Sunday, September 23, 2018

မုိင္းတံုၿမိဳ႕၊ ၿမိဳ႕မ မဂၤလာေမြေတာ္ေက်ာင္းတုိက္မွ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္မႈႏွင့္ ေျမထိန္းနံရံ ေဆာက္လုပ္ေနမႈအား ၾကည့္႐ႈ

မုိင္းတံုၿမိဳ႕၊ ၿမိဳ႕မ မဂၤလာေမြေတာ္ေက်ာင္းတုိက္မွ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္မႈႏွင့္ ေျမထိန္းနံရံ ေဆာက္လုပ္ေနမႈအား ၾကည့္႐ႈ 

ေနျပည္ေတာ္ စက္တင္ဘာ ၂၃

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊မုိင္းတံုၿမိဳ႕၊ၿမိဳ႕မမဂၤလာေမြေတာ္ေက်ာင္းတိုက္မွ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား စက္တင္ဘာ ၂၂ ရက္ နံနက္ပုိင္းတြင္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်ာင္းတုိက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္ သံုးပါးႏွင့္ ေဒသခံ ျပည္သူ ၁၄ဝ ဦးတို႔ကို ေသြးတုိးေရာဂါ၊ ႏွလံုးေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းဆုိင္ရာ ေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါ၊ သြားေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကုိ တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ၿမိဳ႕မမဂၤလာေမြေတာ္ ေက်ာင္းတုိက္ ဆရာေတာ္ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲစာရိႏိၵအား ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းသည္။

ထို႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ မုိင္းခုတ္ၿမိဳ႕နယ္၊ ဝမ္ေကာင္းေက်းရြာအုပ္စု၊ ႐ႈခင္းသာ (၂)ေက်းရြာရွိ ေထရဝါဒဗုဒၶသာ သနာျပဳေက်ာင္း၌ ေဆာက္လုပ္လ်က္ရွိေသာ အရွည္ ၁၂၅ ေပ၊ အျမင့္ ၄ ေပခြဲရွိ ေျမထိန္းနံရံေဆာက္လုပ္ေနမႈမ်ား ၾကည့္႐ႈၿပီး ေထရဝါဒ ဗုဒၶသာသနာျပဳေက်ာင္း ဆရာေတာ္ ဘဒၵႏၲဝါယမႏွင့္ သိႏိၲသုခေနာင္တံုေက်ာင္း တုိက္ဆရာေတာ္ ဘဒၵႏၲဇနကတုိ႔အား ဖူးေျမာ္ကာ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မိုင်းတုံမြို့၊ မြို့မ မင်္ဂလာမွေတော်ကျောင်းတိုက်မှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်မှုနှင့် မြေထိန်းနံရံ ဆောက်လုပ်နေမှုအား ကြည့်ရှု


နေပြည်တော် စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းတုံမြို့၊မြို့မမင်္ဂလာမွေတော်ကျောင်းတိုက်မှ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် သုံးပါးနှင့် ဒေသခံ ပြည်သူ ၁၄ဝ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ သွားရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး မြို့မမင်္ဂလာမွေတော် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစာရိန္ဒိအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မိုင်းခုတ်မြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ (၂)ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာ သနာပြုကျောင်း၌ ဆောက်လုပ်လျက်ရှိသော အရှည် ၁၂၅ ပေ၊ အမြင့် ၄ ပေခွဲရှိ မြေထိန်းနံရံဆောက်လုပ်နေမှုများ ကြည့်ရှုပြီး ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တဝါယမနှင့် သိန္တိသုခနောင်တုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဇနကတို့အား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment