Tuesday, September 4, 2018

တပ္နဲ႔ သံဃာ ညီၫြတ္ရမည္ဟု သီတဂူဆရာေတာ္ မိန္႔ၾကား

တပ္နဲ႔ သံဃာ ညီၫြတ္ရမည္ဟု သီတဂူဆရာေတာ္ မိန္႔ၾကား

တပ္မေတာ္ႏွင့္ သံဃာ၊ မင္းႏွင့္ ျပည္သူသည္ ညီညြတ္ရမည္ျဖစ္သည္ဟု သီတဂူဆရာေတာ္ အရွင္ ဉာဏိႆရက ေဟာၾကားသည့္ တရားတပုဒ္တြင္ ထည့္သြင္း ေဟာေျပာခဲ့သည္။

သီတဂူဆရာေတာ္သည္ အဆုိပါတရားေတာ္ကုိ ကရင္ျပည္နယ္၊ သံေတာင္ၿမိဳ႕၊ ဘုရင့္ေနာင္တပ္ၿမိဳ႕ရွိ တပ္မေတာ္ (ၾကည္း) တိုက္ခိုက္ေရးေက်ာင္း၌ ျပဳလုပ္သည့္တရားပြဲတြင္ ထုိကဲ့သုိ႔ ထည့္သြင္းေဟာေျပာခဲ့ျခင္း ျဖစ္သည္။

“မင္းနဲ႔ျပည္သူ ညီညြတ္ရမယ္၊ တပ္နဲ႔သံဃာေတြညီညြတ္ရမယ္။ ေလးဦးေလးဖလယ္ ညီၫြတ္ဖုိ႔၊ ကုလားထုိင္ရဲ႕ ေလးေခ်ာင္းလုိ” ဟူ၍ ဆရာေတာ္က ထည့္သြင္းေျပာၾကားခဲ့သည္။

ထုိ႔ျပင္ သီဟုိဠ္ကြၽန္း (လက္ရွိ သီရိလကၤာႏုိင္ငံ) မွ ဒ႑ာရီ အျဖစ္အပ်က္တခုကုိ ရည္ၫႊန္း ေဟာေျပာခဲ့ျခင္းလည္း ျဖစ္သည္။ အဆုိပါအျဖစ္အပ်က္အရ စစ္ပြဲအတြင္း လူသန္းေပါင္းမ်ားစြာကုိ သတ္ျဖတ္ခဲ့ၿပီး စိတ္ပူပန္ေသာကေရာက္ေနသည့္ ဒုဌာဂါမဏိမင္းအေၾကာင္းေဟာေျပာရာတြင္ “ရဟႏၲာႀကီးေတြက မင္းႀကီးကုိ အၿမဲတမ္း ၾကည့္႐ႈေစာင့္ေရွာက္ေနရမယ္ဆုိတာ နားလည္ရမယ္” ဟုလည္း ဆရာေတာ္က ဆုိသည္။

ယင္းကဲ့သုိ႔ လူသန္းေပါင္းမ်ားစြာကုိ သတ္ျဖတ္ခဲ့သည့္ ဘုရင္ စိတ္ပူပန္ေသာကေရာက္ေနသည္ကုိ ရဟႏၲာမ်ားက “မင္းႀကီး ဘာမွ မပူနဲ႔၊ အကုသုိလ္ နည္းနည္းေလးပဲ ျဖစ္တယ္” ေဟာေျပာခဲ့သည့္ဟု ဆုိသည္။

ထုိ႔ျပင္ “မင္းသတ္လုိက္တာ သန္းေပါင္းမ်ားစြာျဖစ္ေပမယ့္၊ တကယ့္လူစင္စစ္က တေယာက္နဲ႔ တပုိင္းပဲ ပါတယ္။ လူပီသတဲ့လူေပါ့။ က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ေက်းကုလား၊ တမီလ္ေတြထဲမွာ ငါးပါးသီလ ေဆာက္တည္တဲ့သူက တေယာက္၊ ငါးပါးသီလနဲ႔ သရဏဂုံ တြဲေဆာက္တည္တဲ့သူက တေယာက္ပါဝင္သည္” ဟု ဆုိသည္။

ထုိ႔ျပင္ “မင္းႀကီးမပူနဲ႔” သီတဂူဆရာေတာ္က မိန္႔ၾကားၿပီး အဆုိပါအျဖစ္အပ်က္ ေဟာေျပာမႈအဆုံးသတ္တြင္ “ဘုန္းႀကီးတုိ႔ မေျပာဘူး။ သီဟုိဠ္က ရဟႏၲာေတြ ေျပာတာ” သီတဂူဆရာေတာ္က ထည့္သြင္း ေဟာေျပာခဲ့သည္။

Frontier Myanmar

#tdm


Image may contain: 1 person, text

တပ်နဲ့ သံဃာ ညီညွတ်ရမည်ဟု သီတဂူဆရာတော် မိန့်ကြား

တပ်မတော်နှင့် သံဃာ၊ မင်းနှင့် ပြည်သူသည် ညီညွတ်ရမည်ဖြစ်သည်ဟု သီတဂူဆရာတော် အရှင် ဉာဏိဿရက ဟောကြားသည့် တရားတပုဒ်တွင် ထည့်သွင်း ဟောပြောခဲ့သည်။

သီတဂူဆရာတော်သည် အဆိုပါတရားတော်ကို ကရင်ပြည်နယ်၊ သံတောင်မြို့၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း၌ ပြုလုပ်သည့်တရားပွဲတွင် ထိုကဲ့သို့ ထည့်သွင်းဟောပြောခဲ့ခြင်း ဖြစ်သည်။

“မင်းနဲ့ပြည်သူ ညီညွတ်ရမယ်၊ တပ်နဲ့သံဃာတွေညီညွတ်ရမယ်။ လေးဦးလေးဖလယ် ညီညွတ်ဖို့၊ ကုလားထိုင်ရဲ့ လေးချောင်းလို” ဟူ၍ ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် သီဟိုဠ်ကျွန်း (လက်ရှိ သီရိလင်္ကာနိုင်ငံ) မှ ဒဏ္ဍာရီ အဖြစ်အပျက်တခုကို ရည်ညွှန်း ဟောပြောခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါအဖြစ်အပျက်အရ စစ်ပွဲအတွင်း လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး စိတ်ပူပန်သောကရောက်နေသည့် ဒုဌာဂါမဏိမင်းအကြောင်းဟောပြောရာတွင် “ရဟန္တာကြီးတွေက မင်းကြီးကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်နေရမယ်ဆိုတာ နားလည်ရမယ်” ဟုလည်း ဆရာတော်က ဆိုသည်။

ယင်းကဲ့သို့ လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ဘုရင် စိတ်ပူပန်သောကရောက်နေသည်ကို ရဟန္တာများက “မင်းကြီး ဘာမှ မပူနဲ့၊ အကုသိုလ် နည်းနည်းလေးပဲ ဖြစ်တယ်” ဟောပြောခဲ့သည့်ဟု ဆိုသည်။

ထို့ပြင် “မင်းသတ်လိုက်တာ သန်းပေါင်းများစွာဖြစ်ပေမယ့်၊ တကယ့်လူစင်စစ်က တယောက်နဲ့ တပိုင်းပဲ ပါတယ်။ လူပီသတဲ့လူပေါ့။ ကျူးကျော်ဝင်ရောက်လာတဲ့ ကျေးကုလား၊ တမီလ်တွေထဲမှာ ငါးပါးသီလ ဆောက်တည်တဲ့သူက တယောက်၊ ငါးပါးသီလနဲ့ သရဏဂုံ တွဲဆောက်တည်တဲ့သူက တယောက်ပါဝင်သည်” ဟု ဆိုသည်။

ထို့ပြင် “မင်းကြီးမပူနဲ့” သီတဂူဆရာတော်က မိန့်ကြားပြီး အဆိုပါအဖြစ်အပျက် ဟောပြောမှုအဆုံးသတ်တွင် “ဘုန်းကြီးတို့ မပြောဘူး။ သီဟိုဠ်က ရဟန္တာတွေ ပြောတာ” သီတဂူဆရာတော်က ထည့်သွင်း ဟောပြောခဲ့သည်။

0 comments:

Post a Comment