ရေးသားသူ - ဗမက ခင်မောင်သိန်း (ငြိမ်း)
-------------------------- --------------

၁၉၉၅-ခုနှစ်ဆန်းပိုင်းမှာ.အ မေရိကန်နိုင်ငံက.Dr Mark Osanka ဆိုသူထံကနေ.ပေးပို့တင်ပြတဲ့ စာတစောင်.လက်ခံရရှိခဲ့တယ်.အဲဒီအချိန်.ကျနော်က.ကက(လှမ်း )၊ ဦးစီး(ပ)(ပြည်ပဆက်ဆံရေးဌာန )ဆိုတော့.တိုက်ရိုက်သက်ဆိုင်နေသပေါ့..
သူ့စာထဲမှာ.ပါတာမှတ်မိသလောက်.ပြန်ပြောရရင်..သူဟာ ဒုတိယကမ္ဘာစစ်အတွင်း.မြန်မြာ ပည်မြောက်ပိုင်းစစ်မြေပြင်နဲ့ဂျပန်တွေသိမ်းယူထားတဲ့မြစ်ကြီးနားမြို့ကို.ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပေးခဲ့တဲ့ .အမေရိကန်မဟာမိတ်တပ်ဖွဲ့တခုဖြစ်တဲ့..ဗိုလ်ချုပ် စတီးဝဲလ်(General Steel Well)လက်အောက်ခံ Merrill’s Marauders တပ်ဖွဲ့ထဲက စစ်သည်ဝင်ဟောင်းတဦးဖြစ်ပါသ တဲ့၊ (အခုတော့.စာရေးဆရာ/ စာအုပ်ထုတ်လုပ်ရေးအလုပ်လုပ်ေ နတယ်ဆိုပါတယ်)
မူလက သူတို့ Merrill’s Marauders အဖွဲ့ဝင်စုစုပေါင်း အယောက်(၂၀၀၀)လောက်ရှိခဲ့ပေမ ယ့်.အခုအခါ ဆယ်ဂဏန်းမျှသာ.အသက်ရှင်ကျန် ရစ်တော့သတဲ့၊ ဒီထဲက.၂၂-ယောက်လောက်က.မသေခင်မြန်မာပြည်ကိုအလွမ်းပြေလာချင်ကြလို့ပါတဲ့
(အဲဒီအချိန်တုန်းက.တချို့ဆိုရင်.ကချင်အမျိုးသမီးတွေနဲ့ ရည်းစားသညာဖြစ်သလို.ညားတောင်ညားခဲ့ကြသေးသတဲ့.)
သူတို့ဟာနိုင်ငံရေးသမားတွေမ ဟုတ်ဘဲ.US Army လက်အောက်က.စစ်သားသက်သက်တွေသာဖြစ်ပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအပေါ်သစ္စာထားသူ တွေချင်း.နားလည်တဲ့အတွက်.မြ န်မာ့တပ်မတော်ရဲ့လုပ်ရပ်မှန်သမျှကိုလုံးဝထောက်ခံအားပေး ပါသတဲ့..
တခါ-သူတို့တွေဟာ ဝါရင့်စစ်မှုထမ်းဟောင်းကြီး တွေမို့.မကြာခန.အမေရိကန်သမ္မ တ(ကလင်တန်)နဲ့အခန်းအနားတချို့မှာဆုံတွေ့လေ့ရှိသတဲ့..အဲ့ သလိုဆုံတွေ့တဲ့အခါတိုင်း.( မြန်မာ့)တပ်မတော်အစိုးရအပေါ် .မတော်မတရားမလုပ်ဖို့.အမြဲတ မ်းတားမြစ်သတိပေးလေ့ရှိခဲ့ပါသတဲ့.
အခု-သူတို့အဖွဲ့ဝင်၂၂-ဦး. လူ့သက်တမ်းမကုန်ဆုံးခင်.မြန်မာနိုင်ငံကိုလာရောက်လည်ပတ် ရင်း.ခွင့်ပြုပါက.တပ်မတော်ေ ခါင်းဆောင်များကို.ဂါရဝပြုေ တွ့ဆုံလိုပါသတဲ့.သူတို့အသက် တွေက.အငယ်ဆုံး ၆၆-နှစ်နဲ့အကြီးဆုံး ၇၃-နှစ်ဖြစ်ကြပါသတဲ့.
ထူးခြားတာကတော့.အခုလာကြမယ့် သူတို့ထဲက ၁၆-ယောက်လောက်က.လေထီးဆင်းသက်ဖူးသူတွေဖြစ်တာကြောင့်.မြန်မာ့တပ်မတော်နဲ့ချစ်ကြည်သွေးစည်းမှုပြတဲ့အနေနဲ့.စစ်သုံး လေထီးအတူတူခုန်ချင်ကြပါသတဲ့ .ဒါကြောင့်.သူတို့စစ်သည်ဟော င်းကြီးတွေရဲ့နောက်ဆုံးဆန္ဒများကိုဖြည့်ဆည်းပေးစေလိုကြောင်းစ,သဖြင့်.အတော်ကြီးပြည့် ပြည့်စုံစုံရေးသားထားပါတယ် ..
ကျနော့်အနေနဲ့.ဒီကိစ္စကို.အထ က်ကိုဆက်လက်တင်ပြသင့်/ မသင့်ဆုံးဖြတ်ဖို့တာဝန်.ကျရောက်လာတာမို့.စဉ်းစားရပါတော့ တယ်.
သည်လိုနဲ့.Mr Osanka ကို.ရန်ကုန်ခနလာပြီး.အသေးစိ ပ်ထပ်ရှင်းပြဘို့.အကြောင်ြး ကားလိုက်တဲ့အခါ.သူတကယ်အပြေး အလွှားရောက်လာပြီး.အသေးစိပ်ထ ပ်မံရှင်းပြပါတယ်.ကျနော်ကလည်း ကျနော်အစိုးရိမ်ဆုံးဖြစ်တဲ့ .စစ်ဖက်လေထီးခုန်မယ့်ကိစ္စကိုအဓိကမေးခဲ့ပါတယ်.
တကယ်တော့.စစ်သုံးလေထီးဆိုတာ က.သိထားသလောက် ကျဆင်းနှုံး(Descending Rate)တစက္ကန့်ကို ၂၄-ပေ(24 ft/ sec)ဖြစ်တဲ့အတွက်.အတော်ကြီြး မန်ပါတယ်.လေ့ကျင့်မထားရင်.အ ကျမတော်ရင်(မလှိမ့်တတ်ရင်). ကျိုးပဲ့နိုင်ပြီး.အခန့်မသင့်ရင်.အသက်အန္တရာယ်တောင်ရှိပါတယ်.သူအပြောအရ.သူတို့တွေက. အမေရိကမှာ.မကြာခနခုန်လေ့ရှိ ပါသတဲ့.ဒါနဲ့.ဒီမှာမခုန်ခင် .ဆန်းစစ်တဲ့အနေနဲ့ ၃၅-ပေစင်မြင့်ကနေခုန်နိုင်မ လားမေးတော့.ခုန်ပြမယ်လို့ြေ ဖခဲ့ပါတယ်..
(၁၉၇၆/၇၇-ခုနှစ်.ကျနော် ကြည်း/ရေ/ လေ ပူးပေါင်းစစ်ဆင်ရေးသင်တန်းအမှတ်စဉ်-၂၆ တက်ရောက်ခဲ့တုန်းက.၃၅-ပေစင် မြင့်ကနေ.လေထီးခုန်လေ့ကျင့် ခဲ့ရပါတယ်.)
တိုတိုပြောရရင်.နောက်ဆုံး.အ ထက်ကိုဆက်တင်ပေးဘို့ဆုံးဖြတ်လိုက်ပြီး.ကျနော့်ရဲ့Boss( ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့်) ထံ.အကျိုးအကြောင်း/ ထောက်ခံမှုနဲ့တကွ.တင်ပြလိုက် တော့.သူကချက်ချင်းသဘောတူပေး ပါတယ်.ဒါပေမယ့်.လေထီးခုန်မယ့်ကိစ္စက.ဒု-တပ်ချုပ်(ကြည်းချုပ်)နဲ့သက်ဆိုင်တာမို့..သူ့ သဘောထားကိုသွားမေးအုန်းဆို လို့.ဗိုလ်ချုပ်ကြီး မောင်အေးရှိရာ.ကက(ကြည်း)ဖက် သွားရောက်ရပြန်ပါတယ်.
ဗိုလ်ချုပ်ကြီး အေးကို.ကျနော်က.နှစ်နိုင်ငံ တပ်မတော်ချစ်ကြည်ရေးသာမက.လေ ထီးခုန်အတွေ့အကြုံ/ ဗဟုသုတချင်းလည်းဖလှယ်နိုင်မယ့်အပြင်.နိုင်ငံရေးအမြတ်ပါ. ရရှိနိုင်သမို့.ခွင့်ပြုသင့် ပါကြောင်းတင်ပြတဲ့အခါ..သူက -ဆတ်ကနဲလှမ်းကြည့်ရင်း-
"ဒီမှာ.ဗိုလ်.......မင်းမှတ်ထား.ငါတို့ကနိုင်ငံရေးသမား တွေမဟုတ်ဘူးကွ.စစ်သားတွေ..ဒါကြောင့် ဘာနိုင်ငံရေးအမြတ်အစွန်းမှမ လိုအပ်ဘူး.သူတို့ကစစ်သားဟော င်းကြီးတွေဆိုတော့.ဒို့စစ်သားအချင်းချင်းအနေနဲ့.မင်းလု ပ်ပေးနိုင်တာ.အားလုံးလုပ်ပေးလိုက်.ငါထူးထူးထွေထွေဘာမှမ ပြောလိုဘူး.လေထီးခုန်ချင်တာ လည်း.မှော်ဘီနဲ့ညှိပေးလိုက် .အန္တရာယ်မဖြစ်ရင်.မသေရင်ပြီးရော.ဟုတ်ပလား?"
"ဟုတ်-ရပါပြီခမျ..နောက်ပြီး ..သူတို့က.မပြန်ခင် ဗိုလ်ချုပ်ကြီးကိုလည်းဂါရဝြ ပုချင်ပါတယ်တဲ့.သူတို့အားလုံးက.US Army အောက်ကခမျ.ဗိုလ်ချုပ်ကြီး.အ မေရိကမှာ Ranger Course တက်ခဲ့တာလည်း.သိထားကြပါတယ်ခ မျ.အဲဒါ..."
"အေး.တွေ့ချင်ရင်တွေ့တာပေါ့ .မင်းစီစဉ်လိုက်.ဒါဘဲမို့လား.သွားတော့"
"ဟုတ်"
အားလုံးအဆင်ပြေပြီမို့.ထပ်ြ ပီးလျှာမရှည်တော့ဘဲ.ဒု-တပ်ချုပ်ကို.အလေးပြုပြီး.သူ့အခန်းထဲကနေထွက်ခွာလာခဲ့တယ်..ကက (လှမ်း) ပြန်ရောက်တဲ့အခါ.Mr Osanka ထံ.ပေါ့ပေါ့ပါးပါးအကြောင်ြး ကားလိုက်ပါတော့တယ်..
တိုတိုပြောရရင်.မကြာမီ.သူတို့ Merrill’s Marauders အဖွဲ့ဝင်.စစ်သည်ဟောင်းအဖိုး ကြီးတွေအားလုံး..ခလေးပေါက်စ တွေလို.ပျော်ရွှင်ဝမ်းမြောက် စွာ.ရန်ကုန်ကိုရောက်ရှိလာခဲ့ ကြတယ်.(အင်းလျားလမ်းနဲ့သံလွင်လမ်းဒေါင့်က. Winner Inn မှာ.တည်းခိုခဲ့ကြတယ်)
လေထီးခုန်မယ့်သူတွေကို.လေထီးသင်တန်းကျောင်းနဲ့ဆက်သွယ်ြ ပီး ၃၅-ပေစင်မြင့်ကနေစမ်းသပ်ခုန်စေနိုင်ခဲ့သလို.နောက်တနေ့မှာလည်း.မှော်ဘီလေထီးကွင်းမှာ.ဖော်ကာလေယာဉ်ပေါ်ကနေ..တပ်မ တော်လေထီးသမားတွေနဲ့အတူချစ် ကြည်ရေး Friendship Jump အဖြစ်.ခုန်စေနိုင်ခဲ့ပါတယ်. အကျမတော်.ခြေချော်လို့.တယော က်ခြေကျိုးသွားခဲ့တာကလွဲရင် .အားလုံးအဆင်ပြေခဲ့ပါတယ်.အောင်မြင်ခဲ့ပါတယ်.
(ခြေကျိုးတာတောင်.စိတ်မညစ်ဘဲ.စစ်လေထီးခုန်ရလို့.သိပ်ပျော်ရပါတယ်တဲ့ဗျာ.အံ့ရော)
ညပိုင်းမှာ သူတို့အားလုံးကို..အစ္စရေးလ် ပြန်ဝါရင့်လေထီးသမားကြီးဖြစ်တဲ့.ရန်ကုန်မြို့တော်ဝန် ဦးကိုလေး(ဗိုလ်မှူးကြီး၊ ငြိမ်း)က.မြို့တော်စည်ပင်ဂေါက်ကွင်းလေသာဆောင်မှာ.ချစ်ြ ကည်ရေးညစာစားပွဲနဲ့တည်ခင်းဧ ည့်ခံခဲ့သေးသမို့..သူတို့အေ မရိကန်စစ်သားဟောင်းကြီးတွေ. ပျော်ရွှင်မဆုံးဖြစ်လိုက်ကြတာ.တချို့ဆို.မျက်ရည်များတော င်ဝေ့လို့...ပြောရရင်.အရာရာ အောင်မြင်ခဲ့ပါတယ်.
သို့သော်လည်း..သို့သော်လည်း ပေါ့..
အခြားနေရာတွေလည်ပတ်ပြီး.သူတို့မြန်မာနိုင်ငံကနေပြန်လည် ထွက်ခွာမယ့်နေ့မနက်ပိုင်း.ဒ ဂုန်ရိပ်သာမှာ.ဒု-တပ်ချုပ်နဲ့တွေ့ဆုံခါနီးကျမှ..ပြဿနာစ ,တက်တော့တာပါဘဲ..
ဒဂုန်ရိပ်သာတွေ့ဆုံခန်းမှာဧ ည့်သည်ထိုင်ရမယ့်ဆိုဖာထိုင် ခုံက.၆-ခုံဘဲရှိသမို့ သူတို့ထဲက Senior အကျဆုံးသူ ၆-ဦးဘဲလာခဲ့ပါလို့ညွှန်ကြား ထားခဲ့တာကို.တကယ်လာတော့..၂၂ -ယောက်စလုံး တပြွတ်တပြုံကြီး.ဘတ်စ်ကားကြီးနဲ့ရောက်ချလာတယ်..
ဂိတ်အဝင်ဝ,က RP(တပ်ရဲ)က.ကားကြီးအဝင်မခံေ တာ့.အဖိုးကြီးတွေအားလုံး.ဘတ်စ်ကားပေါ်ကနေဆင်း.ဆူညံဆူညံနဲ့လမ်းလျှောက်ရင်း.ဒဂုန်ရိပ်သာဧည့်သည်နားနေဆောင်ထဲဝင်လာကြတယ်.ပါစပ်ကလည်း ကျနော့်နာမည်အော်ခေါ်နေကြလို့ .အမြန်ထွက်ကြိုပြီး."ဘာဖြစ်ကြတာလဲကောင်လေးတွေ"-လို့မေးရတော့တယ်..
(ကျနော်က သူတို့ကို Young Boys တွေလို့ခေါ်တာကို.သူတို့က.သေ ဘာကျကြလို့)
အဲသည်အခါကျမှ Dr Osanka က.ပြဿနာကိုပြောပြတယ်.၆-ယောက်ရွေးတာ.ရွေးမရဘူး.အားလုံး ကြည်းချုပ်(ဒု-တပ်ချုပ်)နဲ့ တွေ့ချင်/ လက်ဆွဲနှုတ်ဆက်ချင်/ ဓာတ်ပုံတွဲရိုက်ချင်ကြလို့တဲ့ ဗျာ..
အဲသည်အခါကျမှ.ကျနော်လည်း.ကိုယ့်နဖူးကိုယ်ရိုက်ရင်း"ဟို က်-သောက်ဂွဘဲ..တကယ့်ပြဿနာပါ့ လား"ဆိုပြီးစိတ်ညစ်သွားတော့ တယ်..
တွေ့ဆုံရမယ့် ၉:၀၀ နာရီထိုးခါနီးမှာ.ကြည်းချုပ်(ဗိုလ်ချုပ်ကြီး မောင်အေး)ရောက်လာပြီး.အပြင် က.ဆူညံငြင်းခုံသံတွေကြားလို့ ထင်ရဲ့.ကျနော့်ကိုအခန်းထဲခ နလာဘို့ခေါ်ပြီးမေးတယ်..
ကျနော်ကလည်းမရဲတရဲရှင်းပြလိုက်ရင်း.ဦးဏှောက်ခြောက်ရြေ ကာင်းပြောလိုက်တဲ့အခါ.သူက-
"ဟေ့ရောင်.မင်းဦးဏှောက်ခြောက်ခံမနေနဲ့.ဒီကောင်တွေကိုေ ပြာလိုက်..ကြမ်းပြင်ပေါ်ထိုင်နိုင်ရင်(ဒါမှမဟုတ်)နံရံဘေးမှာမတ်တပ်ရပ်နိုင်ရင်.အားလုံးဝင်ခွင့်ပြုတယ်လို့.ဟုတ် ပလား.သွားပြော"
"ဟုတ်"
ကိုယ့်နားတောင်ကိုယ်မယုံဘူး .ဟုတ်ရဲ့လားလို့.ကျနော်အပူလုံးကြီးကျသွားသလို.ပြုံးစစနဲ့ထွက်လာပြီး..
"Okay!..Listen! Youu Young Boys! The General has just granted permission for all of you to get in, ‘if’...I said ‘if’, you guys can sit on the floor, as available seats are really limited “
သူတို့အားလုံးတပြိုင်တည်း.ထ ,အော်ကြတယ်-
"Whoooo..We’ll sit on the floor, no sweat KMT!”
ထပ်ပြီးတိုတိုပြောရရင်.တွေ့ ဆုံမှုခန်းမ(Call Room)ထဲကို Merrill’s Marauders အဖွဲ့တခုလုံး.စုပြုံဝင်ရောက်ပြီး.ဆိုဖာပေါ်ထိုင်သူထိုင် .ကြမ်းပြင်ပေါ်လှဲသူလှဲနဲ့.စ ကားတွေဖောင်ဖွဲ့လိုက်ကြတာ.တ ရားဝင်တွေ့ဆုံမှု(Call)ထက်.စ စ်သားများဆုံဆည်းမှု(Gather ing)နဲ့ပိုတူသွားခဲ့ပါတယ်..
(ကိုယ့်လူကြီး.ဟက်ဟက်ပက်ပက် .ပြုံးတာ.ရီတာလည်း.ဒီတခါဘဲေ တွ့ဘူးပါတယ်)
အတန်ကြာပြောကြဆိုကြ.ကျေးဇူး တင်ကြ.လက်ဆောင်ချင်းလဲကြ..နှုတ်ဆက်ကြပြီးတဲ့နောက်.စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အခါ.. ကျနော်သက်ပြင်းချနိုင်ခဲ့ပါ တော့တယ်.မကြာမီတာဝန်ကြီးတရပ်.ချောမောစွာပြီးဆုံးသွားတော့မှာမို့လား..
ဒါပေမဲ့.ဒါပေမဲ့ပေါ့ဗျာ.Dut y Accomplished ဖြစ်ခါနီးကျမှ.အရေးထဲအရာထပ် ပေါ်လာပါလေရော.
သူတို့တတွေအားလုံး.ပြန်ထွက် ခါနီး.တန်းစီလျက်.ဗိုလ်ချုပ်ကြီး မောင်အေးကိုလက်ဆွဲနှုတ်ဆက်တဲ့အခါ.တယောက်သောသူက.ဗိုလ်ချုပ်ကြီးရဲ့ယူနီဖောင်းအင်္ကျီရင်ဘတ်မှာတပ်ဆင်ထားတဲ့လေထီးတံ ဆိပ်(wing)ကို.အမှတ်တရ(Souv enir)အနေနဲ့ပေးဘို့တောင်းတာ ကြောင့်.ဗိုလ်ချုပ်ကြီးမောင်အေးက.ပြုံးရွှင်ကြည်ဖြူစြွာ ဖုတ်ပေးခဲ့ပါတယ်..
ဒါကို.ကျန်တဲ့သူတွေအားလုံးက တွေ့မြင်သွားပြီး.အင်္ကျီရင်ဘတ်ပေါ်မှာတပ်ထားတဲ့.ကျန်တဲ့အြ ခားတံဆိပ်တွေအပြင်.ပုခုံးပေါ်က.ကြယ်တွေ(ဘားတံဆိပ်တွေ).ေ တာဆောင်းဦးထုပ်(Jungle Hat)နဲ့နိုင်ငံတော်တံဆိပ်.ခါးပါတ်.အားလုံးကိုပါ Souvenirs အနေနဲ့တောင်းယူ/ ဖြုတ်ယူသွားခဲ့ကြတာကြောင့်.ဗိုလ်ချုပ်ကြီးတယောက်.အင်္ကျီပေါ်မှာ.ဘာတခုမှမကျန်တော့ဘဲ.ရဲ ဘော်သစ်အင်္ကျီဝတ်ထားသလို.ဖြစ် ခဲ့ပါတော့တယ်.(သူကတော့.ရယ်ေ မာလျက်)
ကျနော်ကသူတို့အဖွဲ့တွေကို.လူကြီးကိုဒီလိုမလုပ်ဖို့တာြး မစ်ပေမဲ့.ဗိုလ်ချုပ်ကြီးက.. "ထားလိုက်ပါတော့ကွာ..အသက်တွေကြီးနေပြီဆိုတော့.တခါတရံ.ေ ပျာ်ကြရွှင်ကြပါစေ.သူတို့မှာ .ပျော်စရာအချိန်သိပ်မကျန်တော့ဘူး..ရှိပါစေတော့"-တဲ့.
နောက်ပြီး.ပစ္စည်းတွေ.တံဆိပ် တွေကို.အဝေမတည့်လို့ငြင်းခုံနေကြတဲ့.Marauders စစ်သားဟောင်းကြီးတွေကိုကြည့် ပြီး..ကျနော့်ကိုအမိန့်ပေး ခဲ့ပါတယ်-
"မင်း.Col GS နဲ့ထောက်ချုပ်ကို.ခနနေဆက်သွ ယ်ပြီး.အခုဧည့်သည် ၂၂-ယောက်လုံးအတွက်.ဒို့လေထီးတံဆိပ်, Airforce Wing, Diver တံဆိပ် One Set စီနဲ့တောဆောင်းဦးထုတ်၊ ဘယ်ရီစိမ်းဦးထုတ်တလုံးစီကိုနိုင်ငံတော်တံဆိပ်တပ်အပြီး .ခုညနေလေဆိပ်မဆင်းခင်အမှီ.လ က်ဆောင်ပေးနိုင်အောင်.စီစဉ် ပေးဘို့ပြောလိုက်ကွာ."တဲ့လေ ..
ဒါကိုကြားတော့.သူတို့အားလုံး.ဟေးးးလို့အော်ဟစ်ကြပြီး.ဗိုလ်ချုပ်ကြီးကိုထပ်ပြီးနှုတ်ဆက်နေကြတာ.မပြီးနိုင်သမို့ .ဒဂုန်ရိပ်သာဆောင်ကနေ.မနည်း ဆွဲထုတ်ခဲ့ရပါတယ်..
နေ့ခင်းပိုင်းလေဆိပ်မဆင်းခင်မှာ. သူတို့တည်းခိုရာ Winner Inn ဆီသွားပြီး.ဒု-တပ်ချုပ်ပေးခိုင်းတဲ့.အမှတ်တရတံဆိပ်တွေနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေအ ကုန်လုံး.တဦးချင်းပေးအပ်ခဲ့ တယ်.သူတို့ကလည်း တပ်မတော်ကိုကျေးဇူးတင်ကြောင်းပြောကြသပေါ့..
ညနေပိုင်း.သူတို့အားလုံးမြန်မာနိုင်ငံကနေ.အမေရိကန်နိုင်ငံကိုပြန်လည်ထွက်ခွာသွားကြ ပြီးတဲ့အခါ.ကျနော်လည်း.ဝပ်ကျင်းရှိရာ.စစ်ရုံးကြီးဆီသို့ .ပြန်လည်ထွက်ခွာလာခဲ့ပါတော့ တယ်..
ကျနော့်အထင်.အခုလိုနှစ်ပေါင်း(၂၀)ကျော်ကြာမြင့်ပြီးဖြစ်လို့.သူတို့စစ်သည်ဟောင်းအဖိုးကြီးတွေထဲက.အတော်များများ.လူ့လောကမှာရှိချင်မှရှိကြ တော့မှာပါ..ထိုစဉ်က စစ်ဗိုလ်ငချွတ် ကျနော်သည်ပင်လျှင်.ယခု(၇၀)နှစ်နားကပ်.အဘိုးကြီးဘဝရောက် နေပါပြီ..အချိန်သည်.ပြောင်း လဲလျက်ရှိသည်မို့လား..
မည်သို့ဆိုစေ.ကျနော်တို့တပ် မတော်လူကြီးများထားရှိခဲ့သော.စစ်သားချင်းအပေါ်စာနာထောက် ထားချစ်ခင်မှုပြယုဂ်ကတော့.မေ ပြာင်းမလဲ.ထာဝစဉ်တည်မြဲနေပေ လိမ့်မည်ဟူ၍သာ။
သာယာချမ်းမြေ့.ရှိကြပါစေ
💖
🌸
👍
(လေးလွင် MAf)
(အရေအတွက်၊ ရာထူးအဆင့်နှင့်အချိန်ကာလ.အ နည်းငယ်သောကွဲလွဲမှုရှိခဲ့ပါက.ကျနော်၏မှတ်ဉာဏ်ကိုသာအပြ စ်တင်ကြပါရန်)
--------------------------

၁၉၉၅-ခုနှစ်ဆန်းပိုင်းမှာ.အ
သူ့စာထဲမှာ.ပါတာမှတ်မိသလောက
မူလက သူတို့ Merrill’s Marauders အဖွဲ့ဝင်စုစုပေါင်း အယောက်(၂၀၀၀)လောက်ရှိခဲ့ပေမ
(အဲဒီအချိန်တုန်းက.တချို့ဆိ
သူတို့ဟာနိုင်ငံရေးသမားတွေမ
တခါ-သူတို့တွေဟာ ဝါရင့်စစ်မှုထမ်းဟောင်းကြီး
အခု-သူတို့အဖွဲ့ဝင်၂၂-ဦး.
ထူးခြားတာကတော့.အခုလာကြမယ့်
ကျနော့်အနေနဲ့.ဒီကိစ္စကို.အထ
သည်လိုနဲ့.Mr Osanka ကို.ရန်ကုန်ခနလာပြီး.အသေးစိ
တကယ်တော့.စစ်သုံးလေထီးဆိုတာ
(၁၉၇၆/၇၇-ခုနှစ်.ကျနော် ကြည်း/ရေ/
တိုတိုပြောရရင်.နောက်ဆုံး.အ
ဗိုလ်ချုပ်ကြီး အေးကို.ကျနော်က.နှစ်နိုင်ငံ
"ဒီမှာ.ဗိုလ်.......မင်းမှတ
"ဟုတ်-ရပါပြီခမျ..နောက်ပြီး
"အေး.တွေ့ချင်ရင်တွေ့တာပေါ့
"ဟုတ်"
အားလုံးအဆင်ပြေပြီမို့.ထပ်ြ
တိုတိုပြောရရင်.မကြာမီ.သူတိ
လေထီးခုန်မယ့်သူတွေကို.လေထီ
(ခြေကျိုးတာတောင်.စိတ်မညစ်ဘ
ညပိုင်းမှာ သူတို့အားလုံးကို..အစ္စရေးလ်
သို့သော်လည်း..သို့သော်လည်း
အခြားနေရာတွေလည်ပတ်ပြီး.သူတ
ဒဂုန်ရိပ်သာတွေ့ဆုံခန်းမှာဧ
ဂိတ္အဝင္ဝ,က RP(တပ္ရဲ)က.ကားႀကီးအဝင္မခံေ
(ကျနော်က သူတို့ကို Young Boys တွေလို့ခေါ်တာကို.သူတို့က.သေ
အဲသည်အခါကျမှ Dr Osanka က.ပြဿနာကိုပြောပြတယ်.၆-ယောက
အဲသည်အခါကျမှ.ကျနော်လည်း.ကိ
တွေ့ဆုံရမယ့် ၉:၀၀ နာရီထိုးခါနီးမှာ.ကြည်းချုပ
ကျနော်ကလည်းမရဲတရဲရှင်းပြလိ
"ဟေ့ရောင်.မင်းဦးဏှောက်ခြေ
"ဟုတ်"
ကိုယ့်နားတောင်ကိုယ်မယုံဘူး
"Okay!..Listen! Youu Young Boys! The General has just granted permission for all of you to get in, ‘if’...I said ‘if’, you guys can sit on the floor, as available seats are really limited “
သူတို့အားလုံးတပြိုင်တည်း.ထ
"Whoooo..We’ll sit on the floor, no sweat KMT!”
ထပ်ပြီးတိုတိုပြောရရင်.တွေ့
(ကိုယ့်လူကြီး.ဟက်ဟက်ပက်ပက်
အတန်ကြာပြောကြဆိုကြ.ကျေးဇူး
ဒါပေမဲ့.ဒါပေမဲ့ပေါ့ဗျာ.Dut
သူတို့တတွေအားလုံး.ပြန်ထွက်
ဒါကို.ကျန်တဲ့သူတွေအားလုံးက
ကျနော်ကသူတို့အဖွဲ့တွေကို.လ
နောက်ပြီး.ပစ္စည်းတွေ.တံဆိပ်
"မင်း.Col GS နဲ့ထောက်ချုပ်ကို.ခနနေဆက်သွ
ဒါကိုကြားတော့.သူတို့အားလုံ
နေ့ခင်းပိုင်းလေဆိပ်မဆင်းခင
ညနေပိုင်း.သူတို့အားလုံးမြန
ကျနော့်အထင်.အခုလိုနှစ်ပေါင
မည်သို့ဆိုစေ.ကျနော်တို့တပ်
သာယာချမ်းမြေ့.ရှိကြပါစေ
(လေးလွင် MAf)
(အရေအတွက်၊ ရာထူးအဆင့်နှင့်အချိန်ကာလ.အ
0 comments:
Post a Comment