
ေနျပည္ေတာ္ စက္တင္ဘာ ၆
ကယားျပည္နယ္ အတြင္းရွိ ေဒသခံ တုိင္းရင္းသားျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ ရြက္ေပးရန္ ေရာက္ရွိေနသည့္ တပ္မေတာ္နယ္လွည့္ အထူးကု ေဆးအဖြဲ႕သည္ ယေန႔တြင္ ဖ႐ူဆုိ ၿမိဳ႕၊ ရွားေတာၿမိဳ႕၊ ဖယ္ခံုၿမိဳ႕နယ္၊ အလယ္ကရမ္း ေက်းရြာအုပ္စု၊ ဆီဘူးေက်းရြာ၊ ဒီးေမာ့ဆုိၿမိဳ႕နယ္၊ ေဒါတမႀကီး ေက်းရြာႏွင့္ ပတ္ဝန္း က်င္ေက်းရြာမ်ားမွ ေဒသခံတုိင္းရင္းသား ျပည္သူ စုစုေပါင္း ၁၃၉၇ဦး တုိ႔ကို အဆုိပါ ၿမိဳ႕မ်ားႏွင့္ ေက်းရြာမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ ေပးသည္။ 
ထုိသို႔ေဆာင္ရြက္ေပးရာတြင္ နယ္လွည့္ အထူးကု ေဆးအဖြဲ႕မ်ားက ေဆးကုသမႈဆုိင္ရာ ေရာဂါ ၅၅၈ ဦး၊ ခြဲစိတ္ ကုသမႈဆုိင္ရာ ေရာဂါ ၁၃၅ ဦး၊ ကေလးေရာဂါ ၂၂၆ ဦး၊ သားဖြား/ မီးယပ္ေရာဂါ ၈၆ ဦး၊ အ႐ိုး ေရာဂါ ၇၇ ဦး၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္း ေရာဂါ ၄၆ ဦး၊ မ်က္စိေရာဂါ ၁၄၆ ဦး၊ သြားႏွင့္ခံတြင္းေရာဂါ ၉၃ ဦးႏွင့္ အေထြေထြ ေရာဂါ ၃ဝ ဦးတို႔ကို လိုအပ္သည့္ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး မ်က္စိခြဲစိတ္လူနာ သံုးဦးႏွင့္ အေထြေထြ ခြဲစိတ္ လူနာ သံုးဦးတို႔ကို ေရြ႕လ်ားခြဲစိတ္ကုသယာဥ္ေပၚ၌ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ 
ထို႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၁၂ ဦး၊ တယ္လီေဗးရွင္းဓာတ္မွန္႐ိုက္လူနာ ၄ဝ ဦး၊ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ လူနာ သံုးဦးႏွင့္ ဓာတ္ခြဲစမ္းသပ္လူနာ ၂၃ ဦးတို႔ကို ေရာဂါရွာေဖြစမ္းသပ္ျခင္းမ်ား ေဆာင္ရြက္ေပးႏုိင္ခဲ့ၿပီး ေဆး႐ံု လႊဲေျပာင္း ကုသရန္ လိုအပ္သည့္ လူနာရွစ္ဦးကို လြိဳင္ေကာ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ ေဆာင္ရြက္ေပးသည္။ 
ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကို ကာကြယ္ ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ အေရွ႕ ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖဲြ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးၿပီး လူနာမ်ားအား စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
ကယားပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၆
ကယားပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဖရူဆို မြို့၊ ရှားတောမြို့၊ ဖယ်ခုံမြို့နယ်၊ အလယ်ကရမ်း ကျေးရွာအုပ်စု၊ ဆီဘူးကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီး ကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူ စုစုပေါင်း ၁၃၉၇ဦး တို့ကို အဆိုပါ မြို့များနှင့် ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့် အထူးကု ဆေးအဖွဲ့များက ဆေးကုသမှုဆိုင်ရာ ရောဂါ ၅၅၈ ဦး၊ ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ ၁၃၅ ဦး၊ ကလေးရောဂါ ၂၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၈၆ ဦး၊ အရိုး ရောဂါ ၇၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ ၄၆ ဦး၊ မျက်စိရောဂါ ၁၄၆ ဦး၊ သွားနှင့်ခံတွင်းရောဂါ ၉၃ ဦးနှင့် အထွေထွေ ရောဂါ ၃ဝ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ သုံးဦးနှင့် အထွေထွေ ခွဲစိတ် လူနာ သုံးဦးတို့ကို ရွေ့လျားခွဲစိတ်ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၂ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၄ဝ ဦး၊ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ သုံးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံ လွှဲပြောင်း ကုသရန် လိုအပ်သည့် လူနာရှစ်ဦးကို လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးမှုများကို ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လူနာများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment