Tuesday, September 4, 2018

ပလက္ဝၿမိဳ႕နယ္ ရွင္မဒိန္႐ြာရွိ ႐ြာသူ/႐ြာသားမ်ားအား (AA)မွေမာင္းထုတ္

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ရွိ ရွင္မဒိန္႐ြာရွိ ႐ြာသူ/႐ြာသားမ်ားကို (AA)မွေမာင္းထုတ္သျဖင့္ နီးစပ္ရာ႐ြာမ်ားသို႔ ေျပာင္းေ႐ြ႕ ေနရသည္ဟုေဒသခံမ်ားကေျပာသည္။
No automatic alt text available.

ပလက္ဝလူမႈကယ္ဆယ္ေရးအဖြဲ႕ ဝင္အိုက္ထြန္းလင္းက “ရွင္မဒိန္အုပ္စုကေန ကင္းသလင္း႐ြာကို ႐ြာသူ/႐ြာသားအိမ္ေျခကိုးအိမ္ရယ္ လူဦးေရက(၅၁)ေယာက္ ေျပာင္းေ႐ြ႕လာၾကတယ္၊ AAဘက္ကေန ဒီလကုန္ရင္ ဒီ႐ြာ ကေန အကုန္ေျပာင္းခိုင္းထားတယ္လို႔ ေဒသခံ႐ြာသားေတြကေျပာတယ္၊ အားလုံးဒီ႐ြာကေန ေနာက္တစ္႐ြာကို ေျပာင္းေ႐ြ႕ေပး ဆိုတဲ့ပုံဆန္မ်ိဳးနဲ႔ေျပာတယ္လို႔အုပ္ခ်ဳပ္ေရးမႉးကကြၽန္ေတာ့္ကိုေျပာတယ္”ဟုေျပာသည္။
Image may contain: one or more people, plant, outdoor, text and nature
ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင္တပ္မေတာ္ အၾကားတပ္ပြဲမ်ားေၾကာင့္ ျပည္တြင္းျပည္ပ စစ္ေဘးေရွာင္ ဒုကၡသည္ မ်ားစြာ ရွိေနေသးေၾကာင္းလည္း သိရပါတယ္၊ လက္တေလာ စစ္ေဘးေရွာင္ျပည္သူမ်ား အခ်ိဳ႕မွာ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ႏွင့္စားနပ္ရိကၡာမ်ား လိုအပ္ေနေသးေၾကာင္း လည္းသိရပါသည္။
Image may contain: one or more people, people sitting, plant, tree, outdoor and nature
ရွင္မဒိန္အုပ္စု လန္ဒန္ေက်း႐ြာတြင္ (AA)တပ္ဖြဲ႕မ်ားဝင္ေရာက္၍ ႏြားတစ္ေကာင္ကိုလည္း ပစ္သတ္ၿပီး ႐ြာသားမ်ားကိုလည္းေမာင္းထုတ္ခဲ့သျဖင့္ လန္ဒန္ေက်း႐ြာ ႐ြာသူ/႐ြာသားအားလုံးလည္းနီးစပ္ရာ ကင္းသလင္းေက်း႐ြာသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ေၾကာင္း (၁.၉.၂၀၁၈)ရက္ေန႔တြင္ေဒသခံ ႐ြာသားတစ္ေယာက္ဧ။္ ေျပာျပခ်က္ကို ကိုးကားကာ ပလက္ဝသတင္းစာမ်က္ႏွာတြင္ လည္းေဖာ္ျပခဲ့သည္။

Photo Credit:
#Chin World
Salai Khup Khup



ပလက်ဝမြို့နယ် ရှင်မဒိန်ရွာရှိ ရွာသူ/ရွာသားများအား့ရက္ခိုင်တပ်မတော်(AA)မှမောင်းထုတ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ရှင်မဒိန်ရွာရှိ ရွာသူ/ရွာသားများကို ရက္ခိုင်တပ်မတော်(AA)မှမောင်းထုတ်သဖြင့် နီးစပ်ရာရွာများသို့ ပြောင်းရွေ့ နေရသည်ဟုဒေသခံများကပြောသည်။

ပလက်ဝလူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်အိုက်ထွန်းလင်းက “ရှင်မဒိန်အုပ်စုကနေ ကင်းသလင်းရွာကို ရွာသူ/ရွာသားအိမ်ခြေကိုးအိမ်ရယ် လူဦးရေက(၅၁)ယောက် ပြောင်းရွေ့လာကြတယ်၊ AAဘက်ကနေ ဒီလကုန်ရင် ဒီရွာ ကနေ အကုန်ပြောင်းခိုင်းထားတယ်လို့ ဒေသခံရွာသားတွေကပြောတယ်၊ အားလုံးဒီရွာကနေ နောက်တစ်ရွာကို ပြောင်းရွေ့ပေး ဆိုတဲ့ပုံဆန်မျိုးနဲ့ပြောတယ်လို့အုပ်ချုပ်ရေးမှူးကကျွန်တော့်ကိုပြောတယ်”ဟုပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော် အကြားတပ်ပွဲများကြောင့် ပြည်တွင်းပြည်ပ စစ်ဘေးရှောင် ဒုက္ခသည် များစွာ ရှိနေသေးကြောင်းလည်း သိရပါတယ်၊ လက်တလော စစ်ဘေးရှောင်ပြည်သူများ အချို့မှာ ကျန်းမာရေး စောင့်ရှောက်မှုများ နှင့်စားနပ်ရိက္ခာများ လိုအပ်နေသေးကြောင်း လည်းသိရပါသည်။

ရှင်မဒိန်အုပ်စု လန်ဒန်ကျေးရွာတွင် ရက္ခိုင်တပ်မတော်(AA)တပ်ဖွဲ့များဝင်ရောက်၍ နွားတစ်ကောင်ကိုလည်း ပစ်သတ်ပြီး ရွာသားများကိုလည်းမောင်းထုတ်ခဲ့သဖြင့် လန်ဒန်ကျေးရွာ ရွာသူ/ရွာသားအားလုံးလည်းနီးစပ်ရာ ကင်းသလင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း (၁.၉.၂၀၁၈)ရက်နေ့တွင်ဒေသခံ ရွာသားတစ်ယောက်ဧ။် ပြောပြချက်ကို ကိုးကားကာ ပလက်ဝသတင်းစာမျက်နှာတွင် လည်းဖော်ပြခဲ့သည်။

0 comments:

Post a Comment