Thursday, September 6, 2018

စစ္သားတစ္ေယာက္ရဲ႕ ပံုျပင္

Image may contain: one or more people, people standing and outdoor


ကၽဳပ္ကလား..ကၽဳပ္က စိတ္ၾကမ္းကိုယ္ၾကမ္းနဲ႕ စိတ္ထင္ရာကို လုပ္တတ္တဲ့ သူတစ္ေယာက္… အလုပ္အကိုင္ကေတာ့ တပ္မေတာ္မွာတပ္ၾကပ္ၾကီး တစ္ေယာက္ေလ. .စိတ္ထဲတစ္မ်ိဳးၿဖစ္သြားလား..က်ဳပ္က ခင္ဗ်ားတို႕ကို က်ဳပ္ရဲ႕ခံစားခ်က္ေတြ မွ်ေ၀သိေစခ်င္လို႕ပါဗ်ာ….က်ဳပ္တပ္ထဲကိုေရာက္တာကေတာ့ အိမ္နဲ႕ ၿပႆနာၿဖစ္ၿပီး တပ္ထဲကိုေရာက္လာခဲ့တာ… ကၽဳပ္အသက္(၁၉)ႏွစ္ေလာက္ကထဲကဆိုေတာ့ ၾကာၿပီေပါ့ဗ်ာ.. အခုေလာေလာဆယ္ေတာ့ ခ်စ္စရာဇနီး တစ္ေယာက္နဲ႕သားႏွစ္ေယာက္ ရွိတယ္ေလ..

တပ္မေတာ္ထဲေရာက္ေတာ့ ေသခ်င္ေသ၊ရွင္ခ်င္ရွင္ဆိုၿပီးခ်လိုက္တာ အခုဆို အေတြ႕အၾကံဳအေတာ္ရင့္က်က္ခဲ့တဲ့ ဆရာၾကီး တစ္ေယာက္ၿဖစ္ေရာေပါ့.. ဒါဏ္ရာေတြလား..ေပါလြန္းလို႕…ဒါေပမယ့္ က်ဳပ္ေပ်ာ္တယ္ဗ်.. ေတာစီး ဖိနပ္ ေလးစီးၿပီး ေက်ာပိုးအိတ္ကိုလြယ္လို႕ေရွ႕တန္း ထြက္ရရင္ကိုပဲ က်ဳပ္ကေပ်ာ္ေနခဲ့တာ. စစ္စိမ္းေရာင္၀တ္စံုကို ၀တ္ၿပီးသူမ်ားေတြ ေရွ႕မွာေခါင္းေမာ့ၿပီး လမ္းေလွ်ာက္ရတာကို က်ဳပ္သိပ္ၾကိဳက္တာပဲ.. အိမ္မွာစားစရာမရွိရင္သာေနမယ္.. က်ဳပ္ေနာက္တန္းမွာေနတုန္း က်ဳပ္၀တ္တဲ့ယူနီေဖာင္းက မီးပူက်ေနမွ က်ဳပ္ကၾကိဳက္တာ..

ျဖတ္သန္းခဲ့ရတဲ့အေတြ႕အၾကံဳေတြလား…အမ်ားၾကီးေပါ့ဗ်ာ..က၇င္ၿပည္နယ္တစ္ခြင္ ၿပဲၿပဲစင္ခဲ့တာေပါ့.. က်ဳပ္ေၿခ ေထာက္ၾကားက မနင္းမိဘဲ ေက်ာ္ခြသြားခဲ့တဲ့ မိုင္းေတြလဲ ေပါလို႕..က်ဳပ္ကလား…ပညာအရည္အခ်င္း ခုႏွစ္တန္းပဲ ေအာင္ခဲ့တာပါ.. ဒါေပမယ့္ က်ဳပ္ကစာဖတ္ရတာၾကိဳက္တယ္ေလ..တပ္မေတာ္စာစဥ္ဆိုက်ဳပ္က သိပ္ၾကိဳက္.. စစ္ၿပန္မဂၢဇင္းတို႕ဆိုလဲ ၾကိဳက္တာပဲ.. ေၿပာရင္းနဲ႕ေခ်ာ္ကုန္ၿပီ..က်ဳပ္လက္နဲ႕ သတ္ခဲ့ရတဲ့ ေသာင္းက်န္းသူကေတာ့ အနည္းဆံုး အေယာက္(၂၀)ေက်ာ္ေလာက္ရွိမယ္ဗ်. .ၾကြားေၿပာတာမဟုတ္ဘူးေနာ္..တပ္ၾကပ္ၾကီးခ်စ္ေငြ ဘယ္ေလာက္ လက္သံေၿပာင္တယ္ဆိုတာ တပ္ရင္းတစ္ခုလံုးသိတယ္.. မာနယ္ပေလာတိုက္ပြဲကာလ တစ္ေလွ်ာက္လံုးမွာ က်ဳပ္က ကရင္ၿပည္နယ္ထဲမွာေလ..အဲဒီကာလအတြင္းက စစ္သားေတြဘယ္လိုတိုက္ရလဲ ဆိုတာကို ေနာက္ေပါက္စစ္သားေလးေတြ သာ ေမးၾကည့္ေတာ့ဗ်ိဳ႕..

ၿပည္သူကအက်ိဳးၿပဳလုပ္ငန္းလား..ေနပါအံုး..ခင္ဗ်ားတို႕ တံတားေဆာက္ဖူးလို႕လား.. လမ္းေဖာက္ဖူးလို႕လား.. က်ဳပ္တို႕တပ ္ေနာက္တန္း ၿပန္ေရာက္တုန္းမွာ က်ဳပ္တို႕တပ္ရင္းတစ္ခုထဲကပဲ နီးစပ္ရာေက်းရြာေတြအတြက္ လမ္းေတြေဖာက္ေပး.. ကန္ေတြဆည္ေပးခဲ့ရတာ.. အစကေတာ့ ရြာကလူေတြဘယ္သိပါ့မလဲ..ေနာက္ေတာ့ ဒီစစ္သားေတြသူတို႕အတြက္ တကယ္လုပ္ေနမွန္းသိေတာ့ စားစရာေတြ၊ေဆးလိပ္ေတြ၊ ေရေႏြးၾကမ္းေတြနဲ႕ဗ်ာ.. ဘယ္က ဘယ္လိုေရာက္လာမွန္းမသိတဲ့ ဒိုးပတ္၀ိုင္းေတာင္ ပါလိုက္ေသး.. က်ဳပ္တို႕မ်ားလုပ္ရင္းနဲ႕ မ်က္ရည္ေတာင္ က်တယ္.. ဒါပဲလားလို႕ေတာ မေမးနဲ႕..က်ဳပ္တပ္မေတာ္ထဲကိုေရာက္ၿပီး ကထဲက က်ဳပ္အသက္ကိုေပးရတာ တိုင္းၿပည္အတြက္ဆိုတာ သိၿပီးသား.. က်ဳပ္တို႕ေဖာက္တဲ့လမ္းမွာ မိုင္းေထာင္တဲ့ရန္သူ၊ က်ဳပ္တို႕တိုင္းၿပည္ၾကီးကို အစိတ္စိတ္ခြဲဖို႕ၾကိဳးစားေနတဲ့ ရန္သူေတြကို က်ဳပ္အသက္နဲ႕ရင္းၿပီးတိုက္ေနရတာေလ… အဲဒါက်ဳပ္အတြက္လား.. ၿပည္သူအတြက္လား…

က်ဳပ္မိသားစုအေၾကာင္းကေတာ့ ဘယ္လိုေၿပာရပါ့မလဲ..က်ဳပ္ဇနီး နားမွာ နားကပ္ေတာ့ မရွိဘူး..ဒါေပမယ့္ သူ႕ပါးေလးမွာေတာ့ ခ်စ္စရာပါးကြက္ေလး ရွိတယ္ဗ်.ေရွ႕တန္းထြက္ရတာကိုမွၾကိဳက္တဲ့ ေရွ႕တန္းေပ်ာ္စစ္သားၾကီး ဇနီးဆိုေတာ့ ဆင္းရဲတာေပါ့ဗ်ာ.. က်ဳပ္သူငယ္ခ်င္းဆိုကၠားသမားကိုတင္ေအာင္ ေၿပာမွက်ဳပ္ကသိရတာ… က်ဳပ္ေရွ႕တန္းသြားၿပီဆိုတာနဲ႕ က်ဳပ္မိန္းမမွာ စၿပီးဒုကၡေရာက္တာပဲ..က်ဳပ္လစာေလးနဲ႕ ဒီကေလးႏွစ္ေယာက္နဲ႕ ဘယ္အဆင္ေၿပပါ့မလဲဗ်ာ..တပ္အၿပင္ကေတာထဲမွာ မွ်စ္ခ်ိဳး၊ထင္းခုတ္၊တစ္ေနကုန္လုပ္ရတာဗ်.. အၿပင္မွာဆို သူ႕မိဘနဲ႕မေတာင့္မတ ေနႏိုင္တဲ့ မိန္းမဟာအခုေတာ့ သူ႕မာနနဲကသူပါပဲ..ရတာေလးကို ၿခစ္ၿခဳပ္ကုတ္ကတ္ၿပီး မိသားစုစားေလာက္ေအာင္ သူၾကံဖန္ေနတာ..တစ္ေန႕စာ ဆန္ေလးသံုးဗူးခ်က္.. ကေလးႏွစ္ေယာက္ကို ထမင္းေရတိုက္ၿပီး သူကေတာထဲမွာ ထင္းေခြ၊မွ်စ္ခ်ိဳး…တစ္ခါတစ္ေလ အင္ဥတို႔၊မႈိတို႕ရရင္ေတာ့ ေရာင္းစား အဆင္ေၿပပါတယ္…

ဒါေပမယ့္ဗ်ာ..မ်ားေသာအားၿဖင့္ေတာ့ အဆင္မေၿပတာမ်ားပါတယ္.. လစာနဲ႕အလွ်င္မွီေအာင္စားေနရတာ ဆိုေတာ့ ဘယ္လိုစုေဆာင္လို႕ၿဖစ္မွာလဲ..အိမ္ေနာက္ေဖးမွာေတာ့ အခင္းရွိတာေပါ့ဗ်ာ..ဒီလုိပဲ ဟိုစိုက္ဒီစိုက္ နဲ႕မိုးတြင္းဆိုရင္ေတာ့ အသီးအႏွံစံုပါတယ္..က်ဳပ္သားအၾကီးေကာင္ကေတာ့ စာၾကိဳးစားတယ္ဗ်.. ဒီေကာင္ကစာမွစာပဲ…က်ဳပ္ဇနီးေၿပာပံုအရဆိုရင္ ေက်ာင္းမွာအၿမဲ အဆင့္ ၁၊၂၊၃ ဆိုပဲဗ်…အငယ္ေကာင္ကေတာ့ ေက်ာင္းမေရာက္ေသးဘူး..အခုမွ ေပါက္စ ေလးပဲကိုးဗ်..ေၿပာရင္းနဲ႕ သတိရလာၿပီဗ်ာ..

က်ဳပ္တို႕ေရွ႕တန္းထြက္ရတယ္..သြားရမယ္ဆိုထဲကိုက က်ဳပ္မိန္းမကေၿပာတယ္..သူအိပ္မက္ မေကာင္းဘူးတဲ့.. က်ဳပ္လဲ စိတ္ထဲမွာေလးေနတယ္..တစ္ခုခုလစ္ဟာေနသလိုမ်ိဳးေပါ..က်ဳပ္ဇနီးနဲ႕သားေလးမ်က္ႏွာကို ၾကည့္ၿပီး တစ္မ်ိဳးပဲဗ်ာ.. ႏႈတ္ဆက္တဲ့သူေတြကလဲႏႈတ္ဆက္ေပါ့..ႏႈတ္ဆက္စရာ လူမရွိတဲ့သူေတြကလဲ သီခ်င္းေလးဆိုတဲ့သူကဆို၊ စေနာက္တဲ့ သူကလဲ ေနာက္ေပါ့ဗ်ာ… စစ္ေၿမၿပင္ကို ေရာက္ၿပီဆိုတာနဲ႕ သတိဆိုတာပိုတယ္မွ မရွိဘဲ..အခုေခာတ္ စစ္သားေလးေတြကလဲ ခက္တယ္ေလ..အင္မတန္ကို ေပါေလ်ာ့ၾကတာ.ေရွ႕တန္းေရာက္ၿပီး (၃) ရက္အၾကာမွာ က်ဳပ္တပ္စုက တစ္ေယာက္စ ၿပတ္ေတာ့တာပဲ..မိုင္းေလ.မိုင္းေပါ့..

အေတြ႕အၾကံဳရွိတဲ့ဆရာၾကီးတစ္ေယာက္အေနနဲ႕ က်ဳပ္ဘယ္ေနႏိုင္မွာလဲ..ေနာက္ဆံုးေတာ့ က်ဳပ္တပ္စိတ္က ပိြဳင့္တပ္စိတ္ၿဖစ္လာရတာပဲ..မေမွ်ာ္လင့္ခဲ့ဘူး..က်ဳပ္အဲဒီေန႕စြဲကို ဘယ္လိုမွ ေမ့လို႕မရဘူး… အတန္တန္ သတိထား တဲ့ၾကားက က်ဳပ္တို႕တပ္ခြဲ ထိေတြ႕မႈၿဖစ္တယ္.. ေနရာအေနအထား အရရန္သူက အသားစီး ရေနတာေပါ့ဗ်ာ.. က်ဳပ္တို႕စစ္ေၾကာင္းကို စစ္ကူလွမ္းေတာင္းတယ္… လာမယ္.. နာရီ၀က္ဆိုတဲ့ အတိုင္းအတာအတြင္းမွာ ေရာက္လာမယ္တဲ့..ဒီနာရီ၀က္ကို က်ဳပ္တို႕ ဆက္ထိန္းထား၇မယ္.. စကၠန္႕နဲ႕အမွ်က်ဳပ္စိတ္ေတြ ေလးလာတယ္.. တစ္ခုခုၿဖစ္ေတာ့ မလိုပဲ ခံစားေနရတယ္..က်ဳပ္အားလံုးကို သတိလိုက္ေပးေနတယ္… ဂရုစိုက္ၾကဖို႕.. က်ဳပ္ပါးစပ္ မနားရေအာင္ကို တတြတ္တြတ္သတိေပးေနမိတယ္..

“၀ုန္း”ဆိုတဲ့အသံနဲ႕ ရုတ္တရတ္က်ဳပ္ရင္ဘတ္ထဲမွာ ပူခနဲပဲ..က်ဳပ္ကိုက်ဳပ္ဘာၿဖစ္သြားမွန္းမသိဘူး.. နာက်င္မႈတစ္ခုကို ခံစားရသလို ေဘးဘယ္ညာကိုလဲ က်ဳပ္ရွာေဖြၾကည့္လိုက္တယ္.. ဘယ္သူေတြ ဘာၿဖစ္သြားလဲေပါ့..က်ဳပ္ေဘးမွာ ရဲေဘာ္ေမာင္ေကာငး္.. လံုး၀မလႈပ္ေတာ့ဘူး.. ဒါၿဖင့္က်ဳပ္ကေကာ.. က်ဳပ္ကိုယ္တိုင္လဲ ေသနတ္ကိုေၿမွာက္ဖို႕ အားအင္ေတာင္မရွိေတာ့ပါလား.. က်ဳပ္အရမ္းထိတ္လန္႕သြားတယ္.. က်ဳပ္ဘာမွ မလုပ္နိုင္ေတာ့ပါလား. ဘုရား..ဘုရား..က်ဳပ္ဘာမွ မလုပ္ႏိုင္ရင္ က်ဳပ္တပ္ဖြဲ႕ေတြ ဒီနာရီ၀က္ကို ဘယ္လိုဆက္ထိန္းမွာပါလိမ့္..က်ဳပ္အားတင္းၿပီးၿပန္ထတယ္..မရပါလား..“ဆရာၾကီးခ်စ္ေငြ ထိသြားၿပီ..” ေဆးတပ္သား က်ဳပ္အနားေရာက္လာတယ္.. သူက်ဳပ္ကိုယ္ေပၚမွာ ဘာေတြလုပ္ေနမွန္း က်ဳပ္မသိဘူး.. က်ဳပ္အရာရွိအနားကို ေရာက္လာတယ္..ေဆးတပ္သားရဲ႕ ေခါင္းခါၿပမႈအဆံုးမွာ သူအံၾကိတ္ၿပီး က်ဳပ္မ်က္လံုးေတြကို မွိတ္လိုက္တယ္..

“ဗိုလ္ၾကီး..မမွိတ္လိုက္ပါနဲ႕..က်ဳပ္ဘာမွ မၿဖစ္ဘူး..က်ဳပ္ဆက္ၿပီးတိုက္ပြဲ၀င္မယ္…က်ဳပ္တကယ္ ဘာမွမၿဖစ္ဘူး..”

က်ဳပ္အတန္တန္ေအာ္ေနရင္းနဲ႕ က်ဳပ္မ်က္လံုးေတြ ေမွာင္အတိ က်သြားတယ္..ေနာက္တစ္ၿဖည္းၿဖည္း က်ဳပ္မိန္းမမ်က္ႏွာ၊ က်ဳပ္ကေလးႏွစ္ေယာက္ မ်က္ႏွာ…က်ဳပ္ကို အားကိုးတဲ့သူေတြ မ်က္ႏွာ..က်ဳပ္မေတြးမိတာေတြ တစ္ကြက္ခ်င္းၿမင္လာတယ္.. က်ဳပ္ဘာမွ မလုပ္ႏိုင္ေတာ့ရင္ က်ဳပ္မိန္းမ ဘယ္လိုေနရွာမွာလဲ.. က်ဳပ္ကေလးေတြကေကာ ဘယ္လိုရပ္တည္မွာလဲ.. က်ဳပ္ဘာလို႕ အဲဒါေတြကို အရင္က မစဥ္စားခဲ့ရတာလဲ..ဘုရား..ဘုရား…က်ဳပ္ကို အသက္ၿပန္ရွင္ခြင့္ေပးပါအံုး.. က်ဳပ္လုပ္စရာေလးေတြကို ၿပန္ၿပီး လုပ္ပါရေစအံုး..ေနာက္ေတာ့ က်ဳပ္မ်က္လံုးေတြလံုး၀ ေမွာင္အတိက်သြားတယ္..

အၿဖဴေရာင္အရိပ္တစ္ခုအေနနဲ႕ က်ဳပ္ၿပန္ၿပီးအသက္၀င္လာတယ္..က်ဳပ္တပ္ရင္းေရွ႕ကို ဘယ္လိုၿပန္ ေရာက္ေနတုန္း.. ဟိုေရွ႕မွာ တင္ေသာင္းမိန္းမ ခင္ေရႊ…က်ဳပ္လွမ္းေခၚတယ္..ဟား..က်ဳပ္ကိုေတာင္ မသိဟန္ေဆာင္သြားေသး… က်ဳပ္ေနာက္ကေန လိုက္ေခၚတယ္… ေအာင္မယ္..အခုမွ ၾကားတယ္.. ဒါေပမယ့္ ေနာက္ကိုတစ္ခ်က္လွည့္ၾကည့္ၿပီး ေၿခလွမ္းသုတ္သုတ္နဲ႔ ေလွ်ာက္သြားတယ္…ေၾသာ္..က်ဳပ္က ေသၿပီးၿပီကိုး..

ေၿခလွမ္းေတြကို ဆက္ၿပီးမလွမ္းခ်င္ေတာ့ဘူး..ဒါေပမယ့္ က်ဳပ္ဇနီးနဲ႕ သားေလးေတြမ်က္ႏွာကိုၿမင္ခ်င္ေသးတယ္. က်ဳပ္အိမ္ကို ေရာက္ေအာင္ၿပန္လာတယ္..က်ဳပ္မိန္းမ မရွိဘူး..အၾကီးေကာင္က အိပ္ေပ်ာ္ေနတယ္.. အငယ္ေကာင္က ညစ္ပတ္ေနတာပဲ.. က်ဳပ္သားအၾကီးေကာင္ကို ႏိႈးတယ္..

“သားၾကီး..ထ..ထ..အေဖၿပန္လာၿပီ..”..
ဒီေကာင္လႈပ္ေတာင္ မလႈပ္ဘူး…အငယ္ေကာင္ေလးက က်ဳပ္ကို ၾကည့္တယ္..ၿပီးေတာ့ ရယ္ၿပတယ္..
“သားေလး..ေဖေဖ့ကိုၿမင္တယ္ဟုတ္လား..ေဖေဖသားတို႕ကို အရမ္းခ်စ္ပါတယ္…”

အၿပင္မွာ ရုတ္ရုတ္ ရုတ္ရုတ္အသံေတြၾကားလိုက္ရတယ္..ေနာက္ေတာ့ က်ဳပ္မိန္းမ အိမ္ေပၚတက္လာၿပီး ကေလးေတြကို ဖက္ငိုတယ္..အၾကီးေကာင္က ဘုမသိဘမသိ အိပ္ရာကလန္႔ႏိုးၿပီး “အေမ..ဘာၿဖစ္လို႔လဲ..ခုနက သားအေဖ့ကို အိပ္မက္မက္တယ္ ” ဆိုၿပီးထေၿပာေတာ့ က်ဳပ္မိန္းမပိုငိုေရာ..ၿပီးေတာ့.. က်ဳပ္ေသၿပီဆိုၿပီး အၾကီးေကာင္ကို ေၿပာတယ္..က်ဳပ္သားအၾကီးေကာင္က ဇေ၀ဇ၀ါနဲ႕..ဟိုၾကည့္ဒီၾကည့္လုပ္ေနတယ္.. ေနာက္ေတာ့ အိမ္ေပၚကို တစ္ၿခားစစ္သည္ရဲေမေတြ ေရာက္လာၾကၿပီး က်ဳပ္မိန္းမကို ႏွစ္သိမ့္ၾကတယ္..က်ဳပ္ဘာလို႕ ဘာမွမေၿပာနိုင္ရတာလဲ.. က်ဳပ္လဲမ်က္ရည္ေတြပဲ က်ႏိုင္ေတာ့တယ္… မၿဖစ္ဘူး.. က်ဳပ္ေရွ႕တန္းကိုၿပန္အံုးမယ္.. က်ဳပ္ရဲေဘာ္ေတြ ဘာၿဖစ္ေနလဲဆိုတာ ၿပန္ၾကည့္အံုးမယ္.

“မိန္းမေရ..ငါၿပန္လာခဲ့မယ္ဟ..”

က်ဳပ္လဲ ေရွ႕တန္းကိုေရာက္ေရာ က်ဳပ္အေလာင္းေဘးမွာ လူေတြက အံုလို႕….က်ဳပ္ကို တပ္မေတာ္၇ဲ႕ထံုးစံအတိုင္း ၿပန္တမ္း ထုတ္ေနၾကတာကိုး....
“…..သင္သြားလိုရာ သြားႏိုင္ၿပီ…” ..
က်ဳပ္ကို ဘာလို႔ေမာင္းထုတ္ရတာလဲ..က်ဳပ္ေဘးမွာ ရွိေနေသးတယ္ေလဗ်ာ..က်ဳပ္ေနခ်င္ေသးတယ္..က်ဳပ္ရဲေဘာ္ေတြနဲ႕ ဒီတပ္ရင္းမွာ က်ဳပ္ေနခ်င္ေသးတယ္.. မေမာင္းထုတ္ၾကပါနဲ႕ဗ်ာ.. က်ဳပ္ရင္ကြဲမတတ္ အတန္တန္ေတာင္းပန္ေနမိတယ္…ၿပီးေတာ့ က်ဳပ္တစ္ေယာက္ထဲ ထိုင္ငိုေနမိတယ္.. က်ဳပ္ရဲ႕ရုပ္အေလာင္း ကိုၾကည့္ၿပီး က်ဳပ္အရာရွိေကာ..က်ဳပ္ရဲေဘာ္ေတြပါ မ်က္ရည္ေတြနဲ႕…

"ဆရာၾကီးခြဲသြားတာ ေစာတယ္ဗ်ာ” တဲ့.. က်ဳပ္မခြဲသြားပါဘူး..က်ဳပ္အဲဒီအနီးမွာပဲရွိေနတာပါ..

ေနခ်င္ေသးေပမယ့္ ေနခြင့္မရႏိုင္ေတာ့လဲ က်ဳပ္သြားရေတာ့မွာေပါ့ဗ်ာ…ေနာင္ဘ၀ဆိုတာမ်ားမွာ အခြင့္ရွိခဲ့ ရင္ေတာ့ တပ္မေတာ္သားတစ္ေယာက္ဆိုတဲ့ ဘ၀ကို က်ဳပ္ၿပန္ၿဖစ္ခ်င္ပါေသးတယ္… တိုင္းၿပည္အတြက္၊ၿပည္သူ ေတြအတြက္ ကိုယ္က်ိဳးစြန္႕ရတဲ့ တပ္မေတာ္သားဘ၀ကို က်ဳပ္ပိုင္ဆိုင္ခ်င္ပါေသးတယ္. .ၿပီးေတာ့ တိုင္းၿပည္နဲ႕တပ္မေတာ္အေပၚမွာ တာ၀န္ေက်ခဲ့ေပမယ့္ မိသားစုအတြက္ တာ၀န္မေက်ႏိုင္ခဲ့တဲ့ ဖခင္တစ္ေယာက္ဘ၀ကို ၿပန္ၿပီးၿဖစ္ခ်င္ပါေသးတယ္ဗ်ာ..

(၂၀၀၈ ခုႏွစ္အေစာပို္င္းေလာက္ကေရးၿပီး Blog တစ္ခုကို ပို႔ေပးခဲ့ဖူးတဲ့ ကိုယ္တိုင္ေရး ၀တၱဳတိုေလးပါ။)

ဦးတိမ္

စစ်သားတစ်ယောက်ရဲ့ ပုံပြင်

ကျုပ်ကလား..ကျုပ်က စိတ်ကြမ်းကိုယ်ကြမ်းနဲ့ စိတ်ထင်ရာကို လုပ်တတ်တဲ့ သူတစ်ယောက်… အလုပ်အကိုင်ကတော့ တပ်မတော်မှာတပ်ကြပ်ကြီး တစ်ယောက်လေ. .စိတ်ထဲတစ်မျိုးဖြစ်သွားလား..ကျုပ်က ခင်ဗျားတို့ကို ကျုပ်ရဲ့ခံစားချက်တွေ မျှဝေသိစေချင်လို့ပါဗျာ….ကျုပ်တပ်ထဲကိုရောက်တာကတော့ အိမ်နဲ့ ပြဿနာဖြစ်ပြီး တပ်ထဲကိုရောက်လာခဲ့တာ… ကျုပ်အသက်(၁၉)နှစ်လောက်ကထဲကဆိုတော့ ကြာပြီပေါ့ဗျာ.. အခုလောလောဆယ်တော့ ချစ်စရာဇနီး တစ်ယောက်နဲ့သားနှစ်ယောက် ရှိတယ်လေ..

တပ်မတော်ထဲရောက်တော့ သေချင်သေ၊ရှင်ချင်ရှင်ဆိုပြီးချလိုက်တာ အခုဆို အတွေ့အကြုံအတော်ရင့်ကျက်ခဲ့တဲ့ ဆရာကြီး တစ်ယောက်ဖြစ်ရောပေါ့.. ဒါဏ်ရာတွေလား..ပေါလွန်းလို့…ဒါပေမယ့် ကျုပ်ပျော်တယ်ဗျ.. တောစီး ဖိနပ် လေးစီးပြီး ကျောပိုးအိတ်ကိုလွယ်လို့ရှေ့တန်း ထွက်ရရင်ကိုပဲ ကျုပ်ကပျော်နေခဲ့တာ. စစ်စိမ်းရောင်ဝတ်စုံကို ဝတ်ပြီးသူများတွေ ရှေ့မှာခေါင်းမော့ပြီး လမ်းလျှောက်ရတာကို ကျုပ်သိပ်ကြိုက်တာပဲ.. အိမ်မှာစားစရာမရှိရင်သာနေမယ်.. ကျုပ်နောက်တန်းမှာနေတုန်း ကျုပ်ဝတ်တဲ့ယူနီဖောင်းက မီးပူကျနေမှ ကျုပ်ကကြိုက်တာ..

ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေလား…အများကြီးပေါ့ဗျာ..က၇င်ပြည်နယ်တစ်ခွင် ပြဲပြဲစင်ခဲ့တာပေါ့.. ကျုပ်ခြေ ထောက်ကြားက မနင်းမိဘဲ ကျော်ခွသွားခဲ့တဲ့ မိုင်းတွေလဲ ပေါလို့..ကျုပ်ကလား…ပညာအရည်အချင်း ခုနှစ်တန်းပဲ အောင်ခဲ့တာပါ.. ဒါပေမယ့် ကျုပ်ကစာဖတ်ရတာကြိုက်တယ်လေ..တပ်မတော်စာစဉ်ဆိုကျုပ်က သိပ်ကြိုက်.. စစ်ပြန်မဂ္ဂဇင်းတို့ဆိုလဲ ကြိုက်တာပဲ.. ပြောရင်းနဲ့ချော်ကုန်ပြီ..ကျုပ်လက်နဲ့ သတ်ခဲ့ရတဲ့ သောင်းကျန်းသူကတော့ အနည်းဆုံး အယောက်(၂၀)ကျော်လောက်ရှိမယ်ဗျ. .ကြွားပြောတာမဟုတ်ဘူးနော်..တပ်ကြပ်ကြီးချစ်ငွေ ဘယ်လောက် လက်သံပြောင်တယ်ဆိုတာ တပ်ရင်းတစ်ခုလုံးသိတယ်.. မာနယ်ပလောတိုက်ပွဲကာလ တစ်လျှောက်လုံးမှာ ကျုပ်က ကရင်ပြည်နယ်ထဲမှာလေ..အဲဒီကာလအတွင်းက စစ်သားတွေဘယ်လိုတိုက်ရလဲ ဆိုတာကို နောက်ပေါက်စစ်သားလေးတွေ သာ မေးကြည့်တော့ဗျို့..

ပြည်သူကအကျိုးပြုလုပ်ငန်းလား..နေပါအုံး..ခင်ဗျားတို့ တံတားဆောက်ဖူးလို့လား.. လမ်းဖောက်ဖူးလို့လား.. ကျုပ်တို့တပ ်နောက်တန်း ပြန်ရောက်တုန်းမှာ ကျုပ်တို့တပ်ရင်းတစ်ခုထဲကပဲ နီးစပ်ရာကျေးရွာတွေအတွက် လမ်းတွေဖောက်ပေး.. ကန်တွေဆည်ပေးခဲ့ရတာ.. အစကတော့ ရွာကလူတွေဘယ်သိပါ့မလဲ..နောက်တော့ ဒီစစ်သားတွေသူတို့အတွက် တကယ်လုပ်နေမှန်းသိတော့ စားစရာတွေ၊ဆေးလိပ်တွေ၊ ရေနွေးကြမ်းတွေနဲ့ဗျာ.. ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ ဒိုးပတ်ဝိုင်းတောင် ပါလိုက်သေး.. ကျုပ်တို့များလုပ်ရင်းနဲ့ မျက်ရည်တောင် ကျတယ်.. ဒါပဲလားလို့တော မမေးနဲ့..ကျုပ်တပ်မတော်ထဲကိုရောက်ပြီး ကထဲက ကျုပ်အသက်ကိုပေးရတာ တိုင်းပြည်အတွက်ဆိုတာ သိပြီးသား.. ကျုပ်တို့ဖောက်တဲ့လမ်းမှာ မိုင်းထောင်တဲ့ရန်သူ၊ ကျုပ်တို့တိုင်းပြည်ကြီးကို အစိတ်စိတ်ခွဲဖို့ကြိုးစားနေတဲ့ ရန်သူတွေကို ကျုပ်အသက်နဲ့ရင်းပြီးတိုက်နေရတာလေ… အဲဒါကျုပ်အတွက်လား.. ပြည်သူအတွက်လား…

ကျုပ်မိသားစုအကြောင်းကတော့ ဘယ်လိုပြောရပါ့မလဲ..ကျုပ်ဇနီး နားမှာ နားကပ်တော့ မရှိဘူး..ဒါပေမယ့် သူ့ပါးလေးမှာတော့ ချစ်စရာပါးကွက်လေး ရှိတယ်ဗျ.ရှေ့တန်းထွက်ရတာကိုမှကြိုက်တဲ့ ရှေ့တန်းပျော်စစ်သားကြီး ဇနီးဆိုတော့ ဆင်းရဲတာပေါ့ဗျာ.. ကျုပ်သူငယ်ချင်းဆိုက္ကားသမားကိုတင်အောင် ပြောမှကျုပ်ကသိရတာ… ကျုပ်ရှေ့တန်းသွားပြီဆိုတာနဲ့ ကျုပ်မိန်းမမှာ စပြီးဒုက္ခရောက်တာပဲ..ကျုပ်လစာလေးနဲ့ ဒီကလေးနှစ်ယောက်နဲ့ ဘယ်အဆင်ပြေပါ့မလဲဗျာ..တပ်အပြင်ကတောထဲမှာ မျှစ်ချိုး၊ထင်းခုတ်၊တစ်နေကုန်လုပ်ရတာဗျ.. အပြင်မှာဆို သူ့မိဘနဲ့မတောင့်မတ နေနိုင်တဲ့ မိန်းမဟာအခုတော့ သူ့မာနနဲကသူပါပဲ..ရတာလေးကို ခြစ်ခြုပ်ကုတ်ကတ်ပြီး မိသားစုစားလောက်အောင် သူကြံဖန်နေတာ..တစ်နေ့စာ ဆန်လေးသုံးဗူးချက်.. ကလေးနှစ်ယောက်ကို ထမင်းရေတိုက်ပြီး သူကတောထဲမှာ ထင်းခွေ၊မျှစ်ချိုး…တစ်ခါတစ်လေ အင်ဥတို့၊မှိုတို့ရရင်တော့ ရောင်းစား အဆင်ပြေပါတယ်…

ဒါပေမယ့်ဗျာ..များသောအားဖြင့်တော့ အဆင်မပြေတာများပါတယ်.. လစာနဲ့အလျှင်မှီအောင်စားနေရတာ ဆိုတော့ ဘယ်လိုစုဆောင်လို့ဖြစ်မှာလဲ..အိမ်နောက်ဖေးမှာတော့ အခင်းရှိတာပေါ့ဗျာ..ဒီလိုပဲ ဟိုစိုက်ဒီစိုက် နဲ့မိုးတွင်းဆိုရင်တော့ အသီးအနှံစုံပါတယ်..ကျုပ်သားအကြီးကောင်ကတော့ စာကြိုးစားတယ်ဗျ.. ဒီကောင်ကစာမှစာပဲ…ကျုပ်ဇနီးပြောပုံအရဆိုရင် ကျောင်းမှာအမြဲ အဆင့် ၁၊၂၊၃ ဆိုပဲဗျ…အငယ်ကောင်ကတော့ ကျောင်းမရောက်သေးဘူး..အခုမှ ပေါက်စ လေးပဲကိုးဗျ..ပြောရင်းနဲ့ သတိရလာပြီဗျာ..

ကျုပ်တို့ရှေ့တန်းထွက်ရတယ်..သွားရမယ်ဆိုထဲကိုက ကျုပ်မိန်းမကပြောတယ်..သူအိပ်မက် မကောင်းဘူးတဲ့.. ကျုပ်လဲ စိတ်ထဲမှာလေးနေတယ်..တစ်ခုခုလစ်ဟာနေသလိုမျိုးပေါ..ကျုပ်ဇနီးနဲ့သားလေးမျက်နှာကို ကြည့်ပြီး တစ်မျိုးပဲဗျာ.. နှုတ်ဆက်တဲ့သူတွေကလဲနှုတ်ဆက်ပေါ့..နှုတ်ဆက်စရာ လူမရှိတဲ့သူတွေကလဲ သီချင်းလေးဆိုတဲ့သူကဆို၊ စနောက်တဲ့ သူကလဲ နောက်ပေါ့ဗျာ… စစ်မြေပြင်ကို ရောက်ပြီဆိုတာနဲ့ သတိဆိုတာပိုတယ်မှ မရှိဘဲ..အခုခောတ် စစ်သားလေးတွေကလဲ ခက်တယ်လေ..အင်မတန်ကို ပေါလျော့ကြတာ.ရှေ့တန်းရောက်ပြီး (၃) ရက်အကြာမှာ ကျုပ်တပ်စုက တစ်ယောက်စ ပြတ်တော့တာပဲ..မိုင်းလေ.မိုင်းပေါ့..

အတွေ့အကြုံရှိတဲ့ဆရာကြီးတစ်ယောက်အနေနဲ့ ကျုပ်ဘယ်နေနိုင်မှာလဲ..နောက်ဆုံးတော့ ကျုပ်တပ်စိတ်က ပွိုင့်တပ်စိတ်ဖြစ်လာရတာပဲ..မမျှော်လင့်ခဲ့ဘူး..ကျုပ်အဲဒီနေ့စွဲကို ဘယ်လိုမှ မေ့လို့မရဘူး… အတန်တန် သတိထား တဲ့ကြားက ကျုပ်တို့တပ်ခွဲ ထိတွေ့မှုဖြစ်တယ်.. နေရာအနေအထား အရရန်သူက အသားစီး ရနေတာပေါ့ဗျာ.. ကျုပ်တို့စစ်ကြောင်းကို စစ်ကူလှမ်းတောင်းတယ်… လာမယ်.. နာရီဝက်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ရောက်လာမယ်တဲ့..ဒီနာရီဝက်ကို ကျုပ်တို့ ဆက်ထိန်းထား၇မယ်.. စက္ကန့်နဲ့အမျှကျုပ်စိတ်တွေ လေးလာတယ်.. တစ်ခုခုဖြစ်တော့ မလိုပဲ ခံစားနေရတယ်..ကျုပ်အားလုံးကို သတိလိုက်ပေးနေတယ်… ဂရုစိုက်ကြဖို့.. ကျုပ်ပါးစပ် မနားရအောင်ကို တတွတ်တွတ်သတိပေးနေမိတယ်..

“ဝုန်း”ဆိုတဲ့အသံနဲ့ ရုတ်တရတ်ကျုပ်ရင်ဘတ်ထဲမှာ ပူခနဲပဲ..ကျုပ်ကိုကျုပ်ဘာဖြစ်သွားမှန်းမသိဘူး.. နာကျင်မှုတစ်ခုကို ခံစားရသလို ဘေးဘယ်ညာကိုလဲ ကျုပ်ရှာဖွေကြည့်လိုက်တယ်.. ဘယ်သူတွေ ဘာဖြစ်သွားလဲပေါ့..ကျုပ်ဘေးမှာ ရဲဘော်မောင်ကောင်း.. လုံးဝမလှုပ်တော့ဘူး.. ဒါဖြင့်ကျုပ်ကကော.. ကျုပ်ကိုယ်တိုင်လဲ သေနတ်ကိုမြှောက်ဖို့ အားအင်တောင်မရှိတော့ပါလား.. ကျုပ်အရမ်းထိတ်လန့်သွားတယ်.. ကျုပ်ဘာမှ မလုပ်နိုင်တော့ပါလား. ဘုရား..ဘုရား..ကျုပ်ဘာမှ မလုပ်နိုင်ရင် ကျုပ်တပ်ဖွဲ့တွေ ဒီနာရီဝက်ကို ဘယ်လိုဆက်ထိန်းမှာပါလိမ့်..ကျုပ်အားတင်းပြီးပြန်ထတယ်..မရပါလား..“ဆရာကြီးချစ်ငွေ ထိသွားပြီ..” ဆေးတပ်သား ကျုပ်အနားရောက်လာတယ်.. သူကျုပ်ကိုယ်ပေါ်မှာ ဘာတွေလုပ်နေမှန်း ကျုပ်မသိဘူး.. ကျုပ်အရာရှိအနားကို ရောက်လာတယ်..ဆေးတပ်သားရဲ့ ခေါင်းခါပြမှုအဆုံးမှာ သူအံကြိတ်ပြီး ကျုပ်မျက်လုံးတွေကို မှိတ်လိုက်တယ်..

“ဗိုလ်ကြီး..မမှိတ်လိုက်ပါနဲ့..ကျုပ်ဘာမှ မဖြစ်ဘူး..ကျုပ်ဆက်ပြီးတိုက်ပွဲဝင်မယ်…ကျုပ်တကယ် ဘာမှမဖြစ်ဘူး..”

ကျုပ်အတန်တန်အော်နေရင်းနဲ့ ကျုပ်မျက်လုံးတွေ မှောင်အတိ ကျသွားတယ်..နောက်တစ်ဖြည်းဖြည်း ကျုပ်မိန်းမမျက်နှာ၊ ကျုပ်ကလေးနှစ်ယောက် မျက်နှာ…ကျုပ်ကို အားကိုးတဲ့သူတွေ မျက်နှာ..ကျုပ်မတွေးမိတာတွေ တစ်ကွက်ချင်းမြင်လာတယ်.. ကျုပ်ဘာမှ မလုပ်နိုင်တော့ရင် ကျုပ်မိန်းမ ဘယ်လိုနေရှာမှာလဲ.. ကျုပ်ကလေးတွေကကော ဘယ်လိုရပ်တည်မှာလဲ.. ကျုပ်ဘာလို့ အဲဒါတွေကို အရင်က မစဉ်စားခဲ့ရတာလဲ..ဘုရား..ဘုရား…ကျုပ်ကို အသက်ပြန်ရှင်ခွင့်ပေးပါအုံး.. ကျုပ်လုပ်စရာလေးတွေကို ပြန်ပြီး လုပ်ပါရစေအုံး..နောက်တော့ ကျုပ်မျက်လုံးတွေလုံး၀ မှောင်အတိကျသွားတယ်..

အဖြူရောင်အရိပ်တစ်ခုအနေနဲ့ ကျုပ်ပြန်ပြီးအသက်ဝင်လာတယ်..ကျုပ်တပ်ရင်းရှေ့ကို ဘယ်လိုပြန် ရောက်နေတုန်း.. ဟိုရှေ့မှာ တင်သောင်းမိန်းမ ခင်ရွှေ…ကျုပ်လှမ်းခေါ်တယ်..ဟား..ကျုပ်ကိုတောင် မသိဟန်ဆောင်သွားသေး… ကျုပ်နောက်ကနေ လိုက်ခေါ်တယ်… အောင်မယ်..အခုမှ ကြားတယ်.. ဒါပေမယ့် နောက်ကိုတစ်ချက်လှည့်ကြည့်ပြီး ခြေလှမ်းသုတ်သုတ်နဲ့ လျှောက်သွားတယ်…သြော်..ကျုပ်က သေပြီးပြီကိုး..

ခြေလှမ်းတွေကို ဆက်ပြီးမလှမ်းချင်တော့ဘူး..ဒါပေမယ့် ကျုပ်ဇနီးနဲ့ သားလေးတွေမျက်နှာကိုမြင်ချင်သေးတယ်. ကျုပ်အိမ်ကို ရောက်အောင်ပြန်လာတယ်..ကျုပ်မိန်းမ မရှိဘူး..အကြီးကောင်က အိပ်ပျော်နေတယ်.. အငယ်ကောင်က ညစ်ပတ်နေတာပဲ.. ကျုပ်သားအကြီးကောင်ကို နှိုးတယ်..

“သားကြီး..ထ..ထ..အဖေပြန်လာပြီ..”..
ဒီကောင်လှုပ်တောင် မလှုပ်ဘူး…အငယ်ကောင်လေးက ကျုပ်ကို ကြည့်တယ်..ပြီးတော့ ရယ်ပြတယ်..
“သားလေး..ဖေဖေ့ကိုမြင်တယ်ဟုတ်လား..ဖေဖေသားတို့ကို အရမ်းချစ်ပါတယ်…”

အပြင်မှာ ရုတ်ရုတ် ရုတ်ရုတ်အသံတွေကြားလိုက်ရတယ်..နောက်တော့ ကျုပ်မိန်းမ အိမ်ပေါ်တက်လာပြီး ကလေးတွေကို ဖက်ငိုတယ်..အကြီးကောင်က ဘုမသိဘမသိ အိပ်ရာကလန့်နိုးပြီး “အမေ..ဘာဖြစ်လို့လဲ..ခုနက သားအဖေ့ကို အိပ်မက်မက်တယ် ” ဆိုပြီးထပြောတော့ ကျုပ်မိန်းမပိုငိုရော..ပြီးတော့.. ကျုပ်သေပြီဆိုပြီး အကြီးကောင်ကို ပြောတယ်..ကျုပ်သားအကြီးကောင်က ဇဝေဇဝါနဲ့..ဟိုကြည့်ဒီကြည့်လုပ်နေတယ်.. နောက်တော့ အိမ်ပေါ်ကို တစ်ခြားစစ်သည်ရဲမေတွေ ရောက်လာကြပြီး ကျုပ်မိန်းမကို နှစ်သိမ့်ကြတယ်..ကျုပ်ဘာလို့ ဘာမှမပြောနိုင်ရတာလဲ.. ကျုပ်လဲမျက်ရည်တွေပဲ ကျနိုင်တော့တယ်… မဖြစ်ဘူး.. ကျုပ်ရှေ့တန်းကိုပြန်အုံးမယ်.. ကျုပ်ရဲဘော်တွေ ဘာဖြစ်နေလဲဆိုတာ ပြန်ကြည့်အုံးမယ်.

“မိန်းမရေ..ငါပြန်လာခဲ့မယ်ဟ..”

ကျုပ်လဲ ရှေ့တန်းကိုရောက်ရော ကျုပ်အလောင်းဘေးမှာ လူတွေက အုံလို့….ကျုပ်ကို တပ်မတော်ရဲ့ထုံးစံအတိုင်း ပြန်တမ်း ထုတ်နေကြတာကိုး....
“…..သင်သွားလိုရာ သွားနိုင်ပြီ…” ..
ကျုပ်ကို ဘာလို့မောင်းထုတ်ရတာလဲ..ကျုပ်ဘေးမှာ ရှိနေသေးတယ်လေဗျာ..ကျုပ်နေချင်သေးတယ်..ကျုပ်ရဲဘော်တွေနဲ့ ဒီတပ်ရင်းမှာ ကျုပ်နေချင်သေးတယ်.. မမောင်းထုတ်ကြပါနဲ့ဗျာ.. ကျုပ်ရင်ကွဲမတတ် အတန်တန်တောင်းပန်နေမိတယ်…ပြီးတော့ ကျုပ်တစ်ယောက်ထဲ ထိုင်ငိုနေမိတယ်.. ကျုပ်ရဲ့ရုပ်အလောင်း ကိုကြည့်ပြီး ကျုပ်အရာရှိကော..ကျုပ်ရဲဘော်တွေပါ မျက်ရည်တွေနဲ့…

"ဆရာကြီးခွဲသွားတာ စောတယ်ဗျာ” တဲ့.. ကျုပ်မခွဲသွားပါဘူး..ကျုပ်အဲဒီအနီးမှာပဲရှိနေတာပါ..

နေချင်သေးပေမယ့် နေခွင့်မရနိုင်တော့လဲ ကျုပ်သွားရတော့မှာပေါ့ဗျာ…နောင်ဘဝဆိုတာများမှာ အခွင့်ရှိခဲ့ ရင်တော့ တပ်မတော်သားတစ်ယောက်ဆိုတဲ့ ဘဝကို ကျုပ်ပြန်ဖြစ်ချင်ပါသေးတယ်… တိုင်းပြည်အတွက်၊ပြည်သူ တွေအတွက် ကိုယ်ကျိုးစွန့်ရတဲ့ တပ်မတော်သားဘဝကို ကျုပ်ပိုင်ဆိုင်ချင်ပါသေးတယ်. .ပြီးတော့ တိုင်းပြည်နဲ့တပ်မတော်အပေါ်မှာ တာဝန်ကျေခဲ့ပေမယ့် မိသားစုအတွက် တာဝန်မကျေနိုင်ခဲ့တဲ့ ဖခင်တစ်ယောက်ဘဝကို ပြန်ပြီးဖြစ်ချင်ပါသေးတယ်ဗျာ..

(၂၀၀၈ ခုနှစ်အစောပိုင်းလောက်ကရေးပြီး Blog တစ်ခုကို ပို့ပေးခဲ့ဖူးတဲ့ ကိုယ်တိုင်ရေး ဝတ္တုတိုလေးပါ။)

ဦးတိမ်

0 comments:

Post a Comment