ေနျပည္ေတာ္ စက္တင္ဘာ ၄
ကယားျပည္နယ္အတြင္းရွိ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္ ပါရဂူမ်ား၊ ေဆးမွဴးမ်ားႏွင့္ သူနာျပဳမ်ားပါ၀င္ေသာ တပ္မေတာ္နယ္လွည့္အထူးကု ေဆးကုသေရးအဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္မွစတင္ထြက္ခြာသည္။ 
အဆုိပါတပ္မေတာ္နယ္လွည့္အထူးကုေဆးကုသေရးအဖြဲ႕ႏွင့္အတူ ေရြ႕လ်ားခြဲစိတ္ကုသယာဥ္၊ ေရြ႕လ်ား ဓာတ္မွန္႐ိုက္ယာဥ္၊ ေရြ႕လ်ားဓာတ္ခြဲခန္းယာဥ္ႏွင့္ သြားေရာဂါခြဲစိတ္ကုသယာဥ္တို႔ပါ၀င္ၿပီး ကယားျပည္ နယ္အတြင္းရွိ ဖ႐ူဆုိ၊ ရွားေတာ၊ ဆီဘူးႏွင့္ ေဒါတမႀကီးၿမိဳ႕နယ္မ်ားအတြင္းရွိေက်းရြာမ်ားမွ ေဒသခံျပည္သူ မ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။ 
ထုိသို႔ေဆာင္ရြက္ေပးရာတြင္ အေထြေထြေရာဂါ၊ ခြဲစိတ္ေရာဂါ၊ အ႐ိုးေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ သားဖြား/မီးယပ္ဆုိင္ရာေရာဂါႏွင့္ ကေလးေရာဂါမ်ားအား စစ္ေဆး ကုသေပးျခင္း၊ က်န္းမာေရးပညာေပးလုပ္ငန္းမ်ားေဆာင္ရြက္ျခင္း၊ ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္ ရြက္ျခင္း၊ ေဒသဆုိင္ရာက်န္းမာေရးအခ်က္အလက္မ်ား ေကာက္ယူျခင္းႏွင့္ ေဆး႐ံုတက္ေရာက္ ကုသရန္ လုိအပ္ေသာလူနာမ်ားကို သက္ဆုိင္ရာေဆး႐ံုမ်ားသို႔လႊဲေျပာင္းကုသေပးျခင္းမ်ားေဆာင္ရြက္သြား မည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
ကယားပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နယ်လှည့်အထူးကုဆေးကုသရေးအဖွဲ့ထွက်ခွာ
နေပြည်တော် စက်တင်ဘာ ၄
ကယားပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှစတင်ထွက်ခွာသည်။
အဆိုပါတပ်မတော်နယ်လှည့်အထူးကုဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် သွားရောဂါခွဲစိတ်ကုသယာဉ်တို့ပါဝင်ပြီး ကယားပြည် နယ်အတွင်းရှိ ဖရူဆို၊ ရှားတော၊ ဆီဘူးနှင့် ဒေါတမကြီးမြို့နယ်များအတွင်းရှိကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အထွေထွေရောဂါ၊ ခွဲစိတ်ရောဂါ၊ အရိုးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ်ဆိုင်ရာရောဂါနှင့် ကလေးရောဂါများအား စစ်ဆေး ကုသပေးခြင်း၊ ကျန်းမာရေးပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ ဒေသဆိုင်ရာကျန်းမာရေးအချက်အလက်များ ကောက်ယူခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာများကို သက်ဆိုင်ရာဆေးရုံများသို့လွှဲပြောင်းကုသပေးခြင်းများဆောင်ရွက်သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment