Tuesday, September 4, 2018

ေရေဘးေရွာင္ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္၊ ရထားစီးခရီးသည္မ်ားအား ေရတာရွည္ၿမိဳ႕ဘူတာႏွင့္ ဆြာၿမိဳ႕ဘူတာ အၾကား တပ္မေတာ္မွ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ပုိ႔ေဆာင္


ေနျပည္ေတာ္ စက္တင္ဘာ ၃

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ အမွတ္(၁ဝ)ရပ္ကြက္ရွိ အုတ္ကြၽတၱန္း အေျခခံပညာ အလယ္တန္းေက်ာင္းခြဲ၌ ေခတၱေျပာင္းေရႊ႕ေနထုိင္လ်က္ရွိသည့္ ေရေဘးေရွာင္ ျပည္သူမ်ားအား ယေန႔တြင္ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။


ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေရေဘးေရွာင္ျပည္သူ ၁၈၅ ဦးတုိ႔ကို ေသြးတုိးေရာဂါ၊ ႏွလံုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ တုပ္ေကြးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္လုိအပ္ေသာ လူနာရွစ္ဦးအား ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ေရတုိုက္စားမႈေၾကာင့္ ရထားစီးခရီးသည္မ်ား အဆင္ေျပစြာ သြားလာႏုိင္ရန္ ေရတာရွည္ႏွင့္ ဆြာဘူတာအၾကား၌ တပ္မေတာ္မွ City Bus ေမာ္ေတာ္ယာဥ္ ၁၈ စီးျဖင့္ ပို႔ေဆာင္ေပးလ်က္ရွိရာ ယေန႔နံနက္ပုိင္းတြင္ ဆုိက္ေရာက္သည့္ ရန္ကုန္-မႏၲေလး အဆန္ရထားခရီးစဥ္ အမွတ္(၃)မွ ခရီးသည္ ၃၁၅ ဦးႏွင့္ ရထားဝန္ထမ္း ၂ဝ ဦး၊ မႏၲေလး-ရန္ကုန္အစုန္ရထားခရီးစဥ္ အမွတ္(၄)မွ ခရီးသည္ ၃၅၈ ဦးႏွင့္ ရထားဝန္ထမ္း၁ဝ ဦးတုိ႔ကုိလည္းေကာင္း၊ ေန႔လယ္ပုိင္းတြင္ စေရာက္သည့္ ရန္ကုန္-မႏၲေလး အဆန္ရထားခရီးစဥ္အမွတ္(၁၁)မွ ခရီးသည္ ၂၈၁ ဦးႏွင့္ ရထားဝန္ထမ္း ၁ဝ ဦး၊ မႏၲေလး-ရန္ကုန္အစုန္ရထားခရီးစဥ္အမွတ္(၁၂)မွ ခရီးသည္ ၂၅၅ဦးႏွင့္ ရထားဝန္ထမ္း ၁ဝ ဦးတုိ႔ကို လည္းေကာင္း ဆြာၿမိဳ႕ဘူတာႏွင့္ ေရတာရွည္ၿမိဳ႕ဘူတာတုိ႔အၾကား အျပန္အလွန္ ပုိ႔ေဆာင္ေပးသည္။

ထုိ႔ျပင္ ေရတာရွည္ၿမိဳ႕နယ္၊ မွန္စီေက်းရြာ၊အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ ေရဝင္ေရာက္ခဲ့မႈေၾကာင့္ တင္က်န္ခဲ့သည့္ ႏုန္းေျမမ်ား၊ အမႈိက္မ်ား၊ သစ္ပင္သစ္ကုိင္းမ်ားႏွင့္ခ်ဳံႏြယ္ေပါင္းျမက္မ်ား ရွင္းလင္းျခင္း၊ ေက်ာင္းဝင္းအတြင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ား လတ္တေလာအသံုးျပဳႏုိင္ရန္ လမ္းမ်ားျပဳျပင္ေပးျခင္းႏွင့္ ေက်ာင္းဝင္း အတြင္းအျပင္ သန္႔ရွင္းေရး ျပဳလုပ္ျခင္းတုိ႔ကို ေတာင္ငူတပ္နယ္ႏွင့္ ေရတာရွည္တပ္နယ္တုိ႔မွ တပ္မေတာ္သားမ်ားက စုေပါင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ရေဘေးရှောင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ ရထားစီးခရီးသည်များအား ရေတာရှည်မြို့ဘူတာနှင့် ဆွာမြို့ဘူတာ အကြား တပ်မတော်မှ မော်တော်ယာဉ်များဖြင့်ပို့ဆောင်

နေပြည်တော် စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁ဝ)ရပ်ကွက်ရှိ အုတ်ကျွတ္တန်း အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးရှောင် ပြည်သူများအား ယနေ့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ရေဘေးရှောင်ပြည်သူ ၁၈၅ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာရှစ်ဦးအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ထို့ပြင် ရေတိုက်စားမှုကြောင့် ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာအကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထားခရီးစဉ် အမှတ်(၃)မှ ခရီးသည် ၃၁၅ ဦးနှင့် ရထားဝန်ထမ်း ၂ဝ ဦး၊ မန္တလေး-ရန်ကုန်အစုန်ရထားခရီးစဉ် အမှတ်(၄)မှ ခရီးသည် ၃၅၈ ဦးနှင့် ရထားဝန်ထမ်း၁ဝ ဦးတို့ကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် စရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထားခရီးစဉ်အမှတ်(၁၁)မှ ခရီးသည် ၂၈၁ ဦးနှင့် ရထားဝန်ထမ်း ၁ဝ ဦး၊ မန္တလေး-ရန်ကုန်အစုန်ရထားခရီးစဉ်အမှတ်(၁၂)မှ ခရီးသည် ၂၅၅ဦးနှင့် ရထားဝန်ထမ်း ၁ဝ ဦးတို့ကို လည်းကောင်း ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ဘူတာတို့အကြား အပြန်အလှန် ပို့ဆောင်ပေးသည်။

ထို့ပြင် ရေတာရှည်မြို့နယ်၊ မှန်စီကျေးရွာ၊အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ရေဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်များ၊ သစ်ပင်သစ်ကိုင်းများနှင့်ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ လတ်တလောအသုံးပြုနိုင်ရန် လမ်းများပြုပြင်ပေးခြင်းနှင့် ကျောင်းဝင်း အတွင်းအပြင် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို တောင်ငူတပ်နယ်နှင့် ရေတာရှည်တပ်နယ်တို့မှ တပ်မတော်သားများက စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment