Thursday, September 6, 2018

ရာသီ တုပ္ေကြး ေရာဂါျဖစ္ပြား ခဲ႕ေသာ လမ္းပန္း ဆက္သြယ္ေရး ခက္ခဲၿပီး ေဝးလံေခါင္း ပါးသည္႕ေက်းရြာမ်ားသုိ့ တပ္မေတာ္ ေဆးကုသေရးအဖြဲ႔ သြားေရာက္၍ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္


ေနျပည္ေတာ္ စက္တင္ဘာ ၅

စစ္ကိုင္းတိုင္းေဒသႀကီး၊ နာဂကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ဒုံယီးၿမိဳ႕နယ္၊ ဝမ္ယုတ္ေက်းရြာရွိ ေဒသခံျပည္သူမ်ား သည္ ၾသဂုတ္ ၁၉ရက္တြင္ တုပ္ေကြးဖ်ားနာျခင္းႏွင့္ အသက္႐ွဴ လမ္းေၾကာင္း ပိုးဝင္ေရာဂါမ်ားျဖစ္ပြားေၾကာင္း သိရွိရသျဖင့္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ အတြင္းရွိ နယ္ေျမခံ တပ္မေတာ္ေဆး႐ံုမွပါရဂူမ်ား ပါဝင္ေသာ ေဆးကုသေရး အဖြဲ႕သည္ ၾသဂုတ္ ၂၉ ရက္တြင္ ေရာဂါျဖစ္ပြားခဲ့သည့္ ဝမ္ယုတ္ ေက်းရြာသုိ႔ ေရာက္ရွိခဲ့ၿပီး ဒုံယီး တိုက္နယ္ေဆး႐ံုမွ ဆရာဝန္မ်ားႏွင့္ ပူးေပါင္း၍ ၾသဂုတ္ ၃ဝ ရက္မွစတင္၍ လုိအပ္သည့္ စစ္ေဆးမႈမ်ား၊ ေဆးဝါးကုသမႈမ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈ မ်ားႏွင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာမႈမ်ား ေဆာင္ရြက္ ေပးလ်က္ရွိသည္။ 

ထုိသို႔ေဆာင္ရြက္ေပးလ်က္ရွိရာ ယေန႔တြင္ နန္းယြန္းၿမိဳ႕နယ္၊ လန္ပန္ေက်းရြာရွိ ေဒသခံျပည္သူ ၂ဝ ဦးကိုလည္း ေကာင္း၊ ဟကြန္ ေက်းရြာရွိ ေဒသခံျပည္သူ ၁၇၇ ဦးကိုလည္းေကာင္း လိုအပ္ေသာ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားႏွင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ဆက္လက္ေဆာင္ ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ရာသီ တုပ်ကွေး ရောဂါဖြစ်ပွား ခဲ့သော လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခေါင်း ပါးသည့်ကျေးရွာများသို့ တပ်မတော် ဆေးကုသရေးအဖွဲ့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၅


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒုံယီးမြို့နယ်၊ ဝမ်ယုတ်ကျေးရွာရှိ ဒေသခံပြည်သူများ သည် သြဂုတ် ၁၉ရက်တွင် တုပ်ကွေးဖျားနာခြင်းနှင့် အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါများဖြစ်ပွားကြောင်း သိရှိရသဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အတွင်းရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှပါရဂူများ ပါဝင်သော ဆေးကုသရေး အဖွဲ့သည် သြဂုတ် ၂၉ ရက်တွင် ရောဂါဖြစ်ပွားခဲ့သည့် ဝမ်ယုတ် ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒုံယီး တိုက်နယ်ဆေးရုံမှ ဆရာဝန်များနှင့် ပူးပေါင်း၍ သြဂုတ် ၃ဝ ရက်မှစတင်၍ လိုအပ်သည့် စစ်ဆေးမှုများ၊ ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု များနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ဆောင်ရွက် ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နန်းယွန်းမြို့နယ်၊ လန်ပန်ကျေးရွာရှိ ဒေသခံပြည်သူ ၂ဝ ဦးကိုလည်း ကောင်း၊ ဟကွန် ကျေးရွာရှိ ဒေသခံပြည်သူ ၁၇၇ ဦးကိုလည်းကောင်း လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆက်လက်ဆောင် ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment