လုပ်နေတယ် ... သူကသစ်ပင်အောက်သွားပြီးသူ့ ရည်းစား ဆီကစာ သွားဖတ်နေတယ် " တဲ့ ။
သူ့စိတ်ဓာတ်ကို ကျွန်တော်သိပေမဲ့ ..ခုကိစ္စကျွန်တော် လက်မခံပါ ..သူ့ကိုခေါ်ဆူလိုက် သည် ...။
" မင်းလူသတ်ရင်မင်းထောင်ကျမယ် ...မင်းသူများဟာခိုးရင်ေ-ာက်ရှက်ကွဲမယ်..အရိုက်ခံရမယ် ၊ ဖဲရိုက်၊ အရက်သောက် ကွာ ကြိုက်ရာလုပ် ...မင်းလုပ်တဲ့ ပစ်ဒဏ် မင်းပဲခံရမှာ .... ဒါပေမဲ့ ဘဝတူချင်းတွေပေါ်မှာ သစ္စာမမဲ့ရဘူး ... အားလုံးလုပ်ရမဲ့ အလုပ် မင်းကမလုပ်တော့ တခြားသူတွေပိုလုပ်ရတော့မယ် ... ပြီးရမဲ့အချိန်မှာ မပြီးရင် သူတို့ကိုယ်ပိုင်အချိန်တွေ
ပါတော့မယ် ...စိတ်တို တတ်တဲ့ အရာရှိ နဲ့ဆိုရင် မင်းတစ်ယောက်အတွက်နဲ့ အားလုံး အပြစ်ပေးခံရတော့မယ် .... မြက်ပေါက်တာ ၊ မြေတူးတာလောက်တောင်မှာ သူတင်ကိုယ်တင်လုပ်မယ်လို့ မယုံကြည်ရတဲ့ မင်းကို ...
သူ့အသက်ကိုယ့် အပ် ...ကိုယ်အသက်သူ့အပ် ...ပုခုံးဖက်ပြိး ဘယ်လို စစ်တိုက်မလဲ ...မင်းကြိုက်တဲ့အပြစ်လုပ် ...ငါမပြောဘူး ...ဒါပေမဲ့ အင်တိတ်တူချင်း ပေါ် သစ္စာမမဲ့ နဲ့ ..." လို့ ကျွန်တော် ဆူပြီးတဲ့ နောက်မှာတော့ ..
" ဟုတ်.. " ဆိုပြီးအသံ ခပ်ကျယ်ကျယ် ထွက်လာ တော့ သည် ...
" မင်းအပြစ်ကိုမင်းလက်ခံရဲ့ လား " ...ဆိုတော့
" ဟုတ် "..ဟုဖြေသည် ....
" အေး ...လက်ခံရင် မင်းhonour နဲ့ မင်း ၅၀ ပတ်လည် ချ " ဆိုတော့ " ဖားခုန် ၅၀ ၊ လေထီးခုန် ၅၀ ၊ လက်ထောက်မှောက် ၅၀ ၊ ဗယ်လီ ၅၀ ၊ ထိုင်ထ ၅၀ " ကို အမှတ်စဉ်ဆို ပြီးလုပ်တော့သည်..။
ရင့်ရောင် ဆိုတာ အဲလိုကောင်စားလေး ပင် ...လုပ်ချင်တာကို ဘာကိုမှ မစဉ်းစား ကမူးရှူးတိုးလုပ်တတ်သည် ... ဒါပေမဲ့ အပြစ်လုပ်ပြီးရင်တော့ ပေးသမျှ ပစ်ဒဏ်ကို မငြီးမငြူ လိုက်လုပ်တတ်သည် ။
ဘယ်တော့ မှ ပါရှယ်မပြ * ...ဘယ်တော့မှ ကွန်ပလိန်းမတက်သလို....ဘယ်တော့ မှ လည်း မရှိုင်း* ....။ သူအပြစ်လုပ်လို့ ပစ်ဒဏ်ပေးခံပြီးတိုင်းလည်း ကျွန်တော့ကိုရေတခွက်ပဲတိုက်ခိုင်းတတ်တယ် ... အအေးတိုက်လို့မသောက် ...
သူ့ကို ဖြစ်ချင်တာတစ်ခုပဲ မကြည့်ဖို့ .. ရှေ့နောက်စဉ်းစားဖို့ .... ဂါဒီယမ် အကိုတစ်ယောက် အနေနဲ့ ကျွန်တော် အမြဲဖျောင်းဖျသည် ...
ဆုံးမသည် ။ သူ နာတော့ နာခံရှာပါသည် ... သို့သော် မွေးသန္ဓေ သေမှပျောက် ... ဆိုတဲ့ ဆိုရိုးစကားလည်းရှိပေသည် မဟုတ်လား ။
ဒီလိုနဲ့ ကျွန်တော်တို့ တွေ ဘယ်ညာ...ဘယ်ညာ လျှောက်လိုက် ... ပြေးလိုက်လွှားလိုက် ... မောလိုက်ပန်းလိုက် .... စိန်ပန်းလမ်း က အနီရောင်အကြွေပန်းတွေ ကို နန်းလိုက်ရှိုက်လိုက် နဲ့ ကာလတွေဖြတ်သန်းလာလိုက်တာ
ဒီဇင်ဘာလတောင် ရောက်လာခဲ့တယ် ....မှုန်မှိုင်းနေတဲ့ မြူတွေနဲ့ အတူ ပန်းနုရောင် ချယ်ရီတွေကလည်း ဝိဇယတတောင် လုံး ပန်းရောင်တွေ လွှမ်းလို့ ....လူကြမ်းကြီးတွေ ကြားမှာ အချစ်တောင်တန်းကြီး ဟီးနေအောင်ပေါက်နေသလိုလို ။
ကျောင်းမဆင်းမှီကာလတွေမှာassault ပြိုင်ပွဲ ၊ အောင်စစ်သည်တိုက်စစ် ၊ ကျောင်းဆင်း စစ်ရေးပြ ၊ စစ်ဗျူဟာ စာမေးပွဲ ၊ ကျောင်းဆင်းစာတမ်း စတာတွေ နဲ့ လက်မလည်အောင် အလုပ်တွေ ဇယ်ဆက် နေတော့သည် ။
ကိုယ့်ဂါဒီယမ် ကိုလည် းမကြည့်အားတော့ ... ဗုဒ္ဓရှီး .. ကတော့ ကျွန်တော်မအားတဲ့ ခါ ကော်လာဂျက် ၊ ခါးပတ် တိုက်ပေးတာ အစ ... စစ်ရေးပြ ဓားတိုက်ပေးတာအဆုံး အားလုံး သူလာလုပ်ပေးခဲ့တယ် ...
ကျွန်တော့် ညီ ဂါဒီယမ် ဗုဒ္ဓရှီး က အဲလိုတော့အားကိုး ရတယ် ။ အဲလိုနဲ့ ကျွန်တော်တို့တွေ ကျောင်းပြီးတဲ့ခါ ချစ်ခင် ရတဲ့ မိခင်ကြီး ဒေါ်စိန်အေး နဲ့တကွ ညီငယ်တွေကို ခွဲပြီး သက်ဆိုင်ရာ တပ်အသီးသီးမှာ တာဝန်ထမ်းဆောင်ကြရတယ် ...။
တပ်တွေ မှာ တာဝန်ထမ်းဆောင်ပြီး တစ်နှစ်ကြာတဲ့ အခါ ရင့်ရောင် နဲ့ အင်တိတ်တူ ညီလေး တွေ ကကျောင်းဆင်းလာကြတယ် ။ သူနဲ့ အတူတူ သူငယ်ချင်း ညီလေး က ကျွန်တော့် တာဝန်ကျတဲ့တပ်ကိုရောက်လာတော့
ကျွန်တော့် ဂါဒီယမ် လေး ကို သတိတရ နဲ့ ဒီကောင်ဘယ်လိုလဲ ၊ ဘယ်တပ်မှာတာဝန် ကျလဲ
အမောတကော မေးမိတယ် ။ တပ်ကိုရောက်လာတဲ့ ညီလေး က ကျွန်တော့် ကို မကြည့်ပဲ ခေါင်းကို ငုံ့ လျှက် ...
" အကို့ ဂါဒီယမ် ရင့်ရောင် စာမေးပွဲကျတယ် ... ပြီးတော့ ..." ဆိုပြီး စကား ကို ရပ်ထားသည် ...။
" ပြီးတော့ ဘာဖြစ်လဲ ညီလေး " လို့ ကျွန်တော်ဆက်မေးမိသည် ။
" အကို့ ဂါဒီယမ် ကျွန်တော် ကျောင်းဆင်းတော့ အချုပ်ထဲမှာ ... ညီအထင်တော့ ထောင် ကျမယ်ထင်တယ် " တဲ့ ..။
" ဘာဖြစ်လို့လဲ ညီလေး " လို့မေးရင် ကျွန်တော်ရင်ပူသွားမိသည် ...။
" အကို့ ဂါဒီ ယမ် မှာ ကောင်မလေး ရှိတယ်လေ သိတယ်မလား ..."
"အေး"
" အဲဒီကောင်မလေး က နာ့စ် အဖြစ်နဲ့ ပြင်ဦးလွင် ကိုပြောင်းလာတယ် အကို .... ဒီကောင်က နဂို ကမှ သူ့ကောင်မလေး ကို အတော်ချစ်တော့ .... ဆေးခန်းခဏခဏ လိုက်ပြီး သွားသွားတွေ့တယ် .... တပ်ပြင်ထွက်ခွင့်ရတဲ့ ခါ .... ကောင်မလေး နဲ့
အတူ လျှောက်သွား ၊ အတူလည် ကြပေါ့ အကိုရာ .... ဒါပေမဲ့ ဒီကောင့် မိဘတွေ ဘက်ကရော ၊ ဒီကောင့် ကောင်မလေး မိဘတွေ ဘက်ကရော သူတို့ နှစ်ယောက်ကို သဘောမတူကြဘူး .... သူတို့ ၂ ယောက်လွန်လွန်ကျူးကျူးဖြစ်ပြီး
ကောင်မလေး မှာ ကိုယ်ဝန်ရှိသွားတယ် ...."
" အဲဒီတော့ ဘာဖြစ်လဲ " ကျွန်တော် စိတ်စော စွာ ဆက်မေးမိသည် .....။
" သူ့ ကောင်မလေး ကို မိဘ တွေ ကအိမ်ပြန်ခေါ်တယ် ...ပြင်ဦးလွင် ကနေပြီးတော့ .... ပြီးတော့ ကိုယ်ဝန် ကို ဖျက်ချခိုင်းတယ် ပြောတယ် "
" ဟာ " ကျွန်တော် အရမ်း အံ့ သြသွားမိသည် ။ လူကြီး တွေ သားသမီးပေါ်မှာချစ်တဲ့ အချစ်က လည်း တခါတခါ ..အတ္တ တွေလို ကြောက်ဖို့ ကောင်းလှသည် ။ မလုပ်သင့် မလုပ်ထိုက်သော အလုပ်များကို လုပ်မိသည်အထိပင် ။
" အဲဒီနောက်တော့ .... ရင့်ရောင်ကောင်မလေး ရော ၊ သူ့ကလေး ရော ... လူကြီးရော ကလေး ပါ ဆုံးသွားတယ်အကို "
ကျွန်တော် ရင် ထဲ မှာ ဆို့ လာသည် .... စိတ်ထဲမှာလည်း ကံ ဆိုးလိုက်တဲ့ ငါ့ညီရာ လို့ ရေရွတ်နေမိသည် ....။
အဲဒီနောက် ရင့်ရောင် သူငယ်ချင်း ညီလေး က ဆက်ပြောသည် ...။
" အဲဒါ ဒီကောင်လည်း သိရော .... ညဘက်ကြီး မိထ္ထီလာ ကိုခိုးဆင်းတယ်အကို ... ဒါပေမဲ့ ဒီကောင် ကံ မကောင်းဘူး ၂၁ မိုင်မှာ ပြန်မိတယ် .... အဲဒီတော့ ဒီကောင့်ကို အချုပ်ထဲ မှာ ထည့်ထားတယ် ....
ထမင်းစားဖို့ တံခါး ခဏ ဖွင့် ပေးတဲ့ အချိန်မှာ .... ဒီကောင် ထပ်ပြီး ထွက်ပြေးတယ် .... အဲဒီ အပါတ် က မိုးတွေ နေ့တိုင်းရွာနေတယ် ...ဒီကောင်ထွက်ပြေးပြီး နောက် နေ့ ည မိုးရွာ ကြီးထဲမှာ ပဲ .... သင်းချိုင်း ကနေ သူ့ ကောင်မလေး အုတ်ဂူ ကို သွားဖောက်တယ် "
" ဟာ ... ဖြစ်ရလေ ငါ့ညီရာ... အဲလာက်တောင် ဖြစ်ရသလား " ကျွန်တာ် စိတ်ထဲမှာ တနုံ့ နုံ့ နှင့် ဘယ်လို မှ မကောင်းပါ ။
ညီလေး က ဆက်ပြော တယ်
" အဲ နောက်တော့ သုဿန် စောင့် က တွေ့ သွားပြီးတော့ ... ရဲတွေ နဲ့ ဖမ်းပြီး ... . ပြန်ပို့ပေါ့ အကိုရာ .... သက်ချုပ် တွေ ဘာတွေ ရေးလိုက်တော့ .... စစ်ပြေးမှု ၊ အချုပ်ခန်းဖောက်မှု ၊ အုတ်ဂူဖောက်တာတွေ ရော
ဆိုတော့ ထောင် အများကြီး ကျမယ်ထင်တယ် "
" မိုက်လိုက်တာ ငါ့ညီရာ .... စည်းကမ်းဆိုတာ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ဖို့ အတွက ်စိန်ခေါ်ချက်တွေ ပဲ .... အတတ်နိုင်ဆုံး လိုက် နာကျင့် ကြံ ကြရမှာ.... အရာရာမှာ ကမူးရှူးထိုးမလုပ်ဖို့ .... ရှေ့ နောက်စဉ်းစားဖို့ ... ကြုံရင်ကြုံသလို
အမြဲ ပြောခဲ့တယ် ..... ခုတော့ မင်း စည်းကမ်းမလိုက်နာ တော့ ဘဝထဲ ကပါပြီ ..... နောက်တစ်ကြိမ် ဆိုတာ ပြန်ကြုံ မလာတော့ မဲ့ သင်ခန်း စာမျိုး နဲ့ မင်းဝနဲ့ချီပီးပေးဆပ်ရပီ .... လူလည်းမသတ် .. မကောင်းမှုလည်း မလုပ်ပါပဲနဲ့
မင်း ဥပဒေ ရဲ့ ပစ်ဒဏ် တွေ ခံရတော့မယ် ..." ....စိတ်ထဲမှာတတွတ်တွတ်ပြောနေရင်း တစိမ့်စိမ့် တွေးလိုက်တိုင်း ရင်ထဲမှာဘယ်လို မှ မကောင်းတော့ပါ ။
တပ် က ယာယီ တာဝန် နဲ့ မန္တ လေး ကိုချက်ချင်းသွားရတော့ တွေ့လို့ တွေ့ ငြား ကျွန်တော် ရင့်ရောင် ကိုသွားရှာ မိတယ် ... ခရီးသွားဟန် လွဲ ထည့်လာခဲ့တဲ့ ကျောပိုးအိတ် ဘေး မှာ အယ်ပိုင်းဗူးသေးလေးကလည်းချိတ်လို့ပေါ့ ....
ကျွန်တော် တွေ့ ရပါပြီ .... သံ တိုင်းတွေ လက်ခြား ခတ် ထားတဲ့ အချုပ်ကားပေါ် တက်ခါနီးဆဲ ဆဲ မှာ ... ကျွန်တော် လှမ်းခေါ်လိုက်မိတယ် " ဂါဒီယမ် ...ဗုဒ္ဓရှီးးးးးးး" ......
ပထမ သူ အံ သြ မှင်သက် နေသယောင် မျက်နှာက နေပြီး ယဲ့ယဲ့လေး ပြုံးလာတယ် .... ပြီးတော့ ဖြူဖတ်ဖတ် မျက်နှာလေး ညှိုးပြီး အောက်ကို ငုံ့ သွားခဲ့တယ် .....သူ့လက်မှာ ခတ်ထားတဲ့ စတီး ရောင် လက်ထိပ် ကို ကျွန်တော် တော်တော် ကြာစိုက်ကြည့်နေမိတယ် ....ကျွန်တော့် မျက်လုံး တစုံ က မျက်ရည် တချို့ က အလိုလို ခုန်ဆင်းလာခဲ့ကြတယ် .... သူ့ မျက်နှာကို မပီဝိုးတဝါး ကြည့်နေတုန်းမှာပါ ပဲ..
ခေါင်းငုံ့ လျှက် သူ့ဆီက အသံလေး တစ်သံ ထွက်လာခဲ့တယ် ....
" ကျွန်တော့်ကိုရေတခွက်လောက်တိုက်ပါအကို .."
echo သံတွေ ကကျွန်တော့ ရင်ဘက် ထဲ ညံသွားခဲ့တယ် ....ကျောင်းမှာ သူအပြစ်လုပ်လို့ ပြစ်ဒဏ် ခံရ တိုင် း သူ့ဆီ ကကျွန်တော်ကြားနေကျ စကားသံလေး ....
" ကျွန်တော့်ကိုရေတခွက်လောက်တိုက်ပါအကို .."
" ကျွန်တော့်ကိုရေတခွက်လောက်တိုက်ပါအကို .."
" ကျွန်တော့်ကိုရေတခွက်လောက်တိုက်ပါအကို .."
ကျွန်တော် ကတုံ ကယင် နဲ့ ပဲ ကျောပိုးအိတ်ဘေး မှာ ချိတ်ထားတဲ့ အယ်လ် ပိုင်း ဗူးလေး ကိုဖြုတ် နေမိတယ် ..... ပြီးတော့ ....
" သောက် .... ဟေ့ ကောင်.... သောက် ............တောက် !!... မင်းကွာ....ငါ ဒီလောက် အတန်တန် ပြော ခဲ့ တဲ့ " ....ငိုသံ တွေ တဝက်တပျက် နဲ့ အော်ပစ် ပြီး ... စကားဆုံး ခင်မှာပဲ ကျွန်တော်အသံ တွေ တိမ်ဝင်သွားခဲ့တော့တယ် .....
ကျွန်တော် ပေးတဲ့ ရေဗူး ယူဖို့ လက်ကလေးအတက် ...ပူစပ်စပ် နေမင်း ကြီးရဲ့ အောက် က စတီးရောင် ဖျက်ကနည်းအလက် မှာ ကျွန်တော်ရင်တွေ ဟက်တက် ကွဲသွားခဲ့တယ်......။
ဘယ်ချိန်က ကျွန်တော့်လက်ထဲ ပြန်ရောက်နေခဲ့ မှန်းမသိတဲ့ ရေဗူးလေး ကို သတိရောက်သွားတဲ့ခါ မှာတော့ .... အချုပ်ကားကြီး ရဲ့ အရိပ် က ရေဗူးလေး နံရံ က နေတဖြေးဖြေး ထွက်ပြေး သွားနေ ခဲ့ တော့ တယ် ....။
Credit :Min Thu(ရုပ်ဆိုး)-
0 comments:
Post a Comment