
ေနျပည္ေတာ္ စက္တင္ဘာ ၄
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လား႐ိႈးၿမိဳ႕နယ္အတြင္း စက္တင္ဘာ ၃ ရက္ နံနက္ ၁၀နာရီခြဲခန္႔တြင္ မုိးသည္း ထန္စြာရြာသြန္းမႈ ေၾကာင့္ နမ့္ေယာ္ေခ်ာင္းမွ ေရမ်ားလွ်ံတက္လာခဲ့ၿပီး လား႐ိႈး-နမၼတူသြားကားလမ္းေပၚရွိ အီႏိုင္းေက်းရြာႏွင့္ တာက်ဳိင္းေက်းရြာရွိ ကားလမ္းမအနိမ့္ပိုင္းေနရာတြင္ ေရျပင္ အက်ယ္ ေပ ၁၅၀၊ အနက္ ၃ ေပ ၆ လက္မခန္႔ျမင့္တက္၍ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့သည္။
ထိုသို႔ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ အီႏိုင္းေက်းရြာတြင္ အိမ္ေျခ ၂၁၉ လံုးရွိသည့္အနက္အိမ္ေျခ ၂၈ လံုး ေရနစ္ျမဳပ္မႈျဖစ္ပြားခဲ့ၿပီး အိမ္ေထာင္စု ၂၈ စု၊ လူဦးေရ ၁၂၄ ဦးအားအီႏိုင္းဘုန္းေတာ္ႀကီးေက်ာင္းသို႔ ေျပာင္းေရႊ႕ ေနရာခ်ထားေပးလ်က္ရွိၿပီး တာက်ဳိင္းေက်းရြာတြင္ ေနအိမ္ ၇၉ လံုးရွိသည့္အနက္ အိမ္ ေျခ ၁၅ လံုးမွာ ၿခံ၀င္း အတြင္းသို႔ ေရအနက္၁ ေပခန္႔၀င္ေရာက္လ်က္ရွိသည္။
အဆိုပါ ေရႀကီးေရလွ်ံမႈျဖစ္ပြားသည့္ အီႏိုင္းေက်းရြာသုိ႔ လား႐ိႈးတပ္နယ္မွ နယ္ ေျမခံတပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏုိင္ငံ မီးသတ္တပ္ဖြဲ႕၀င္မ်ားက အသက္ကယ္ဖိုက္ဘာေလွမ်ား၊ မီးသတ္ယာဥ္မ်ားျဖင့္ ေရေဘးသင့္ ျပည္သူမ်ား ေဘးအႏၲရာယ္ကင္းေအာင္သြားလာႏိုင္ေရးႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ ေၾကာင္း သတင္းရရွိသည္။

(Unicode Version)
ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် အီနိုင်းကျေးရွာနှင့် တာကျိုင်းကျေးရွာတို့၌ နယ်မြေခံတပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း စက်တင်ဘာ ၃ ရက် နံနက် ၁၀နာရီခွဲခန့်တွင် မိုးသည်း ထန်စွာရွာသွန်းမှု ကြောင့် နမ့်ယော်ချောင်းမှ ရေများလျှံတက်လာခဲ့ပြီး လားရှိုး-နမ္မတူသွားကားလမ်းပေါ်ရှိ အီနိုင်းကျေးရွာနှင့် တာကျိုင်းကျေးရွာရှိ ကားလမ်းမအနိမ့်ပိုင်းနေရာတွင် ရေပြင် အကျယ် ပေ ၁၅၀၊ အနက် ၃ ပေ ၆ လက်မခန့်မြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။
ထိုသို့ ရေကြီးရေလျှံမှုများကြောင့် အီနိုင်းကျေးရွာတွင် အိမ်ခြေ ၂၁၉ လုံးရှိသည့်အနက်အိမ်ခြေ ၂၈ လုံး ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ၁၂၄ ဦးအားအီနိုင်းဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ နေရာချထားပေးလျက်ရှိပြီး တာကျိုင်းကျေးရွာတွင် နေအိမ် ၇၉ လုံးရှိသည့်အနက် အိမ် ခြေ ၁၅ လုံးမှာ ခြံဝင်း အတွင်းသို့ ရေအနက်၁ ပေခန့်ဝင်ရောက်လျက်ရှိသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပွားသည့် အီနိုင်းကျေးရွာသို့ လားရှိုးတပ်နယ်မှ နယ် မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်ဖိုက်ဘာလှေများ၊ မီးသတ်ယာဉ်များဖြင့် ရေဘေးသင့် ပြည်သူများ ဘေးအန္တရာယ်ကင်းအောင်သွားလာနိုင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment