Tuesday, September 4, 2018

ပင္ေလာင္း-ေနျပည္ေတာ္သြားကားလမ္းေပၚ၌ ေျမၿပိဳက်သည့္ေနရာမ်ားအား ရွင္းလင္းဖယ္ရွား


ေနျပည္ေတာ္ စက္တင္ဘာ ၄ 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္အတြင္း စက္တင္ဘာ ၃ ရက္ ညပိုင္း၌ မုိးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ယေန႔နံနက္ပိုင္းတြင္ ပင္ေလာင္း-ေနျပည္ေတာ္ကားလမ္းေပၚရွိ မုိင္တိုင္ ၄၆၊ ၅၂ ႏွင့္ ၅၆ အနီးတုိ႔တြင္ ေျမၿပိဳက်၍ လမ္းပိတ္ဆုိ႔မႈမ်ားျဖစ္ပြားခဲ့သည္။ 

အဆုိပါ လမ္းပိတ္ဆုိ႔မႈမ်ားျဖစ္ပြားခဲ့သည့္ေနရာမ်ား၌ ခရီးသြားျပည္သူမ်ား အဆင္ေျပေခ်ာေမြ႕စြာ ခရီးသြား လာႏုိင္ေရးအတြက္ပင္ေလာင္းတပ္နယ္မွ တပ္မေတာ္သားမ်ား၊ျမန္မာႏုိင္ငံရဲတပ္ဖဲြ႕၀င္မ်ားႏွင့္ မီးသတ္ တပ္ဖဲြ႕ ၀င္မ်ားပူးေပါင္း၍ ေျမသားမ်ားအား ရွင္းလင္းဖယ္ရွားျခင္း၊ ေက်ာက္တံုးေက်ာက္ခဲမ်ား ဖယ္ရွားျခင္းႏွင့္ ေရေျမာင္းမ်ားျပန္လည္တူးေဖာ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့သျဖင့္ယေန႔မြန္းလြဲပိုင္းတြင္ လမ္းပြင့္သြားၿပီး ယခင္အတုိင္း ယာဥ္ႀကီး၊ ယာဥ္ငယ္မ်ား ျပန္လည္သြားလာႏုိင္ၿပီျဖစ္သည္။ 

ထုိသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ ႏွင့္ တာ၀န္ရွိသူ မ်ားက သြားေရာက္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ပင်လောင်း-နေပြည်တော်သွားကားလမ်းပေါ်၌ မြေပြိုကျသည့်နေရာများအား ရှင်းလင်းဖယ်ရှား

နေပြည်တော် စက်တင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်း စက်တင်ဘာ ၃ ရက် ညပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပင်လောင်း-နေပြည်တော်ကားလမ်းပေါ်ရှိ မိုင်တိုင် ၄၆၊ ၅၂ နှင့် ၅၆ အနီးတို့တွင် မြေပြိုကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည်။

အဆိုပါ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည့်နေရာများ၌ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွား လာနိုင်ရေးအတွက်ပင်လောင်းတပ်နယ်မှ တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ ဝင်များပူးပေါင်း၍ မြေသားများအား ရှင်းလင်းဖယ်ရှားခြင်း၊ ကျောက်တုံးကျောက်ခဲများ ဖယ်ရှားခြင်းနှင့် ရေမြောင်းများပြန်လည်တူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သဖြင့်ယနေ့မွန်းလွဲပိုင်းတွင် လမ်းပွင့်သွားပြီး ယခင်အတိုင်း ယာဉ်ကြီး၊ ယာဉ်ငယ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်သည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် နှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

0 comments:

Post a Comment