Saturday, September 29, 2018

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စု ကားလမ္းမႀကီးအား TNLA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လမ္းေၾကာင္း ပိတ္ဆို႔ ဆက္ေၾကး ေကာက္ခံ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စု ကားလမ္းမႀကီးအား TNLA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လမ္းေၾကာင္း ပိတ္ဆို႔ ဆက္ေၾကး ေကာက္ခံ 

ေနျပည္ေတာ္ စက္တင္ဘာ ၂၉ 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ မန္ၿပိန္းေက်းရြာ အနီးရွိ ျပည္ေထာင္စု ကားလမ္းမႀကီးေပၚ၌ ယေန႔ နံနက္ပိုင္းတြင္ TNLA အၾကမ္းဖက္ ေသာင္းက်န္းသူ အင္အား ၅ဝ ဦးခန္႔က ေမာ္ေတာ္ယာဥ္မ်ား အားရပ္တန္႔၍ လမ္းေၾကာင္းပိတ္ဆို႔ကာ ဆက္ေၾကး ေကာက္ခံလ်က္ရွိေၾကာင္း သတင္းအရ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက သြား ေရာက္ ရွင္းလင္း ခဲ့ရာ ညေနပိုင္းတြင္ ေက်းရြာ၏ အေရွ႕ေျမာက္ဘက္သို႔ ဆုတ္ခြာသြားခဲ့သည္။

အလားတူ ယေန႔ေန႔လယ္ပိုင္းတြင္လည္း မူဆယ္ၿမိဳ႕နယ္ နမ့္အြန္ေက်းရြာအနီးတစ္ဝိုက္ရွိ ျပည္ေထာင္စုကား လမ္းမႀကီးေပၚ၌ TNLAအၾကမ္းဖက္ေသာင္းက်န္းသူအင္အားတခ်ဳိ႕က ဆက္ေၾကးေကာက္ခံရန္အတြက္ လမ္း ေၾကာင္း ပိတ္ဆို႔ ထားေသာ ေၾကာင့္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ရွင္းလင္းလ်က္ရွိသည္။ ျပည္ေထာင္စု ကားလမ္းမႀကီးတစ္ေလွ်ာက္ ျပည္သူမ်ား ပံုမွန္အတိုင္းျပန္လည္ သြားလာႏိုင္ေရးအတြက္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက နယ္ေျမလံုၿခံဳေရးလုပ္ငန္းမ်ား ဆက္လက္ကူညီေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု ကားလမ်းမကြီးအား TNLA အကြမ်းဖက် သောင်းကျန်းသူများက လမ်းကြောင်း ပိတ်ဆို့ ဆက်ကြေး ကောက်ခံ

နေပြည်တော် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် မန်ပြိန်းကျေးရွာ အနီးရှိ ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ယနေ့ နံနက်ပိုင်းတွင် TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်က မော်တော်ယာဉ်များ အားရပ်တန့်၍ လမ်းကြောင်းပိတ်ဆို့ကာ ဆက်ကြေး ကောက်ခံလျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွား ရောက် ရှင်းလင်း ခဲ့ရာ ညနေပိုင်းတွင် ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

အလားတူ ယနေ့နေ့လယ်ပိုင်းတွင်လည်း မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာအနီးတစ်ဝိုက်ရှိ ပြည်ထောင်စုကား လမ်းမကြီးပေါ်၌ TNLAအကြမ်းဖက်သောင်းကျန်းသူအင်အားတချို့က ဆက်ကြေးကောက်ခံရန်အတွက် လမ်း ကြောင်း ပိတ်ဆို့ ထားသော ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းလျက်ရှိသည်။ ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ပြည်သူများ ပုံမှန်အတိုင်းပြန်လည် သွားလာနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment